Leave a comment

ဒေါက်တာဆိတ်ဖွား၏အွန်လိုင်းဆောင်းပါးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင်အရေးကြီး အဆိုတင်သွင်းခြင်းကိုဝေဖန်မှုများရှိနေ …

ဒေါက်တာဆိတ်ဖွား၏ အွန်လိုင်းဆောင်းပါးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခြင်း ကိုဝေဖန် မှုများ ရှိနေ
ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်းသွင်ခဲ့သည့် ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဝက်ဆိုက်ဒ်ကိစ္စနှင့် ပတ်သက်၍ ပြည်သူ အချို့ကလွှတ်တော်ကို ပြစ်တင်ဝေဖန်မှုများရှိနေကြကြောင်းသိ ရသည်။
ဘလောဂါ တစ်ဦးဖြစ်သည့် ဒေါက်တာဆိတ်ဖွားမှ ၎င်း၏ ဝက် ဆိုက်ဒ်၌ ဥပဒေအထက်တွင် လွှတ် တော်ရှိနေသလား။ ခေါင်းစဉ်ဖြင့် လွှတ်တော် ကိုဝေဖန်ရေးသားခဲ့ခြင်းကြောင့် လက်ရှိကျင်းပနေ သော ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ စိုးရင်ကဒေါက်တာဆိတ်ဖွားကိုစုံစမ်းဖော်ထုတ်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
အမှတ်ပြည့်ရနေတဲ့ အစိုးရကလက်ပံတောင်းတောင် အရေးမှာအမှတ်တစ်ဝက်လောက် လျော့သွားတယ်။ ဒီလိုပဲ ပြည်သူတွေ ယုံကြည် မှုရလာတဲ့ လွှတ်တော်ကအခုလုပ် ရပ်ကြောင့် အမှတ်တွေ လျော့သွား တယ်။ ဘယ်လိုမှ နားလည်လို့ မရဘူး။ လွှတ်တော်က ပြည်ထောင်စုလွှတ်တော်တင် တာအရေးကြီး အဆိုဘာကို ပြသလဲဆိုရင် ခေတ်နောက် ကျကျန်ခဲ့တာကိုပြတာပဲ”ဟုဆဲဗင်းဒေးသတင်းဂျာနယ် သတင်း ထောက် ချုပ် ကိုအောင်သူကပြောသည်။
အဆိုပါ အဆိုကိုလွှတ်တော် သို့ တင်သွင်း၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒပေးပိုင်ခွင့်ရှိသူ ၅၈၈ ဦးရှိသည့် အနက် ထောက်ခံသူ ၃၄၇ ဦး၊ ကန့် ကွက်သူ ၁၅၇ ဦးနှင့် ကြားနေသူ ၄၂ ဦးရှိပြီးထောက်ခံအတည်ပြု ခဲ့ ကြောင်း သိရသည်။
”ဘလော့ဆိုတာအင်တာနက် ပေါ်မှာအခမဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် ရှိသောနေရာ ဖြစ် ပါတယ်။ အသက် ၁၈ နှစ် အောက် မကြည့်ရဆိုတာ မျိုးတောင် သူ့စည်းကမ်းကိုလိုက်နာရင် ရေးတင်လို့ ရတဲ့ နေရာမျိုးပါ။ ဒီလိုလွတ်လပ် စွာရေးခွင့် ပြောခွင့်ရှိတဲ့နေရာ မျိုးမှာ မြန်မာဘလော့ဂါ တစ်ယောက်ကရေးသားတဲ့ ဝေဖန်ချက်မျိုးကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုကိုယ် စားပြုပါတယ်ဆိုတဲ့ လွှတ်တော်ကြီး က အချိန်ကုန်ခံ အဆိုတင်၊ မဲခွဲတာတော့ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါ ဘူး။ တကယ်လို့ ရေးသူကိုသိလို့ မကျေနပ်ရင်တောင် အခြားနည်းနဲ့ ဖြေရှင်းသင့်တယ်။ လွှတ်တော် အနေ နဲ့ အခြား အရေးကြီးကိစ္စတွေ လုပ် စရာတွေ အများကြီးပါ” ဟုသတင်းဌာနတစ်ခု၏ အွန်လိုင်းဂလော့ဂါတစ် ဦးဖြစ်သူကိုသင်ကာကပြောသည်။
အချို့သော ပြည်သူများကလည်းလွှတ်တော်တွင် ယခင်အစိုးရလက်ထက်မှ အစိုးရအဖွဲ့ဝင်ဟောင်းများပါရှိနေသောကြောင့် မည်သူရေးသညိကု သိနိုင် သူများရှိနိုင် ကြောင်းသုံးသပ်မှုများလည်းရှိနေသည်။ လူမှု ကွန် ရက်တစ်ခုဖြစ်သည့် ဖေ့ဘုတ်စ် အင်တာနက် စာမျက်နှာ များတွင်လည်း ယခုကဲ့သို့လွှတ်တော် ၏ ဆောင်ရွက်ချက်နှင့် ပတ်သက်၍ ကန့်ကွက်ပြောဆိုမှုများရှိနေသည်။
လွှတ်တော် အနေဖြင့်လည်းယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုများဆက်လက်ပြုလုပ်နေမည်ကိုစိုးရိမ် သောကြောင့် ကြိုတင်၍ တားမြစ် ခြင်း လည်း ဖြစ်နိုင်ကြောင်းဘီဘီစီ မြန်မာပိုင်းလန်ဒန်မှ ကိုမျိုး သာ ထက် က ပြောကြားသည်။
”မဖြစ်စလောက်ကိစ္စလေးကိုဘာလို့ အခုလိုအကျယ်ချဲ့ရတာလို့ လည်းအဖြေထုတ်မိတယ်။ ရေရေရာရာတော့ မထိမိနိုင်ဘူး။ လွှတ် တော်အမတ် တစ်ယောက်ကခုလိုအဆိုတင်သွင်းလာရတယ်ဆိုတော့ ဘယ်လောက်ထိ ရှရှ ထိထိတိုင်း ပြည်အကျိုး ယုတ်စေမယ့် နောက် ကြောင်းတွေ ကိုသိထားသလဲလို့ လည်းတွေးရပြန်ပါတယ်။ မပိုင်ပဲပြောနေတော့ မဟုတ်လောက်ဘူး။ နိုင်ငံတကာမှာတော့ အခုလိုကိစ္စလေး သေးသေးလေးတွေလို သတ်မှတ်ရတာတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက် ချက်တွေ ရှိနေတက်တာမို့ အပြတ်တော့ မပြောချင်ဘူး။ ဘယ်သူဘယ်ဝါကဘာကြောင့် ဒီလိုဝေဖန်ရသလဲဆိုတာကိုလွှတ်တော်က ဆက် လက်ထုတ် ဖော်နိုင်ရင်တော့ ကောင်းပါလိမ့်မယ်။ မဟုတ်ရင်တော့ အချိန်တွေ ဖြုန်းငွေတွေဖြုန်းတဲ့ အလုပ်မဟုတ်တာကိုအလုပ်လုပ်တာလို့ပဲမှတ်ယူရပါ လိမ့်မယ်”ဟုကိုမျိုးသာထက် ကထပ်မံ ပြောကြားသည်။
About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 229 other followers

%d bloggers like this: