Leave a comment

Photo News: မီးလောင်ကျွမ်းမှုမှာသွေးရိုးသားရိုး ဖြစ်စဉ်မဟုတ်၊အစိုးရမှဖော်ထုတ်ပေးရန် PCN အဖွဲ့မှ(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းကြည်မှ မီဒီယာများသို့ ပြော .. ..

ယခု မီးလောင်ကျွမ်းမှုမှာ သွေးရိုးသားရိုးဖြစ်စဉ်မဟုတ်ခြင်းကြောင့် အစိုးရမှ ဖော်ထုတ်ပေးရန် PCN အဖွဲ့မှ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်မှ မီဒီယာများသို့ ပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ရေကျော်ရပ်၊ (၄၈)လမ်း(အလယ်)၊ အမှတ်(မ/၁၈၃)ရှိ ဆွာဒီကီယာ ဟာဖီးဇ်ကျောင်းအား ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၂)နာရီကျော် ၀န်းကျင်အချိန်ခန့်မှာ မီးလောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မီးလောင်မှုဖြစ်စဉ်အား သွေးရိုးသားရိုး ဖြစ်စဉ်မဟုတ်ကြောင်း မျက်မြင်သက်သေများမှ အလင်းမျက်ဝန်းသို့ ပြောကြားပါတယ်။
သေဆုံးသူများမှာ အသက် (၁၀)နှစ်ဝန်းကျင်အရွယ် ကလေးငယ်များ ဖြစ်ကြောင်း သိရပါတယ်။
အခင်းဖြစ်ရာဒေသသို့ မီးသတ်ကားများနှင့် ရဲကားများ ရောက်ရှိလာသော်လည်း တိတ်တဆိတ်ပင် ကြိတ်၍ ဖြေရှင်းခဲ့တယ်လို့ ၄၈ လမ်းသို့ ရောက်ရှိနေသည့် အလင်းမျက်ဝန်း cj တစ်ဦးမှ သတင်းပေးပို့ပါတယ်။
မီးအားမြှင့်စက်အား ကျောင်းအောက်ထပ်တွင် ထားရှိထားပြီး လောင်ကျွမ်းခံရသည်မှာ ကျောင်းအပေါ်ထပ်ဖြစ်ခြင်း၊ ဗို့အားများ၍ လောင်ကျွမ်းခြင်းဟု ရဲတပ်ဖွဲ့အပါအ၀င် မီဒီယာအချို့မှ ဖော်ပြခြင်းဖြစ်သော်လည်း ညပိုင်းတွင် ကျောင်းအနေဖြင့် မီးအားသုံးစွဲစရာ မရှိခြင်းနှင့် ကျောင်းတွင်း၌ လျှပ်စစ်ဝါယာကြိုးများအား စနစ်ကျစွာ သွယ်တန်းအသုံးပြုထားခြင်းကြောင့် သွေးရိုးသားရိုးမဟုတ်ကြောင်း သတင်းရရှိပါသည်။
မီးအားမြှင့်စက်မှာ ပြူတင်းပေါက်အနီးတွင် ရှိနေပြီး မီးလောင်သည်ဟု အသံကြား၍ ပြေးဆင်းလာသော ကလေးငယ်များမှာ ဆီများဖြင့် လျှော်လဲခဲ့ကြကြောင်း၊ ကြမ်းပြင်တွင် ဆီများ ဝှေ့နေသည်မှာ ထူးခြားမှုဖြစ်နေကြောင်း သတင်းရရှိပါတယ်။
ယခု အခင်းဖြစ်ရာ ရေကျော်ရပ်ကွက်တွင် ဗုဒ္ဓဘာသာအများစု နေထိုင်ပြီး ဟိုးယခင်ကတည်းက ဆွာဒီကီယာကျောင်းအား ပြဿနာ ပြုလုပ်လေ့ရှိကြောင်း၊ ကျောင်းသားများအား ရပ်ကွက်တွင်းမှ ဗုဒ္ဓဘာသာ လူငယ်များက အမြဲလိုလို ရန်မူလေ့ရှိကြောင်း၊ ကျောင်းအပေါ် အမြဲရန်ဆောင်နေတတ်ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကလည်း မန္တလေးမဟာမုနိ ရုပ်ပွားတော်အား ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် အရာရှိတချို့မှ ဌာပနာ ဖောက်ထွင်းမှုအား အာရုံပြောင်းရန်အတွက် မြန်မာတစ်နိုင်ငံလုံး ဘာသာရေး အကြမ်းဖက်မှုများ ဖန်တီးခဲ့စဉ်ကာလကလည်း အဆိုပါ ၄၈ လမ်းကျောင်းတွင် ရေကျော်ရပ်ကွက်သားများမှ ကျောင်းအား ၀ိုင်းထားခဲ့ခြင်းများ ရှိခဲ့ဖူးကြောင်း၊ ကျောင်းသားများ မအိပ်စက်ခင် ည (၉)နာရီကျော်အချိန်ခန့်မှာ ကျောင်းအား မီးတင်ရှို့မည်ဟု ပြောဆို၍ ရပ်ကွက်အတွင်းရှိ အစွန်းရောက် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမား လူငယ်များမှ ၀ိုင်းခံရဖူးခြင်းများ ရှိခဲ့ကြောင်း သိရပါတယ်။
မီးသတ်မှ မီးငြိမ်းသတ်စဉ် (ရေဖြန်းလောင်းစဉ်) မီးတောက်များ ပိုမို တောက်လောင်လာခြင်းမှာ ထူးခြားမှုဖြစ်ကြောင်း၊ အဆိပ်ငွေ့များ ပါဝင်နေကြောင်း၊ ပိရိစွာ လုပ်ကြံခံရခြင်းဖြစ်ကြောင်းများအား နေရာသို့ရောက်ရှိနေသည့် cj တစ်ဦးမှ ပြောပြခြင်း ဖြစ်ပါတယ်။
မီးတောက်များမှာ ပိုမို ကြီးထွားလာခြင်းကြောင့် ၀ိုင်းကြည့်နေသူများမှ အတင်း ရေပက်ဖျန်းခိုင်းရကြောင်း သိရပါတယ်။
ဤဖြစ်စဉ်မှာ စနစ်ကျစွာ၊ ပိရိစွာဖြင့် လုပ်ဆောင်ခဲ့ကြောင်း လေ့လာသူများက သုံးသပ်ပါတယ်။
ဤ ဖြစ်စဉ်အား Eleven Media မှ စတင်၍ မီးလောင်မှုအား လျှပ်စစ်ဝါယာရှော့ခ်ဖြစ်သည်ဟု ရေးသားတင်ပြခဲ့ကြသော်လည်း မှားယွင်းနေကြောင်း သုံးသပ်ကြပါတယ်။
မီးလောင်ခံရမှုကြောင့် ကလေးငယ်များအား နေရာပြောင်းရွှေ့ပေးထားကြောင်း သိရပါတယ်။
မီးလောင်ကျွမ်းခံရမှုကြောင့် သေဆုံးခဲ့သူ ကလေးငယ်များမှာ အထက် (၈)ပေခန့်သာမြင့်သော အထပ်ခိုးတစ်ခုဖြစ်ပြီး ပြင်ပမှ လှမ်း၍ မှီနိုင်ကြောင်း သိရပါတယ်။ ကျောင်းတွင်း၌ မီးစွဲလောင်စရာ လောင်စာလည်း မရှိကြောင်း သိရပါတယ်။
ကလေးငယ်များသေဆုံးနေခြင်းမှာ ထွက်ပြေးသည့် အနေအထားမဟုတ်ကြောင်း၊ သေဆုံးနေသည့် မြင်ကွင်းအား မြင်ရသူတိုင်း မျက်ရည်ကျရကြောင်း cj မှ သတင်းပေးပို့ပါတယ်။
သေဆုံးသွားသည့် ကလေးငယ်များအား သယ်ယူစဉ် ဒီဇယ်ဆီနံ့များ ရနေကြောင်း သယ်ယူပေးခဲ့သူတစ်ဦးမှ ပြောကြားပါတယ်။
မီးလောင်မှုမှာ နာရီဝက်မျှလောက်သာ ဖြစ်ခဲ့ပေမယ့် သေဆုံးခဲ့ရသူ ကလေးငယ်များမှာ ကြာရှည်စွာ လောင်မြိုက်ခံခဲ့ရပုံများ တွေ့ရရှိရပါတယ်။
ယခု မီးရှို့ခံရမှုဖြစ်စဉ်မှာ အငိုက်မိကာ ခံလိုက်ခြင်း၊ လုံခြုံရေးအား ယုံကြည်စွာဖြင့် စိတ်ချနေထိုင်ခြင်းများကြောင့် ယခုကဲ့သို့အခြေအနေအထိ မမျှော်လင့်ဘဲ ဖြစ်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
ဖြစ်စဉ်အပေါ် ပိရိစွာဖြင့် အမြန်ဆုံးဖြေရှင်းသွားခြင်းမှာ ထူးခြားနေပြီး၊ ရဲဇာနည်စာမျက်နှာမှလည်း ဖြစ်စဉ်ပေါ်ပေါက်ပြီး နာရီပိုင်းအတွင်း ချက်ချင်းသတင်းထုတ်ပြန်ခဲ့သည့်အချက်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ 

ဓာတ်ပုံ – EMG, MMM

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 229 other followers

%d bloggers like this: