Leave a comment

သောင်မတင်ရေမကျ မြန်မာမွတ်စလင်ဘဝ

Myanmar Muslim Net

ဘာသာပြန် – စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မ်မီဒီယာ)
၂၂/၀၅/၂၀၁၃

ပူအိုက်စပ်စပ် တနင်္ဂနွေန့လယ်ခင်းတစ်ခုမှာတော့ ရိုမာဟတ်သူးလို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့မိသားစုနဲ့ အခြားမိသားစု ၃ စုတို့ စုပေါင်းနေထိုင်တဲ့ သက်ကယ်ပြင်စခန်းရဲ့ အနောက်ဘက်က တစ်ထပ်အဆောက်အဦးအောက်မှာရှိတဲ့ တမံတလင်းပြင်မှာ လူးလိမ့်လို့ အသက်ရှုသံပြင်းပြင်းနဲ့ ညည်းညူနေပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဟတ်သူးဟာ မကြာခင်ရပ်ပိုင်းအတွင်းမှာ မီးဖွားတော့မယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးပါ။ နေမကောင်းဖြစ်နေတဲ့အချိန် ခင်ပွန်း သည် မှာလည်း အလှမ်းမဝေးတဲ့ အနီးဆုံးဆေးခန်းမှာသွားပြဖို့တောင် ငွေအလုံ အလောက်မရှိပါဘူး။

ဟတ်သူးဟာ ကလေးနှစ်ယောက် မိခင်ဖြစ်ပြီး မနှစ်ကတည်းက ခိုကိုးရာမဲ့ဘ၀ရောက်ခဲ့ရတဲ့ နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

သူ့မိသားစုဟာ ၂၀၁၂ ခုနှစ် မတ်လကတည်းက မပြုပြင်နိုင်သေးတဲ့ ခနော်နီခနော်နဲ့ အိမ်လေးကို တခြားမိသားစုတွေနဲ့ ရောနေရတယ်။ သူတို့အတွက် ကိုယ်ပိုင် လွတ်လပ် မှုဆိုတာကတော့ စုတ်ဖွာနေတဲ့ ဆန်အိတ်ခွံပါးပါးလေးတွေကိုသာ အကာအရံပြုပြီး ပိုင်းခြားရယူထားရတာပေါ့။

အသက် ၄၀ အရွယ် ခင်ပွန်းဖြစ်သူ ကာလီယာဟာ စစ်တွေ နာဇီရပ်ကွက်မှာရှိတဲ့ သူ့အိမ်ရော၊ သူ့ကွမ်းယာဆိုင်လေးပါ နှစ်ဘက် ပဋိပက္ခဖြစ်တဲ့အချိန်က မီးလောင်ဆုံး ရှုံးသွား လို့ အခု သူ့မှာ အလုပ်လက်မဲ့ဘ၀ရောက်ခဲ့ရတယ်။

ကုလသမဂ္ဂကတော့ မွတ်စလင်အများစုပါဝင်တဲ့ ဒုက္ခသည် ၁သိန်း၎သောင်းလောက်ဟာ သူတို့ရဲ့ အိမ်တွေကနေ အတင်းအဓမ္မ နှင်ထုတ်ခံရတယ်လို့ဆိုတယ်။ ဒါပေမယ့် တကယ့်အရေအတွက်က ဒီထက်များနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့က အိုးမဲ့အိမ်မဲ့အဖြစ် မှတ်ပုံတင်စာရင်း မ၀င်ခဲ့ကြလို့ဖြစ်ပါတယ်။

ဒုက္ခသည်စခန်း(IDPs)မှာ သောင်တင်နေတဲ့ လူအများစုဟာ အလုပ်အကိုင်အခွင့်ရေးမရှိကြသလို ပစ္စည်းပစ္စယာ စုံစုံလင်လင်လည်း မရှိကြဘူး။ သူတို့မှာ အကူ အညီထောက် ပံ ပစ္စည်းထုတ်လေး တွေနဲ့ သာ အသက်ရှင်နေကြရတယ်။ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာခွင့်မရှိဘူး။ နောက်ပြီး သူတို့ ဒီလိုမျိုး ဘယ်လောက် ကြာကြာနေ ရဦးမှာလဲ၊ သူတို့ အိမ်တွေကိုရော ပြန်ခွင့်ရဦးမှာလားဆိုတာကို လည်း သူတို့မသိကြဘူး။

မှတ်ပုံတင်မရှိတဲ့ ရိုဟင်ဂျာအများစုဟာ ကောက်ရိုးတဲလေးတွေထဲမှာပဲ နေကြရတယ်။ ကောက်ရိုး တွေရယ်၊ တာပေါ်လင်စတွေနဲ့ ပလက်စတစ်အိတ်တွေကို ၀လုံးသေးသေးတွေ နဲ့ ပူးကပ်ချည်ထားကြတာပေါ့။ မိုးမရွာသေးတဲ့ ကာလတွေမို့ ပူရအိုက်ရတဲ့အထဲ တဲတစ်လုံးမှာ မိသားစုဝင် ၁၀ ဦးလောက် ကြပ်ကြပ်တည်းတည်း ပူးပူး ကပ် ကပ်နေကြရသေးတယ်။

ကုလသမဂ္ဂကတော့ လယ်ကွင်းတွေနဲ့အခြားနေရာတွေက ဒုက္ခသည်ယာယီစခန်းတွေဟာ မိုးတွင်း ကာလမှာ ရေကြီးလာနိုင်သလို အမိုးအကာတွေဟာလည်း လုံလောက်မှု မရှိတဲ့အပြင် ရခိုင်ပြည်ကို မကြာခဏ မုန်တိုင်းကလည်း ၀င်တတ်သေးဆိုတော့ ဘေးအန္တာယ်နဲ့ တွေ့ကြုံရနိုင်တာမို့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ ကုလသမဂ္ဂက ဒုက္ခသည်စခန်းအတွက် အမေရိကန်ဒေါ် ၆၈ သန်း လျာထားပေမယ့် အဲဒီ ပမာဏဟာ အကူအညီလိုအပ်မှုရဲ့ ၅၈ ရာခိုင်နှုန်းပဲရှိပါသေးတယ်။

….ကြမ်းတမ်းမှုတွေ ခါးစည်းခံရတဲ့ ကလေးတွေ….

ဗုဒ္ဓဘာသာလွှမ်းမိုးထားတဲ့ မြန်မာပြည်က လူနည်းစု မွတ်စလင်ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ခွဲခြားဆက်ဆံမှုကို ခံနေရကြောင်း လူ့အခွင့်ရေးအဖွဲ့တွေက ဆိုတယ်။ ရခိုင်ရော၊ အခြား ဗမာရော၊ ဘုန်းကြီးတွေကရော သူတို့ကို ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့ သက်သေအထောက်အထား မရှိတဲ့လူတွေလို့ဆိုပြီး အခွင့်ရေးရော စာနာမှုကိုပါ မပေးသင့်တဲ့သူတွေအဖြစ် ရှုမြင်ကြတယ်။

တဘက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ကို လုံးဝ အသိအမှတ်မပြုပါဘူး။ ဒါကြောင့် တစ်ခါတရံမှာ ကုလသမဂ္ဂက ရိုဟင်ဂျာတွေကို “အပေါင်းအသင်းမရှိ သူတွေ”အဖြစ် ဖော်ပြကြတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရလို့ ကလေးတွေရဲ့ ပညာရေးတွေက တ၀က်တပျက်၊ ဘ၀တွေက ဗြောင်းဆန်၊ ကျန်းမာရေးတွေက ချည့်နဲ့၊ ၀မ်းဖောဝမ်းပျက်နဲ့ အဆုတ်ရောင်   ဝေဒနာခံစားနေရပြီး စိုးရိမ်ဖွယ်ရာ အာဟာရချို့တဲ့မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

ယာယီစာသင်ကျောင်းတွေကလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့မို့ အကူအညီပေးရေး အေဂျင်စီတွေက ကလေးငယ်တွေ ကစားဖို့ နေရာတွေကို ဖန်တီးပြီး သာမန်အခြေ အနေတစ်ရပ်ကို ပျိုးထောင်ပေးကြပါတယ်။

ကျောက်ဖြူက ကမန်မွတ်စလင် ဇော်နိုင်ထွန်းကတော့ မြန်မာပြည်က မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူပါ။ ရိုဟင်ဂျာနဲ့ မတူဘဲ ကမန်တွေဟာ မြန်မာနိုင်ငံရဲ့ အစိုးရ အသိအမှတ်ပြု လူမျိုး ၁၃၅ မျိုးမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သူနဲ့သူအစ်ကိုဖြစ်သူ ထင်ကျော်တို့က ကျောက်ဖြူမှာ သူတို့အိမ်တွေ မီးရှို့ခံလိုက်ရတဲ့ အချိန်ကတည်းက ထွက်ပြေးလာတာ အခု စစ်တွေနဲ့ အနီးဆုံးက သဲချောင်း ဒုက္ခသည်စခန်းမှာ ထွက်မရပြုမရ သောင်တင်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို စခန်းကနေ ထွက်ခွာခွင့်မပြုပါဘူး။

“ကျွန်တော့်မှာ မှတ်ပုံတင်ပါပါတယ်၊ ဒါပေမယ့် သူတို့က ကျွန်တော့်ကို နိုင်ငံသားအခွင့်ရေး မပေးဘူးခင်ဗျ” လို့ ထင်ကျော်က ပြောပြပါတယ်။

အိုးအိမ်မဲ့ မွတ်စလင်တွေက သူတို့မှာ အလုပ်မရှိတဲ့အတွက် အကူအညီပစ္စည်းအပေါ်မှာပဲ အားထားအသက်ရှင်နေရတယ်လို့ ဆိုပါတယ်။ မှတ်ပုံတင်စာရင်းမသွင်းထားတဲ့ ရိုဟင်ဂျာတွေ ဆိုရင် သူတို့ကလေးတွေကို တောင်းရမ်းစားသောက်ဖို့အထိ ခိုင်းစေရပါတော့တယ်။

သက်ကယ်ပြင် ဒုက္ခသည်စခန်းမှာ မှတ်ပုံတင်စာရင်းသွင်းခံရတဲ့ ရိုဟင်ဂျာတွေကတော့ ထမင်းနဲ့အားလူး ရောပြုတ်ထားတာရယ် UN က နေ့စဉ်ပေးတဲ့ အခြားအစား အစာတွေကိုပဲ စားသုံးနေရတယ်လို့ ဆိုတယ်။ “ကျွန်တော်တို့ ဒီကိုရောက်ကတည်းက အစိုးရဘက်က လာကူညီတယ်ဆိုတာ တစ်ခါမှ မကြားရသေး ဘူး၊ နိုင်ငံခြားသားတွေတောင် လာပေးတယ်၊ ကူညီတယ်၊ အစိုးရ မလာဘူး” လို့ ကိုသန်းမြင့်က ပြောပြတယ်။

….သောင်ပြင်လွှတ်တဲ့ အလား….

အောင်မင်္ဂလာရပ်ကွက်က ၂၅ နှစ်အရွယ် လှလှကတော့ သူ့ယောက္ခမတွေရှိရာ ဗောဒိဖျာ စခန်းကို ပြီးခဲ့တဲ့ သုံးလ အရင်က သွားလည်ပါတယ်။ အဲဒီအခါမှာတော့ လုံထိန်းအဖွဲ့ကို ငွေ သုံးသောင်း ပေးပြီးမှ သူနဲ့ သူ့ကလေးနှစ်ယောက်ကို အောင်မင်္ဂလာစခန်းကနေ ထွက်ခွာခွင့်ရခဲ့ပါသတဲ့။ မဟုတ်ရင် ဘယ်မွတ်စလင်ကိုမှ စခန်းကနေ ထွက်ခွာခွင့် မပြုပါဘူး။

အလုပ်လက်မဲ့ဖြစ်သွားတဲ့အတွက် သူတို့မိသားစုတွေ အောင်မင်္ဂလာမှာ ဘယ်လိုပြန်ပြီး ရပ်တည်ကြရပါလိမ့်။ “ဈေးကားကတော့ တစ်ပတ် ၂ ကြိမ်လာပါတယ်၊ ဒါပေမယ့် အလုပ်မရှိတော့ ဘယ်က ပေသာ(ပိုက်ဆံ)နဲ့ သွားဝယ်ရမလဲ” လို့ သူမက ဆိုပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာတော့ ဟတ်သူးက အတွေ့အကြုံရှိတဲ့ သူနာပြုတစ်ဦးထံမှာ စစ်ဆေးဖို့ ကားငှားပြီးတော့ ဒါပိုင်ခရိုင် ကျန်းမာရေးဆေးပေးခန်းကို သွားပါတယ်။ အဲဒီဆေးပေးခန်းမှာ ဆရာဝန်တွေ လုံးဝမရှိပေမယ့် ဆေးဝါးအနည်းအကျဉ်းတော့ ရှိတယ်။

ကျန်းမာရေးဝန်ထမ်းက သူမရဲ့ အခြေအနေ “ကောင်းပါတယ်”လို့ စစ်ဆေးမှုခံယူအပြီးမှာ ပြောပြတဲ့အတွက် ကလီယာအတွက်ကတော့ ကိုယ်ဝန်သည် ဇနီးဖြစ်သူကို ကြည့်ရင်း သူ့ရဲ့ တတိယကလေးဟာ သမီးမိန်းကလေးဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းရင်းနဲ့ပေါ့…..။

စိုင်ဖုလ္လာဟ် – Thomson Reuters Foundation
Lives in limbo: Displaced Muslims in Myanmar ကို ဆီလျော်အောင်ပြန်ဆိုသည်။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 229 other followers

%d bloggers like this: