Leave a comment

“အသံဟိတ် လူသတ်သမား”

ရိုဟင်စိုးမိုးဝင်း (MYARF)
RB News
31.5.2013

ညည့်သုံးခါ၏ နေ့ဆုံး အချိန် ဖြစ်သော မိုးသောက်ယံတွင် သတ္တ လောက ကြီးသည် သက်ဝင် နိုးထလာပါ သည်။ ည၏ အမှောင် ထု ကို ရဲဝံ့စွာ ဖြတ်သန်း ခဲ့သော အရုဏ်ကား ပတ္တမြား သွေးတောက်ပ လျက်ရှိသည်။

အင်အား အသစ်၊ တက်ကြွ လန်းဆန်းသော အားမာန်များ၊ အသိ ပညာ ထက်မြက် နိုးကြားမှု များကို ကမ္ဘာ   လောကကြီးကို ပေးဆက် နေသည်။ အရှေ့ဘက် ကောင်းကင်မှ ရှေ့ပြေး ရောင်ခြည် သန်းများသည် ကမ္ဘာ  လောကကြီးသို့ ဖြာကျ လာပါသည်။ နေမင်းကြီး ကလည်း နှင်းဆီနီ အရောင်ဖြင့် မကြာမီ ထွန်းလင်း တောက်ပ ကြ လိမ့် မည်။ ပုထုဇဉ် လူသားများ သည်လည်း စိတ်သစ် ကိုယ်သစ်ဖြင့် လုပ်ငန်း ခွင်ဝင် ရောက်ရန် ကိုယ်စီ ကိုယ်စီ   ပြင်ဆင် နေကြသည်။ စာရေး သူလည်း မိမိ၏ အလုပ်ခွင်တွင် အချိန်မီ ရောက်ရှိ   နိုင်အောင် ပြင် ဆင် လေ့ ရှိသည်။ ပြင်ဆင် ရင်းနဲ့ ရေဒီယို ကိုလည်း နားထောင် လေ့ရှိသည်။ VOA, BBC, RFA တို့ပေါ့ …။ နားထောင် ရင်းနဲ့ တုန်လှုပ် ချောက်ချား ဖွယ်ရာ သတင်း တစ်ပုဒ်ကို ရင်နာစွာနဲ့ နားသောတဆင် ခဲ့ရပါသည်။ ထိုသတင်းကို နား သောတဆင် ခဲ့ပြီးနောက် စာရေးသူ၏ စိတ်ထဲ ဗလောင်ဆူ သွားလေ၏။ ဘယ်သူ့ကို သွားပြီး အစီရင်ခံ မှာလဲ၊ မိမိ စိတ်ထဲတွင် ခံစားနေ ရသည့် ဝေဒနာ များကို ဘယ်သူ့အား မျှဝေ မှာလဲသို့လော သို့လော အတွေး များဖြင့် ဒုက္ခ ပင်လယ်မှာ ရွက်လွင့် နေခိုက် ဤဆောင်းပါး ကို ရေသားရန် အကြောင်းဖန် လာလေ တော့သည်။

အထက်တွင် ပြောခဲ့သော တုန်လှုပ် ချောက်ချား ဖွယ်ရာ သတင်း တစ်ပုဒ် ဟူသည်က “မောင်တော ခရိုင် တွင် မွတ်စလင်မ် များအား အိမ်ထောင် ပြုရာတွင် အမျိုးသား အသက် (၂၀) နှင့် အမျိုးသမီး များအသက် (၁၈) နှစ် ပြည့်ရမည်။ ၎င်းပြင် သားသမီး ကို နှစ်ဦးထက် ပိုမိုမယူရ” ဟူသော ဒေသန္တရ အမိန့် တစ်ရပ်ကို ထုတ်ပြန် လိုက်သောသတင်း . . .။ ဤထုတ်ပြန် ချက်နှင့် ပတ်သက်၍ မောင်တော ခရိုင် လ၀က ဦးစီးမှူး ဦးစောနိုင်ဝင်းက “သားသမီး ရယူခွင့် ပိတ်ပင် ကန့်သတ်မှု အမိန့်အား ဆက်လက် ကျင့်သုံးမည် ဖြစ်ပါတယ်” ဟူ၍လည်း မှတ်ချက် ပေးပြော ဆိုသွား သည်ကို နားထောင် လိုက်ရသည်။   သြော် … လောက ကြီးက တယ်ထူးဆန်း ပါလား . . .။

စာရေးသူတို့ ငယ်စဉ်က ရုပ်ရှင်ကား တွေကြည့် ဖူးသည်။ အထူးသဖြင့် ဟောလီဝုဒ် ကရုပ်ရှင်ကား တွေကို အကြည့်များသည်။ ဇာတ်ကားတွင် လူလူချင်း တိုက်ခိုက် သတ်ဖြတ် နှိပ်စက်တာ၊ လူလူချင်း တစ်ဦးပေါ် မေတ္တာ၊ ကရုဏာဖြင့် ဆက်ဆံ တာတွေ ကို တွေ့မြင် ရပါသည်။ ကြည့်ရင်းနဲ့ ခံစား ချက်တွေ တစ်မျိုးပြီး တစ်မျိုး ပေါ်လာလေ သည်။ မနုဿ လူသား ဟူသည်   နှိပ် စက်    ခံတာကို မည်သူ တစ်ဦး တစ်ယောက် ကမှ မလိုလားကြောင်း၊ မေတ္တာ ဓာတ်ကိုသာ လိုလားသော သတ္တ၀ါ    ဖြစ်ကြောင်း တို့ကို မှတ်သား ခဲ့ရပါသည်။

အမှန်အားဖြင့် ဇာတ်ကား တွေဟာ ဆက်တင်နှင့် အက်ရှင် ပေါင်းစပ်ပြီး တင်ဆက်ခြင်း ဖြစ်သည်။ ဇာတ် ဆောင် အချင်းချင်း အမှန် တကယ် သတ်ဖြတ် တာတော့ မဟုတ်သည်ကို လူတိုင်း လိုလို သိပါသည်။ ဇာတ်ကား အဖြစ် ဖန်တီး ပြသ နေတဲ့ လူလူချင်း သတ်ဖြတ်မှု၊ လူလူချင်း နှိပ်စက်မှု (အက်ရှင်) တွေကိုတောင် ကြည့်ရှု ပြီးရင် လေးလာ တတ်သည်မှာ လူ့သ ဘာဝ ဖြစ်ပါသည်။

၂၀၁၂-ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ရခိုင် ပဋ္ဋိပက္ခ၌ ရိုဟင်ဂျာ မွတ်စလင်မ် ထောင်ပေါင်း များစွာ အသက်ဆုံး ရှုံးခဲ့ရသည်။ အိုးမဲ့ အိမ်မဲ့  ဖြစ်ခဲ့ ရသည်။ ဤသို့ ဖြစ်လာအောင် ရခိုင် လူမျိုး များနှင့် ဦးသိန်းစိန် အစိုးရ တို့ပူးပေါင်းပြီး အကွက် ကျကျ စီမံ ဆောင် ရွက် ခဲ့ခြင်းမှာ တစ်ကမ္ဘာလုံးက အသိပင် ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ . ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၊ လူ့အခွင့် အရေး လှုပ်ရှား နေသော အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ခေါင်းဆောင် ကြီးများ၊ ကမ္ဘာ့ ငြိမ်းချမ်း ရေးဆုရ ပုဂ္ဂိုလ် များသည် ရခိုင် ပဋိပက္ခ အား ဟောလီဝုဒ်က ရိုက်ကူး ထုတ်လုပ်သည့် အက်ရှင် ဇာတ်ကား တစ်ကားလို ထင်မှတ်ပြီး ကြည့်ရှု အားပေး နေသည်နှင့် တူသည် ဟုဆိုလျှင် လည်းမှားမည် မထင်ပါ။ ရခိုင်ပြည်ရှိ ရိုဟင်ဂျာ လူမျိုး များသည် လူသား မဟုတ်ပေလော . . .၊ သို့တည်း မဟုတ် လူသား ဖြစ်ပါလျက်နှင့် ဤမျှ နှိပ်စက် သတ်ဖြတ် ခံနေ ရသည်ကို တဖြောင်းဖြောင်း လက်ခုပ်တီးပြီး အားပေး ကြည့်ရှု နေမည်လော . . .။

“အတိတ်က ရိုဟင်ဂျာတွေကိုလည်းသတ်ဖြတ်အနိုင်ယူခဲ့ပြီး”

“ယ္ခုရှိတဲ့ ရိုဟင်ဂျာတွေကိုလည်း သတ်ဖြတ်အနိုင်ယူမယ်”

“နောင်ဖားလာမယ့် ရိုဟင်ဂျာတွေကိုလည်း သတ်ဖြတ်အနိုင်ယူမယ်”

ဟိတ် . . . ဟိတ် . . . ဟိတ် . . .။

ရခိုင် လူမျိုးများနှင့် ဦးသိန်းစိန် အစိုးရသည် ရိုဟင်ဂျာ များကို လူမဆန် ရက်စက်စွာ သတ်ဖြတ် နိုင်ခဲ့သော အောင်မြင်မှု အထိမ်း  အမှတ် အဖြစ် ကျန်ရှိနေ (အသက်ရှင်နေ) သော ရိုဟင်ဂျာ များအား လက်ဝှေ့ ကြိုးဝိုင်းထဲ ၀င် ရောက်ထိုး သတ် ယှဉ်ပြိုင် ရန် ပြန်လည် ဖိတ်ခေါ် လိုက်သည် ဟုဆိုလျှင် လည်း လွန်အံ့ မထင်။

“ရိုဟင်ဂျာ ဟူသမျှ လာကြ” လို့မာန်အပြည့်ဖြင့် ကြိုးဝိုင်း ထဲတွင် ရင်တမော့မော့နှင့် အော်ဟစ် နေသော ဦးသိန်းစိန် အစိုးရ၏   ကြွေးကြော်သံ များသည် မိုးယံပဲ ထင်ထပ် လိမ့်ရော။ အင်အားချည့်နဲ့ နေသူကို အနိုင်ယူခြင်း ဖြင့် ကြွေးကြော် အော်ဟစ်ပြီး မိမိ၏ သတ္တိ ကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုနေသော ဦးသိန်းစိန်အား စာနာကြောင်း ပြောပြလိုပါသည်။

“နောင်ဖွား လာမည့် ရိုဟင်ဂျာတွေကို သတ်ဖြတ် အနိုင်ယူမည်” ဟူသော ကြွေးကြော်သံကို မကြာမီက ထုတ်ပြန်ခဲ့တဲ့ “ရိုဟင်ဂျာများ သားသမီး နှစ်ဦးထက် ပိုမယူစေရ” ဆိုသော ဒေသန္တရ အမိန့်က ပိုပြီး ခိုင်မာစေ ကြောင်း သက်သေထူ နေ ပါသည်။ ဤသို့ သားသမီး မွေးဖွားမှုကို ကန့်သတ်ခြင်း ဥပဒေကို ဘာသာ လူမျိုးခွဲခြား ပြီး မည်သည့် နိုင်ငံကမှ ပြဌာန်း ထားသည် မရှိပါ။ မည်သည့် ဘာသာ ကမှ တားမြစ် ထားသည် မရှိပါ။ ပြည်နယ် တစ်ခုတွင် ခရိုင်(၄) ခုရှိသည့် အနက် မောင်တော ခရိုင်တွင် ထုတ်ပြန် ခဲ့သည်မှာ သဘာဝ မကျလှပေ။ မောင်တော ခရိုင်ထဲတွင် ဘာသာပေါင်း များစွာ နေထိုင်သည့် အထဲမှ ရိုဟင်ဂျာ မွတ်စလင်မ် များအတွက် သီးသန့် ကန့်သတ် ခြင်းသည် ပို၍ ရင်နာစရာ ကောင်းလှ ပါသည်။ လူ့သဘာဝ ကိုပင် အနိုင် ခွပ်နိုင်ရန် မျှော်လင့် ထားပုံရ သည်။ ဥယျာဉ်မှူး ဟူသည် အပင်စိုက်ဖို့သာ တာဝန် ရှိသည်။ အသီးကို ကန့်ကန့် သတ်သတ် ပွင့်စေဖို့ အစွမ်း သူ့မှာမရှိပေ။

စာရေး သူသည် စာနယ်ဇင်း များတွင် “အသံတိတ် လူသတ်သမား” ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါး အမြောက် အများကို ဖတ်ရှုခဲ့သည်။ HIV ပိုး၊ အသည်း အသားဝါ စီပိုး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စသည်တို့ သည် တိတ်တိတ် ဆိတ်ဆိတ်နှင့် လူ့အသက် ကို ဆုံးရှုံး စေနိုင် သောကြောင့် “အသံတိတ် လူသတ်သမား” ဟု တင်စားခဲ့ခြင်း ဖြစ်ဟန် ရှိသည်။ ရိုဟင်ဂျာ တစ်မျိုးသား လုံးအား သေမင်း ခံတွင်းသို့ ရောက်ရှိ ရေးအတွက် ကြွေး ကြော် အော်ဟစ်ပြီး စိန်ခေါ်နေသော ဦးသိန်းစိန်အား “အသံဟိတ် လူသတ်သမား” ဟုဆိုရ ကောင်းမလား . . . ။

စာဖတ်သူများ ရွှင်လန်း ချမ်းမြေ့ ကြပါစေ။

http://bit.ly/13nzEYZ

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 251 other followers

%d bloggers like this: