More Articles
ရန်ကုန်မှာ လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြနေ
စစ်အစိုးရဆန့်ကျင်ရေးအတွက် ရန်ကုန်မြို့ စမ်းချောင်း၊ လှည်းတန်းနဲ့ ဆူးလေတစ်ဝိုက်မှာ လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြနေပါတယ်။ စမ်းချောင်းမြို့နယ်မှာ မနက် ၁၁ နာရီအချိန်မှာ ဆန္ဒပြသူ လူဦးရေ သိန်းနဲ့ချီ ရှိနေပါပြီ။ လှည်းတန်းတဝိုက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ အလုပ်သမား၊ ကျောင်းသား၊ ပြည်သူတွေ ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ စတင်လူစုပြီး မနက် ၁၀ နာရီဝန်းကျင်မှာ လူဦးရေ တစ်သောင်းကျော်ဖြစ်သွားခဲ့ပါတယ်။ စစ်အစိုးရဆန့်ကျင်ရေးနဲ့ အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြသူတွေဟာ လှည်းတန်းဈေး၊ ဦးထွန်းလင်းခြံလမ်း ကနေ ပတ်ပြီး တက္ကသိုလ်ရိပ်သာလမ်းပေါ် တက်တဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ရှေ့မှာ လုံခြုံရေးရဲဝန်ထမ်းတွေက တားမြစ်ခဲ့ပါတယ်။ လူစုခွဲရာမှာသုံးတဲ့ ရေဖြန်းတဲ့ကား နှစ်စီးကို ရန်ကုန်တက္ကသိုလ်ရှေ့ ကားလမ်း တစ်ဖက်တစ်ချက်မှာ အသင့်အနေအထားနဲ့ ရပ်ထားပါတယ်။ လှည်းတန်း အနီးတဝိုက်မှာ ရဲဝန်ထမ်းအင်အား […]
A History of Chittagong Vol. (1)
<iframe src=”https://drive.google.com/file/d/1_K6xrb-JfUTqYMPHjQqmfyRKwplW2li_/preview” width=”640″ height=”480″></iframe>
ICJ ကြားဖြတ် စီရင်ချက်နဲ့ ပတ်သက် ပြီး မြန်မာ အစိုးရ ဝေဖန်ခံနေရ
နေမျိုးထွန်း2020-11-24 မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိ နေကြောင်း တုံ့ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ နိုင်ငံတရားရုံး ICJ မှာ စွပ်စွဲခံနေရတဲ့ မြန်မာအစိုးရဟာ ဒုတိယအကြိမ် အစီရင်ခံစာကို နိုဝင်ဘာ ၂၃ ရက်နေ့ မနေ့က တင်သွင်းလိုက်ပါတယ်။ မြန်မာအစိုးရဟာ မကြာသေးခင်က ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေကို မဲထည့်ခွင့်မပြုခဲ့သလို ရိုဟင်ဂျာ အမတ်လောင်းတွေကိုလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ခဲ့ကြောင်း နယူးယောက်အခြေစိုက် Global […]
ICJ ကို မြန်မာဘက်က ဒုတိယအစီရင်ခံစာ တင်သွင်း
25 နိုဝင်ဘာ၊ 2020 ဗွီအိုအေ (မြန်မာပိုင်း) (Zawgyi/Unicode) ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု မရှိစေရေး အကာအကွယ်ပေးဖို့ နိုင်ငံတကာ တရားရုံး ICJ ရဲ့ ကြားကာလ အစီအမံ အမိန့်နဲ့ အညီ မြန်မာ အစိုးရဘက်က ဒုတိယမြောက် အစီရင်ခံစာကို တနလာင်္နေ့က တင်သွင်းပါတယ်။ဒီ အစီရင်ခံစာကိုတော့ အများပြည်သူ ကြည့်ရှုနိုင်ရေး အတွက် ထုတ်ပြန်ဦးမှာ မဟုတ်ပါဘူး။ မြန်မာ အစိုးရဘက်ကတော့ တနလာင်္နေ့က အစီရင်ခံစာ တင်သွင်းမှုကို အသိပေး ထုတ်ပြန်ထားတာ မရှိသေးပေမယ့်လည်း အမေရိကန် အခြေစိုက် Global Justice Center က မြန်မာဘက်က ဒုတိယမြောက် အစီရင်ခံစာ တင်သွင်းမှုကို ကြိုဆိုကြောင်းနဲ့ အတူဘဲ ဒီ အစီရင်ခံစာ တင်ပြီ ဆိုတာကို […]
မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ
ဗွီအိုအေ (မြန်မာပိုင်း) မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂအဖွဲ့ က ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ola Almgren ဦးဆောင်တဲ့အဖွဲ့က တဆင့် ကပ်ရောဂါအတွက် လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။ မြန်မာနိုင်ငံအတွက် ရောဂါထိန်းချုပ်ရေး အကူအညီအဖြစ် ရောဂါစစ်ဆေးရေး ကရိယာ test kits ၃၀၀,၀၀၀နီးပါး နဲ့တစ်ကိုယ်ရေး ကာကွယ်ရေး ပစ္စည်း ၂၆၀,၀၀၀ ကျော်ကိုပေးအပ်ခဲ့ကြောင်းနဲ့ လတ်တလော ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ WFP က လူ ၁ သန်းလောက်အတွက် ငွေကြေးအကူအညီပေးနေကြောင်း ပြောပါတယ်။ ဒါ့အပြင် အခုလို ကပ်ရောဂါဖြစ်ပွါးရတဲ့ အပေါ်မှာ ပုဂ္ဂလိက ကဏ္ဍနဲ့ ကျေးလက်ဒေသတွေကို […]