Leave a comment

ဒေါက်တာအေးချမ်းနှင့်အပေါင်းပါတို့ အတွက် ရှင်းလင်း ချက် –

တလွဲတချော် တင်ပြ ရေးသားလာသော သမိုင်း မြုပ်ကွက်များကို နဂို မူလ ဖြစ်ရပ် မှန် အတိုင်း ဒေါက်တာ အေးချမ်းနှင့် အပေါင်း အပါများ၏ ဆောင်း ပါးများ အတွက် ရှင်းလင်း တင်ပြခြင်း ရခိုင်ပြည်နယ် သမိုင်းကို အနီးကပ် လေ့လာသူ တစ်ဦးအအနေဖြင့် စာအုပ်စာပေများ ရှာဖွေ စုဆောင်း ဖတ် ရှု လေ့ရှိရာ ဇော်မင်းထွဋ် ဆိုသူက ၂၀ဝ၁ ခုနှစ်မှာ ဂျပန်ပြည်တွင် ထုတ်ဝေသော “ပြည်ထောင် စုမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသား ရိုဟင်ဂျာများ” ဟုဆိုသော စာအုပ်ကို လည်း လေ့လာ ဖတ်ရှု့ခွင့်ရခဲ့ပါ သည်။ထိုစာအုပ် ကို အထပ် ထပ်အခါခါ ဖတ်ရှု့ရာ ဆက်စပ်မှု မှန်ကန်ပြီး ကိုးကား ချက်ပြည့် စုံကြောင်းနှင့် အထောက် အထား ခိုင်လုံကြောင်း တွေ့ ရှိရပါသည်။ တချို့သော အချက် အလက် များမှာမူ ကျွန်ုပ်တို့ အစဉ်အလာအရ ကြားသိ လာရသော သမိုင်း အယူအဆ၊အမြင်နှင့် ကွဲလွဲနေရာ ယင်းတို့သည် ကျွန်ုပ်တို့ ရခိုင် အမျိုးသား တချို့အား ဧကန်မုချ စိတ်မကောင်း ဖြစ်စေမည်။ ရခိုင်အမျိုးသား သမိုင်းဆရာ တစ်ချို့ အနေနှင့် ရာစုနှစ် နှင့်ချီ၍ ဖုံးအုပ်ထားသော၊ ထွက် ပေါ်လာအောင်၊   မြင်သာလာအောင်၊ ဇော်မင်း ထွဋ်၏ စအုပ်က ဖေါ်ဆောင်နိုင်သဖြင့် မကျေနပ်သော အစုအဝေး ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။ဇော်မင်းထွဋ်က ရခိုင်ပြည်တွင် အေဒီ(၁၀)ရာစုနှစ် မတိုင်ခင် ပေါ်ပေါက်ခဲ့သော၊ ဓညဝတီ၊ နှင့်ဝေသာလီ (DannayaVati and Vesali) ပဒေသရာဇ် နိုင်ငံများ သည် အိန္ဒိယံ လူမျိုး များ၏ မင်း နိုင်ငံ များဖြစ်သည်။ ပြည်သူများသည်လည်း အရှေ့ ဘင်္ဂလားနေ ပြည်သူများ နှင့် တူညီသည်။ အေဒီ (၉) ရာစုနောက်ပိုင်းမှ အရှေ့ဘက်မှ တိဘက် မြန်မာ အုပ်စု တစ်စု တစ်သုတ်ပြီး တသုတ် ဝင်လာခြင်း ဖြင့် (၁၁)ရာစု အစပိုင်းလောက်တွင် ဝေသာလီနိုင်ငံ ပျက်သုဉ်းပြီး မြန်မာ အုပ်စု ကြီးစိုးသော လေး မျိုး   ခေတ် ဟူ၍ပေါ်ပေါက်လာသည်။ (၁၀) ရာစု ကုန်ခါနီး တွင် ရခိုင်ပြည်တွင် နိုင်ငံရေး ယဉ်ကျေးမှု အပြေင်းအလဲ တစ်ခုအရှိန်အဟုန် နှင့် ဖြစ်ပေါ်ခဲ့ သည် စသည်ဖြင့် သမိုင်း အထောက်အထား ပြလာ သည်ကို ရခိုင်ပြည်နယ် တွင် ယနေ့ ရခိုင် အမျိုးသား၏ သမိုင်းသည် (၁၀) ရာစုမှသာ စတင်ကြောင်း   အဓိပ္ပါယ် ထွက်ရှိနေသဖြင့် ရခိုင် အမျိုးသားများ သမိုင်း နှစ်ပေါင်း သုံးလေးထောင်ပင် ကြာရှည်ပါသည်ဟု ခံယူသူ အင်အားစုအဖို့ မကျေနပ် စရာ၊ စိုးရိမ်ကြောင့်ကြစရာများ ဖြစ်ပေါ်လာပါသည်။ ဇော်မင်းထွဋ်က ရခိုင်ပြည်တွင် အထက်ပါ အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့ပုံကို ပေါ် လွင် စေရန်မော့ရစ်ကော့လစ်၊ ဒီဂျီအီးဟော့လ်၊ ဟာဘေ့စသည့် သမိုင်းဆရာ များ ကို ကိုးကားသည့် အပြင် ရခိုင်အမျိုးသား သမိုင်းဆရာ   ဒေါက် တာ အေးချမ်း၏ ၁၉၇၅ ခုနှစ်က ဆောင်းပါး တစ်ပုဒ်ကို ကိုးကား ၍ မီးမောင်းထိုးပြခ့ေဲ ပသည်။ ဒေါက် တာအေးချမ်းက ကိုးရာစု လောက် မှာ ပျူတို့၏ ပုဂံနိုင်ငံကို နန်းစောတို့ ဝင်ရောကတိုက်ခိုက် ဖျက်ဆီးချိန်တွင် တိဘက် မြန်မာများ မြန်မာပြည် အလယ်ပိုင်းကို ရောက်ရှိလာသည်။
ယင်းတို့ အနက်   အုပ်စုတစ်စု ရခိုင်ပြည်ဘက်သို့ စတင် ဝင်ရောက်ခဲ့ရာ ရခိုင်ပြည် ရှိ ဝေသာ လီ ပြည်ပျက်သုဉ်း သွားသည်။ ထိုစဉ်မတိုင်မှီက အိန္ဒိယ ယဉ်ကျေးမှုကို ကျယ်ပြန့် နက်ရှိုင်းစွာ တွေ့ရ ပြီး ကျောက်စာ၊ ပေစာ များလည်း အိန္ဒိယ စာပေ နှင့် သာတွေ့ရသည်။ ကျွန်ုတို့ ယခု ပြောဆိုနေသော ရခိုင်၊ မြန်မာပြည် စာပေ နှင့် ကျေက်စာကို နောက်ပိုင်း ရာစုများတွင်သာ တွေ့ရ သည်။ အစရှိသဖြင့် ရှင်းလင်း ရေးသားခဲ့ပါလျက် နှင့် ယခု ငြင်းပယ်ချင်သလိုလို ဇော်မင်းထွဋ်က ပင် သူ့ဆောင်းပါးကို ပြင်ဆင် ဖြည့်စွက်၍ လိုရာ အပြောင်းအလဲ တစ်ရပ် ကြောင့် ဆွဲကောက် ချက်ချ သလို ဝေဖန်ရှုံ့ချ၍ ဆောင်းပါး အသစ်များ ရေးလာပါသည်။ ဒေါက်တာ အေးချမ်း၏ မူလဆောင်းပါး (အေးချမ်း ၁၉၇၅-စာ ၇၆-၅၇) တွင် ရခိုင်ပြည် နယ်၌ ဆယ်ရာစု နောက်ပိုင်း နိုင်ငံရေး၊ လူမူရေးဝေသာလီနိုင်ငံ ပျက်သုဉ်းခဲ့ ရပုံကို ဇော်မင်းထွဋ် ကိုးကား ဖေါ်ပြသည်ထက် ပို၍ ပီပီပြင်ပြင် ထင်ထင် ရှားရှားတွေ့ရပါသည်။ သို့သော် ယခု ငြင်းပယ်လိုခြင်းမှာ ပတ်ဝန်းကျင် ပယောဂကြောင့် ဖြစ်နိုင်ပါသည်။ ဆောင်းပါးမူရင်းမှာ စာပေ လေ့လာသူ အတော် များများ လက်တွင် ရှိသည်မဟုတ် လော။ဇော်မင်းထွဋ်သည် ချန်လှပ် သည်ကို ချန်လှပ်ပြီး   ဖြည့်စွက် လိုသည် ကို ဖြည့်စွက် သည်။ သုတေသနထုံးကို နားမလည်သူဟု ဝေဖန်ထားသည်။ သုတေသနပြုရာမှာ ကောက်နှုတ်မှတ်စု၊ ပုံလောင်းမှတ်စု၊ ရှင်းတမ်းမှတ်စု အစရှိ သဖြင့်ရှိရာ စာရေးဆရာတိုင်းမှာ မိမိလိုသော အပိုဒ်ကိုသာ ထုတ်နှုတ် ကိုးကားရစမြဲဖြစ်သည်။ ဇော်မင်းထွဋ်ကို Research Methodology နားမလည်သူဟု စွပ်စွဲခြင်းမှာ ပုဂ္ဂိလ ဓိဌာန်ဆန်လွန်း လှပေသည်။
ခရစ်နှစ်ဦး ကာလကပင် အရှေ့ဖျား ကုန်သွယ်ရေးမှာ အာရဗ်တို့ ပါရှန်းတို့ ဦးဆောင် ခဲ့သည်။ ရခိုင်ပြည်ပ ကုန်သွယ်ရေး သူတို့ လက်ထဲမှာ ရှိခဲ့သည်။ (ဒေါ်ကြည်ဝင်း – ၁၉၇၅ – သုတေ သန စာတမ်း)၊ (၈)ရာစု ဝေသာလီ မဟာတိုင်း စန္ဒြာမင်းလက်ထက် လေမုန်တိုင်းကြောင့် အာရဗ် ကုန်သည် သင်္ဘော များ ပျက်စီးခဲ့ရာ ထိုသင်္ဘောပျက်မှ သင်္ဘောသားများကို ရခိုင်ပြည်တွင်း ကျေးရွာများတွင် အခြေချ နေထိုင်ရန် နေရာ ချပေးခဲ့သည်။ (ဦးငမဲ ၁၈၂၆ နှင့် RB Smart ၁၉၅၇ – ၈၆) ထိုသင်္ဘောပျက်မှ အာရဗ် မူဆလင်များ နှင့် ဝေသာလီ ပြည်သူပြည်သားများ ရောနှောရာမှ မူဆလင် ဦးရေ တိုးပွါးလာသည်။ နောင်သူတို့သည်ယနေ့ ရိုဟင်ဂျာဆိုသူများပေါ်ပေါက် လာရေး၏ အခြေခံ ဖြစ် သွားသည်။ ဇော်မင်းထွဋ်က ဤသင်္ဘောပျက်မှ မွတ်ဆလင်များနှင့် ယင်းတို့နှင့်ဆက်နွယ်သူများသည် အရေဗ့ဖက်မှ ၉ – ရာစု ၊၁၀ – ရာစ နှစ်များအတွင်းဝင်ရောက်လာသူ ယနေ့ ရခိုင် ခေါ်သူများ ထက် ရာစု နှစ်ချီ၍ စောသည်ဟု သုံးသပ် တင်ပြခြင်း သည် စိတ်ကူးယဉ်ဖြင့် ရေးသား ခြင်းမဟုတ် သမိုင်းမှတ်တမ်းကိုအခြေခံ၍ ထုတ်ဖေါ်ခြင်း   ဖြစ်ရာ ဒေါက်တာအးချမ်းက ငြင်းပယ် လိုသည်မှာ မိမိ ၏ ကိုယ်ပိုင် ဆန္ဒသာ ဖြစ်ရမည်။ သမိုင်းကို ဖျောက်ဖျက်၍ကားမရနိုင်ပေ။သမိုင်းဆရာများ၏ အလိုအရ ဤသင်္ဘောပျက်မှ အာရဗ် မူဆလင် နှင့် အခြား သာသာ နာပြုများကြောင့် ဝေသာလီခေတ်က ပြည်သူများ နှင့် အရှေ့ဖက်မှ ဝင်ရောက် လာသူ တိဘက် မြန်မာအုပ်စု ရောနှော၍ ရခိုင်လူမျိုးဟု၍ ဖြစ်ပေါ် လာခ့ေဲ ပသည်။(M.collis, ၁၉၅၈ – စာ ရ – ၁၀ နှင့် ထွန်းကျော်ဦး ၁၉၉၀ – စာ ၁၁ – ၁၂)
ရခိုင်ပြည် တွင် ရှေးယခင်က ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ ထွန်းကားပြီး၊ ထိုဘာသာများ၏ အမွေ အနှစ်၊ ဘုရားပုထိုး များ၊ ဘာသာရေး အထိမ်းအမှတ် စာများသာ တွေ့ရသည်ဟု ဆင်ခြေပေးပြီး ထိုစဉ်က မူဆလင်မရှိ နိုင် ဟု ဒေါက်တာအေးချမ်းက ငြင်းချက်ထုတ်သည်။ (အေးချမ်း ၂၀ဝ၃ ခု – စာ – ၃)၊ ဧကန္ဒ ရခိုင်ပြည်တွင် ဘာသာ အပြောင်းအလဲ များစွာ ရှိခဲ့ပေသည်။ ဗိသာနိုးဘာသာ၊ သီဝ ဘာသာ၊ ဟိန္ဒူဘာသာ၊ တန္တြယာန ဘာသာ၊ မဟာယာန ဘာသာ၊ ထေရဝါဒ ဗုဒ္ဓဘာသာ စသည် ဖြင့် အအပြောင်းအလဲ အရောအနှောရှိခဲ့သည်။ (Pamela Gutman ၁၉၇၆ စာ – ၁၂ – ၁၄ – ၇၀) ဒေါက်တာ သန်းထွန်းကလည်း “ရခိုင်ဖက်မှာ(ခရစ် ပထမ ဆယ်ရာစု အတွင်း) သီဝ နတ်ကိုးကွယ်သူ များမယ် ထင်ပါတယ်၊ ဗုဒ္ဓဘာသာ မှာ မဟာယာန၊ တန္တြယာန၊ ဟိနယာန အယူတွေ ရောနှောပြီး အတူရှိနေတယ်လို့ဘဲ ဆိုရမယ်” ဟုရေးထားပါတယ်(သန်းထွန်း ၂၀ဝ၁-စာ ၂၈)။
တချိန်နှင့်တချိန် ဘာသာ အပြောင်းအလဲရှိပြီး ယနေ့ကာလတွင်မှု ထေရဝါဒ လွမ်းမိုး သွားသည်။ အရှေ့ဘက်မှ ဝင်လာသူများသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ အစ္စလာမ် ဘာသာဝင် များလည်း ကုန်သွယ်မှု သာသနာပြုမှုအတွက် ထိုစဉ်ကပင်အဆက်မပြတ်ရောက်ရှိခဲ့ရာ အစ္စလာမ် ဘာသာသို့ ကူးပြောင်း သူမရှိဟု မည်သူပြော နိုင်မည်နည်း။ မြောက်ဦးခေတ် ကိုးဆက်မြောက်မင်း ဇောလထ မင်းစောမွန်လက်ထက် တွင် အန္ဒိယမှ ဦးကာဒီ ဦးဆောင်သော ဦးမူဆာ၊ ဦးဟာနုမျာ စသည့်သာသနာပြုများ သာသနာပြုခွင့် ရရှိ၍ ပြည်သူ အချို့ ထိုဘာသာသို့ပြောင်း သွားသည်။ ပြည်ရွာ အနှံ့ အစ္စလာမ် ဗလီ ကျောင်းများတည်ဆောက်၍ ဘာသာ ဖြန့်ဖြူးခဲ့ရာ ဘာသာ အသစ်သည် လျှင်မြန်စွာ ပြန့်ပွား လွှမ်မိုး နေပါသည်။နောက်ထပ် သာသနာ ပြုများကိုလည်း အိန္ဒိယ မှ ခေါ်ဆောင် လာသည်။ ဤတွင် ဆရာမြဝါက သာသနာသစ် လွှမ်းမိုးသွားမှုကို တားဆီးရန် ဆယ့်နှစ် ဆက်မြောက် မင်းဘာကြီး (၁၅၃၁ -၅၃) ထံ အရေး ဆိုတောင်းဆိုခဲ့၍ ဘုရင်က သာသနာပြုလုပ်ငန်း များကို ရပ်ဆိုင်းခဲ့သည်။ (ပဏ္ဍိတဦးသာထွန်းအောင် BE ၁၂၈၈- စာ ၇၀ – ၇၅၊ ဤအချိန် ကာလသည် ရခိုင်သမိုင်းတွင် ကြေးစား စစ်သည်များ၊ ရှုဂျာမင်းသားနောက်လိုက်ဆိုသူများ၊ ဘင်္ဂလားမှ ပေါ်တူဂီ ရခိုင် ပူပေါင်း ဖမ်းဆီးလာသော ကျွန်များခေတ်ထက် ရှေးကျကြောင်း ဒေါက်တာ အေးချမ်း သတိရပုံမရပါ။ဗြိတိသျှAရေးပိုင် R.B Smart က စစ်တွေ ဂဇေးတီးယားတွင် မူဆလင်များကို စစ်တကောင်း သားဟု သုံးနှုန်းထားသည်။ သို့ရေးခြင်းမှာ အထက် ဖေါ်ပြပါ ရှေးပဝေသဏီကပင် ရှိနေသော မူဆလင် ဒေသခံများကို ဂရုမစိုက်ဘဲလည်း ဖြစ်နိုင်ပေသည်။ တမင် ရေးခြင်းလည်းဖြစ် နိုင်ပေသည်။ သူ့ရုံးမှာ ရှိနေသူ ရခိုင်ဝန်ထမ်း၊ အရာ ထမ်းများ၏ တိုက်တွန်းချက် အရလည်းဖြစ် နိုင်သည်။ အဘယ် အကြောင်းကြောင့်ဘဲရေး ရေး R.B Smart က လူမျိုးတစ်မျိုး အကြောင်း အလွဲသုံး စားရေးခြင်း သာ ဖြစ်ပါသည်။ ဤစစ်တကောင်းသား ဟူသည့် စကားလုံးသည် အချို့ရခိုင် အမျိုးသား များမှာ ဗိုင်းရပ်စ် ပိုးသဖွယ် ဦးနောက်ထဲဝင်သွားပြီး မူဆလင် မုန်းတီးရေး စိတ်ဓာတ်၊ မူဆလင်ဆိုလျှင် စစ်တကောင်းသားများအပ အခြားနာမည်ဖြင့်မခေါ်လိုသော စိတ်ဓာတ် ဝင်သွားသည်။ သို့ဖြစ်၍ လွတ် လပ် ရေး မရခင် ကာလကပင် မွတ်ဆလင်သည်တိုင်းရင်းဖွား မဟုတ်ကြောင်း စစ်တကောင်းမှ ဗြိတိသျှ ခေတ် မှာ ဝင်လာသူ ဖြစ်ကြောင်း၊ ရိုဟင်ဂျာ ဆိုသည့်ထီထွင်သော နာမည် အသစ် ဖြစ်ကြောင်း အတော့မသတ် ရေးသား လာသည်။ ထိုသို့ လွတ်လပ် စွာ ရေးရန်အခွင့်အလမ်းကို အချိန် ကာလ က ပေးထားပေသည်။ ထိုသို့ ရိုဟင်ဂျာသမိုင်း နှင့် သမိုင်းဝင်မှု၊ လူမျိုးစုဖြစ်မှု၊ History, Historycity, Ethnicity ကို တိုက်ဖျက်လာသော အင်အားစုထဲမှ ယနေ့ ဒေါက်တာ အေးချမ်း တစ်ယောက် ကိုလည်း တွေ့လာရပါသည်။

အမှန်မှာ ဒေါက်တာအေးချမ်းသည် သူ့ကျောထောက် နောက်ခံများကဲ့သို့ ဒေါသ၊ မောဟ လွမ်းမိုးသွားပြီး၊ အမှန်တရား ဖြစ်ရပ်မှန် ဖေါ်ထုတ်မှုကို သည်းခံ ခွင့်လွှတ်ခြင်းမပြုနိုင်ခြင်း သာဖြစ်သည်။ ရခိုင်ပြည်နယ် နှင့် စစ်တကောင်းနယ်သည် ပထဝီ အနေ အထား အရ ဆက်စပ်နေသည့်အပြင် သမိုင်းကြောင်းအရ ရာစုနှစ် နှင့် ချီ၍ အုပ်ချုပ်ရေးတစ်ခု အောက်တွင် တည်ရှိသဖြင့် လူမျိုးစုနွယ်များ ပြောင်းရွှေ့နေထိုင်မှု သဘာဝ အလျှောက် ရှိခဲ့ပေသည်။ (D.G.E Hall, Burma) စစ်တကောင်းတွင် ဒိုင်းနက်၊ မြူ၊ မြန်မာ စသည့် မွန်ဂိုလွိုက်များ ရှေ့ခေတ် ကပင်   ရောက် ရှိ နေကြောင်း    ဒေါက်တာအေးချမ်း ရေးထားသည်။ (အေးချမ်း၂၀ဝ၃ – စာ ၃)၊ ထို့အတူ စစ်တကောင်း နယ်ဖက်မှ အိန္ဒိယနွယ်ဝင်များရခိုင်ဒေသတွင် မင်းနိုင်ငံ ထူထောင်၍ အခြေစိုက် အုပ်ချုပ်နေ ထိုင်ခဲ့ကြောင်း သမိုင်းဆရာများက သုံးသပ်ထားသည်။ (D.G.E Hall -၁၉၅၈၊စာ ၂၆၂ နှင့် Pamela ၁၉၇၆၊ စာ ၃၂၁)ထိုအိန္ဒိယ အနွယ်ဝင်များ ယနေ့ထိလည်း ရခိုင်ပြည် တွင် ရှိနေပါသည်။ အာရဗ်၊ ပါရှန်းတို့ နှင့်ရောနှော၍ မူဆလင် ဖြစ်သွားသည်။ လူမျိုးအခေါ် ရိုဟင်ဂျာ များ ဖြစ်သည်။ ထိုသူများကို တိုင်းရင်းဖွါးမဟုတ်ဘဲ စစ်တကောင်းမှ ဗြိတိသျှခေတ်မှသာ စိမ့်ဝင်သောသူများဟု စွပ်စွဲခြင်းသည် ရိုဟင်ဂျာကို လူမျိုးရေး၊ ဘာသာရေးအရ သေးသိမ်စေလို၍သာ ဖြစ်သည်။ ဤသို့ဖြင့် ရိုဟင်ဂျာကို တစိမ်းတရံပြုပြီး ရခိုင်ပြည်မှနှင်ထုတ်နိုင်ပါက ရခိုင်ပြည်သည် မိမိ တို့၏ တဦးတည်းပိုင် ဖြစ်သွားနိုင်မည်ဟု ယုံကြည်ချက်ဖြင့် ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ရိုဟင်ဂျာ သမိုင်းရေးသမျှကို အထောက် အထား ရှိရှိမရှိရှိ ဒဏ္ဍာရီဟုပြောပြီး ရေးသားသူများကိုလည်း ပုံပြင် ဆရာများဟု သိက္ခာချသည်။ ဒေါက်တာအေးချမ်ကလည်း မိမိက သမိုင်းပညာရှင်ဟူသော ဂုဏ်ဖြင့် ဇော်မင်းထွဋ်ကို လွမ်းမိုးရန် သိက္ခာချရန် စိတ်ဓါတ်ကျစေရန် အားထုတ်ခြင်းသာဖြစ်သည်။ ဤသို့သော အားထုတ်မှုများ အစဉ် မှ ၁၉၄၂ ခု လူမျိုးရေး သန့်စင်မှု့ (အဓိကရုဏ်း) ဖြစ်ပေါ်လာခဲ့သည်။
ယင်းကိစ္စကိုပင် သိမြင်သူများလည်း လက်မခံ၊ မှတ်တမ်းများ နှင့် လည်းမကိုက်ညီ၊ အမြင် သစ်တစ်ခု တင်ပြ ပြန် သည်။ ၁၉၄၂ ခုနှစ် အဓိကရုဏ်း သည် ဗြိတိသျှအစိုးရက ဘင်္ဂလားနယ်စပ်ရှိ သူ့အခေါ် စစ်တကောင်း ကုလားများကို စစ်လက်နက် တပ်ဆင်ပေးခဲ့ရာ ကုလားများက ဂျပန် ကို မတိုက်ဘဲ ရခိုင်ကို တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က နိုင်ငံရေးကို ဦးဆောင်ခဲ့သူ ရခိုင် အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဘုံပေါက် သာကျော်ကမူ ၁၉၄၂ ခု အဓိကရုဏ်းသည် (ရခိုင်အမျိုးသား လူများစု နေထိုင်ရာဖြစ်သော) မြေပုံ၊ မင်းပြားတို့ မှ (မတ်လ ၁၈ ရက်) က စတင် သည်ဟု တွေ့ရသည်။ (ဘုံပေါက် ၁၉၇၃-စာ၇၀-၉၂)။ ဤအဓိကရုဏ်းမှ ရခိုင်ပြည် အတွင်းဖက်ရှိ ရိုဟင်ဂျာများ ရွာလုံးကျွတ် မီးတင်ရှို့ခံခဲ့ ရသည်။ အစုလိုက် အအပြုံလိုက် အသတ်ခံခဲ့ရသည်။ သိန်း နှင့် ချီသော လူများ မြောက်ပိုင်းသို့ ရွှေ့ပြောင်း ထွက်ပြေးခဲ့ရသည်။ ဘင်္ဂလား   ရောင်ပူစခန်း၌ တသိန်းခန့် ဒုက္ခသည် အဖြစ် ခိုလှုံခဲ့ရသည်။ အဖြစ်မှန်မှာ သူ့အခေါ် စစ်တကောင်း သားများက အဓိကရုဏ်းကို ဖန်တီးခြင်းမဟုတ်၊ ICS ဦးသာဇံလှ၊ ဆရာတော် ဦးပညာသီဟ၊ဆရာတော်ဦးစိန္ဒ တို့ ဦးဆောင်ခဲ့သော ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအဖွဲ့၏ဦးဆောင် လမ်းညွန်မှုဖြင့် စီမံကိန်း ကျကျ အကောင်အထည် ဖေါ်ခဲ့ခြင်း ဖြစ်ပါသည်။ မောင်းတော၊ ဘူသီးတောင် ဖက်တွင် အတွင်းဖက်မှ ထွက်ပြေး တိမ်းရှေင်သူ များ၏ တန်ပြန် တိုက်ခိုက်မှုကြောင့် ရခိုင် သားများဆုံးရှုံး ခဲ့ရကြောင်းလည်း သိရပါသည်။
ဒေါက်တာအေးချမ်က သူ၏ ဆောင်းပါး ဦးတည်ချက်ဖြစ်သော ရိုဟင်ဂျာကို ငြင်းပယ် ရေး နှင့်မည်သို့ မျှ ဆက်စပ်မှု့ မရှိသော မူဆလင်သူပုန်၊ မူဂျာဟစ်များက ရခိုင်အမျိုးသားများ အပေါ် ရက်စက် ကြမ်းကြုတ်ခဲ့ပ၊ုံ နှိပ်စက်ခဲ့ပုံကို မီးမောင်း ထိုးခြဲ့ပန်သည်။ မူဂျာဟစ်သည် သူပုန်များပါ။ ဥပဒေ အပြင် ဖက်ကသူများပါ ရခိုင်များပေါ်တွင် မကောင်းခဲ့ခြင်းသာ မဟုတ် သူတို့လူမျိုးပေါ်ပါ မကောင်းခဲ့ပေ။ သူတို့ကို ဘယ်သူမှ အကောင်း မပြောပါ။ ဒေါက်တာအေးချမ်း ပြောသလို ရခိုင်များကို တဖက် စောင်းနင်း လူမျိုးရေးအရ နှိပ်ကွပ်မှု့ပြုရန် ထိုစဉ်က ရခိုင်ပြည် နိုင်ငံရေး အခြေအနေက ခွင့်ပြု မယ်မထင်ပါ။ ရခိုင်အမျိုးသားမြေအောက် လက်နက်ကိုင် အဖွဲ့အစည်းများရှိနေခဲ့၍ တန်ပြန်တုံ့ပြန် မည်ကို မူဂျာဟစ်များက အမြဲ စဉ်းစားခဲ့ရသည်။ ဤနေရာတွင် မူဂျာဟစ်များ၏ Uncivil acts ရိုင်းစိုင်း ဆိုးသွမ်းမှုများသည် နိုင်ငံတော်၏ တရားဝင် လက်နက် ကိုင် အဖွဲ့အစည်းဖြစ်သော ဗမာ့နယ်မြေတပ်ဖွဲ့ BTF ၏ဆိုးသွမ်းမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။ မှတ်တမ်း တင်ဖွယ်ပင် မဟုတ်ပါ။ ယနေ့ တစည ပါတီ ဥက္ကဌ ဦးသာကျော် သည် BTF ၏တပ်ရင်းမှုးဖြစ်ပြီး တပ်ဖွဲ့ဝင် အားလုံးသည် ရခိုင်အမျိုးသားများ ဖြစ်ခဲ့ပါသည်။ သူတို့၏ ရွာများ မီးတင်ရှို့ခြင်း၊လူသတ်ခြင်း၊ နှိပ်ကွပ်ခြင်း၊ ငွေညှစ်ခြင်း အစရှိသည်များ လွန်ကဲလာပြီး၊ ဖုံးဖိမရဖြစ်ခဲ့၍ ဗိုလ်ကြီးခင်ဇာမုံဦးဆောင်သော ချင်း တပ်ရင်း ကို ၁၉၅၅ ခုလောက်က အစားထိုး တာဝန်လွှဲအပ်ခဲ့ရသော အမိန့် ပြန်တမ်း၊မှတ်တမ်းများ ယနေ့ထိ ရှိနေပေသည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့တွင် သဘောထားကြီးသူ၊ အမြင်ကျယ်သူ၊ မြောက်များစွာ ရှိပါသည်။ သူတို့က ရခိုင် နှင့် ရိုဟင်ဂျာ သမိုင်းကြောင်း အရ ကောင်းတူ ဆိုးဖက်နေထိုင် လာသူများ ဖြစ်သည်။ အနာဂတ်မှာလည်း လက်တွဲသွားရမည်။ ကွဲလွဲမူကိုမှု သေးသိမ်စေ၍ စည်းရုံးရေးကို အခြေခံရမည်။ ဘုံရပ်တည်ချက် ထားရှိရ မည်ဟု ယုံကြည်သူများဖြစ်ကြသည်။ ရခိုင်-ရိုဟင်ဂျာကို အင်ဒိုအာရိယဉ် များမှဆင်းသက် သူ အမွှာညီနောင် များဖြစ်ပြီး ညီညွတ်မှုကိုတည်ဆောက်သင့် သည်ဟုဆို၏။ (ဗိုလ်မှုးထွန်းကျော်ဦး-ငြိမ်း၊ ၁၉၉၀- ပါတီစာစောင် ၆-၇) ဒေါက်တာ အေးချမ်းက မူလ ဆောင်းပါးမှာ ရခိုင်ပြည်တွင် ဝေသာလီခေတ်၌ အိန္ဒိယ မြောက်ပိုင်း ယဉ်ကျေးမှုများ လွှမ်းမိုးနေပြီး တိဘက်မြန်မာ အုပ်စုက ဆယ်ရာစုမှ ဝင်ရောက်မင်းနိုင်ငံ ထူထောင် ခဲ့ကြောင်း ရေးသားခဲ့ပြီး ယ္ခုဆောင်းပါးတွင် ဓညဝတီ၊ ဝေသာလီခေတ်က ပြည်သူများသည် မွန်ဂိုလွိုက် များဟု ဆိုပြန်သည်။ ရှေးနောက် မညီဖြစ် နေ သည့် သူ့အဆို Aတွက် Pamela Gutmanကို ကိုးကား ထားသည်။ ကျွန်ုပ်တို့ တွေ့ရှိသည့် Pamela Gutman ၏ Ancient Arkan စာအုပ်မှာ ထိုစဉ်ကရခိုင်ပြည်သည် အ ရှေ့ပိုင်း အိန္ဒိယ အ စိတ်အ ပိုင်းတစ်ခု ဖြစ်နေခဲ့၍ သမိုင်းဆရာများက စိတ်မဝင်စားခဲ့ပေ။
ဆယ်ရာစု နောက်ပိုင်းမှ မြန်မာများ လွှမ်းမိုးလာသည်။ ဆယ်ရာစုတွင် ရိုးမကျော်၍ ဝင်လာသူ မြန်မာ ရခိုင်များ နှင့် သက်တို့ အ ပြန်အ လှန် တိုက်ခိုက် မှု မှတ်တမ်းများရှိခဲ့သည်။ သက် ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့ပေသည်။ သက်၊ မြူ၊ ခမီးတို့သည် ရခိုင်ပြည်သို့ ရခိုင်များ ထက်စော၍ ရောက်ရှိပြီး ရခိုင် သည် နောက်ဆုံးဝင်လာသော လူအုပ်စုဖြစ်သည်။ ရခိုင်တို့က မြောက်ပိုင်း မြေနိမ့် ဒေသကို ချုပ်ကိုင် အုပ်ချုပ်လာသည်။မြို့ကိုလည်း အ ရှေ့ဖက်    လေးမြို့ မြစ်ကမ်းသို့ရွှေ့ပြောင်းခဲ့သည်။ ဆယ်တစ်ရာစုမှ စ၍ ဆက်လက် ရာစုနှစ်သုံးရာကျော် မြန်မာများ လွှမ်းမိုး နိုင်ခဲ့သည်။ အ နောက်ဖက် အ ထူးသဖြင့် ဘင်္ဂလား လွှမ်းမိုးမှု ကန့်သက်လာပြီး မြန်မာမှု တိုးပွါး လာခဲ့သည်။ (Pamela ၁၉၇၆ စာ-၁၄၊ ၁၆၊ ၂၂၊ ၇၀၊ ၇၅၊ ၂၀၃၊ ၃၂၀၊ ၃၂၁ စသည်ဖြင့် လူမျိုးများနှင့် နိဂုံး (နိုင်ငံရေး ) အ ခဏ်းများတွင် တွေ့ရသည်။)
မောရစ်ကောလစ်ကလည်း ရှေးခေတ်က ကျောက်စာ၊ ဒင်္ဂါး၊ မြို့ပျက်များကို လေ့လာ၍ ဝေသာလီသည် မြန်မာတို့၏ ရှေးဦး မြို့တော်မဟုတ် ဟိန္ဒူတို့ ၏ နောက်ဆုံး မြို့တော်ဖြစ်သည်ဟု သုံးသပ်ထားသည်။ (M.Collis, JBRS, ၁၉၆၀-စာ -၄၈၈) အ သာဖီယာကလည်း ထိုနည်း နှင်နှင်ရေးသည်။ D.G.E.Hallက မြန်မာတို့သည် (၁၀) ရာစုအ ထိ အ ခြေစိုက်လာပုံမပေါ်၊ ထိုစဉ်က မင်းဆက်များသည် အိန္ဒိယ မင်းဆက် များ ဖြစ်ပြီး ဘင်္ဂလားနှင့် တူညီသော လူမျိုးတစ်မျိုးကိုပ်ချုပ်ခဲ့သည်။ ရှေးခေတ် မြို့တော်များ သည် ယခုစစ်တွေခရိုင်တွင်ရှိပြီး တောင်ပေါ်သားများ၊ ရှမ်းများ၊   မြန်မာများ နှင့် ဘင်္ဂလီများ၏ အဆက် မပြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တည်ငြိမ်သော အ စိုးရမရှိခဲ့သော အ ချိန်ကာလကလည်း ရှည်ရှည် လျားလျားရှိခဲ့ပေ သည်(D.G.E.Hall ၁၉၆၁,စာ-၂၆၄, Chapter Burma )ဇော်မင်းထွဋ်ကို Epigraphy, Paleology, သဘောနားမလည်၊ အ ရှေ့တောင်အာရှတွင် အိန္ဒိယယဉ်ကျေးမှု ပြန့်နှံ့ လာပုံ မသိဟု စွပ်စွဲ ထားပြန်သည်။ ဇော်မင်းထွဋ်သည် Archaeology, inscriptions,Coins, ဗိသုကာ လက်ရာ၊ ကျေက်စာ ၊ ငွေဒင်္ဂါးများကို လေ့လာ၍ သမိုင်းပြုစုခြင်း မဟုတ်၊ ငယ်ရွယ်သော သမိုင်းလေ့လာသူ တစ်ဦးသာ ဖြစ်သည်။ အသိအ မှတ်ပြုခံ အ ထင်ကရ သမိုင်း ဆရာများ၏ ရိုဟင်ဂျာ(ဝါ) ရခိုင်ပြည် မူဆလင်များ နှင့် ပက်သက်၍ ရေးသားခဲ့သည်များကို စုဆောင်း၍ ဒေသ အ ခြေအ နေ နှင့်ပေါင်းစပ်ပြီး စာအုပ်ပြုစုခြင်း ဖြစ်ပါသည်။ သူ ရေးသား ထားသော သမိုင်းဆရာကြီး များ၏ ရေးသားချက်များမှားယွင်းသည်ဟု ဆိုလျှင် ဇော်မင်းထွဋ်လည်း မှားမည် ဖြစ်ပါသည်။ ရိုဟင်ဂျာ(ဝါ) ရခိုင်မှ မူဆလင်များ နှင့်ပက်သက်၍ ထိုသမိုင်းဆရာများ၏   ရေးသားချက် ကို ဒေါက်တာအေးချမ်း ကျေနပ် မှုမရှိပါက သက်ဆိုင်သူများ နှင့် ဆက်သွယ် ရှင်းလင်း ယူနိုင်ပါသည်။ ထိုဆရာများ အ တော်များများ အ သက်ရှင်လျှက် ရှိပါသည်။မောင်းတော၊ ဘူသီးတောင်နယ်များတွင် ရိုဟင်ဂျာများ၊ ရခိုင်လူမျိုးများ ထက်စော၍ ရောက်ရှိသည် ဟု ဒေါက်တာအေးချမ်းကို   ဇော်မင်းထွဋ် က ကိုးကားခြင်း မပြုခဲ့ပါ။ ထိုနယ်များ၏ လူနေမှုအ ကြောင်းကိုအ ထင်ကရ သမိုင်းဆရာများက သုံးသပ်ထားသည်။ တတိယ ဝေသာလီ နိုင်ငံကို အနောက်ဖက်မှ (အ ရှေ့ ဘင်္ဂလားမှ) မဟာဝိရ က (၇) ရာစု အ စတွင် ထူထောင်သည်။ သူ၏ မင်းမြို့တော်သည် မောင်းတော နယ်ဖြူမဒေသ ဖြစ်ခဲ့သည်။ နောက်ပိုင်း တခြားမြို့ရွာများကို ပါသိမ်း၍ ဝေသာလီ သို့ပြောင်းရွှေ့ခဲ့ သည်ဟုPamela ကသုံးသပ်ထားသည်။ (Pamela ၊ ၁၉၇၆ – စာ ၄၄ – ၄၅) ထိုဒေသတွင် မဟာဝိရ မျိုးနွယ်နောက်လိုက်များ အ ခြေစိုက်မည်ကို ငြင်း၍မရပေ။ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက တဆင့်တိုး၍ မှတ် ချက်ပေးပြန်သည်။ သူက ကျေက်စာအ မှတ် ၉၆၃/၂၀-၂၃/၁၄၄ ကို ကိုးကား၍ ယ္ခု နတ်မြစ် အ ရှေ့ မေယု ဒေသမှာ မူဆလင်ဘုရင်များ ရှိခဲ့ကြောင်း၊ ဘင်္ဂလားကို မူဆလင် အ ယူရောက်သည့် (၁၃) ရာစု လောက် က ဖြစ်နိုင်ကြောင်း၊ ထိုမူဆလင်မင်း သည် ယ္ခု ထိုဒေသရှိ ရိုဟင်ဂျာများ ဖြစ်မလားဟုသုံးသပ် ရသည်။ ထိုသူများကလည်း ထိုဒေသမှာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေသည်ဟု ဆို၏။တစ်ထောင်မရှိလျှင် နှစ်ပေါင်း ရှစ်ရာ လောက်တော့ ရှိနိုင်သည်ဟု သုံးသပ်ထားသည်။ (သန်းထွန်း ၁၉၉၄-မြောက် ရခိုင် ဆောင်းပါး)
ဤတွင် ဒေါက်တာအေးချမ်းရေးသလို ရိုဟင်ဂျာသည် စစ်တကောင်းမှ ဝင်လာသူများဟု အ တည်ပြု ရန် ခဲယဉ်း နေပေသည်။ ရိုဟင်ဂျာများသည် အာရဗ်နွယ်လျှင် အင်ဒိုအာရိယဉ်နွယ်သော စကား အ ဘယ်ကြောင့် ပြောသနည်း။ မေးခွန်း ထုတ်ထားပြန်သည်။ ရိုဟင်ဂျာ စကားမှာ အာရဗ် နှင့် ပါရှန်း အ သုံး အနှုံး၁၅% မှ ၂၀% ထိ ရှိနေသည်ကို ဒေါက်တာအေးချမ်း မသိခြင်း သာဖြစ်ရမည်။ အ င်ဒို အာ ရိယဉ် နွယ်သော စကား   နှင့်   နှီးနွယ်နေ   ခြင်း မှာ ရှင်းလင်းနေပါသည်။ လူမျိုးအ နွယ်အားဖြင့် အ င်ဒိုအာ ရိယဉ် နှင့် ဆက်နေသည်။ ဘင်္ဂလား နှင့် ရခိုင် ရာစုနှစ်ပေါင်း များစွာ အုပ်ချုပ်ရေး တစ်ခုအောက်တွင် ရှိခဲ့သည်။ ဘင်္ဂလားယဉ်ကျေးမှု လွှမ်းမိုးမှု ရှိခဲ့သည်။ ရခိုင်ဘုရင်ခေတ်ကလည်း ဘင်္ဂါလီ ဝန်ထမ်းများ နှင့် ဘင်္ဂါလီ စာပေကိုဘုရင်များက မြောက်စား ခဲ့သည်။ ဂန္တဝင်မြောက် ဘင်္ဂါလီစာပေများ ရခိုင်ပြည် မှ ထွက်ခဲ့သည်။ (Dr.Kanungo, 1978,Chapter XIII section II )
ဘင်္ဂါလီ စကားခွဲတမျိုးသည် မြန်မာပြည် လွတ်လပ်ရေး ရရှိသည်အ ထိ (ရခိုင်ပြည်မ၏) အ များဆက်သွယ် ရေး ဘာသာစကား ဖြစ်ခဲ့ သည်။   ဒေါက်တာအေးချမ်း ကိုယ်တိုင်ကလဲ ထိုစကားကို တတ်ကျွမ်းပါသည်။ ရခိုင်ပြည်ရှိ တိုင်းရင်းသား လူနည်းစု ဒိုင်းနက်၊ မြန်မာကြီး၊ သက်တို့ကလည်း ဘင်္ဂလားနွယ်သသော ဘာသာစကား တမျိုးစီ ပြောဆို ကြပါသည်။ (ဦးလှထွန်းဖြူ ၁၉၈၁၊ စာ-၁၀-၁၆)၊ သို့ဖြစ်ပါ၍ ရိုဟင်ဂျာစကား သည် လည်း ဘင်္ဂါလီ လွှမ်းမိုးမှုမှ မလွတ်ကင်းနိုင်ချေ။ ရှေးခေတ် ရခိုင် ကျေက်စာ များပါဘာသာစကားများလည်း ရိုဟင်ဂျာ စကားများနှင့် တူညီနေ သည်ဖြစ် ၍ ဇော်မင်းထွဋ် က ရှေးရခိုင်ပြည်ကျောက်စာတချို့ ရိုဟင်ဂျာ ယဉ်ကျေးမှုခေါင်းစဉ် အောက်တွင် ထားရှိ ပုံရပါသည်။ဤမျှကျယ်ပြန့် နက်ရှိုင်းသည့် သမိုင်းဝင် မှတ်တမ်းများရှိပါလျှက် နှင့် အားလုံးကို ခေါက် ထား ၍ဒေါက်တာအေးချမ်း ဆန္ဒရှိသလို R.B Smart ကိုလိုက်ပြီး စစ်တကောင်းမှ အ င်္ဂလိပ်ခေတ်မှာ ဝင်လာ သူများဖြစ်သွားရမလား၊ R.B Smart လိုပုဂ္ဂိုလ် တစ်ဦးက လူမျိုး တမျိုး၏ ကံကြမ္မာကို အ ဆုံးအ ဖြတ် ပေးခွင့်ရှိသလား၊ R.B Smart က မူလ အ ခြေခံ အ ထောက်အ ထားကို ကိုးကားခြင်း မဟုတ်၊ သူ့ရုံးရှိ ရခိုင်အ မျိုးသားများ၏ ပယောဂ လွှမ်းမိုး ၍ စစ်တကောင်း သားဟု   ရေးခြင်းဖြစ်သည်။ သူ့စာအုပ် တစ်အုပ်လုံးလေ့လာပါက ရခိုင်သမိုင်း ဆရာများကို၊ ရခိုင်ဒဏ္ဍာရီ Legend များကို ကျယ်ပြန့် စွာ အ ခြေခံ ထား ကြောင်းတွေ့ရသည်။ သူရေးသော အ ကြောင်းအ ချက် တော်တော် များများ ယနေ့ မှားယွင်း နေကြောင်း တွေ့ရပြန်သည်။ ဥပမာ ဒိုင်းနက်လူမျိုးသည် စစ်တကောင်း သွေးနှောသည်။ ရခိုင်ဘုရင်များ ဖမ်းဆီး ခေါ်ဆောင်လာခ့ေဲ သာ မူဆလင်ကျွန်များ၏ နွယ်ဝင်များ ဖြစ်သည်ဟု ဆိုထားခြင်း ကို ယနေ့ ဒိုင်းနက်လူမျိုးများလက်မခံကြချေ။
ဒေါက်တာအေးချမ်းက ရခိုင်ပြည်မှ မူဆလင်များကို ဗြိတိသျှ မှတ်တမ်းမှာလည်းစစ်တကောင်းသားဟု တွေ့ရကြောင်း ဆိုပြန်ပါသည်။ ဗြိတိသျှ မှတ်တမ်း တစ်ချို့မှာ မွန်ကို တလိုင်းဟုလည်းကောင်း၊ ကယားကို ကရင်နီ ဟုလည်းကောင်း ကရင်ကို ကော်သူလေး ဟုလည်းကောင်း၊ ရခိုင်ကိုမောဂ် ဟုလည်းကောင်း တွေ့ရှိရမည် ဖြစ်သည်။ R.B Smart ကလည်း တချို့ စာမျက်နှာမှာ ရခိုင်ကို မောဂ်ဟုရေးသား ထားသည်ကို တွေ့ရ၏။ ဤလူမျိုးများ အားလုံး ယ္ခုနာမည်များကို စွန့်လွှတ်ပြီး နာမည်ဟောင်းကို ခံယူရမလား။ ရိုဟင်ဂျာကို ဗြိတိသျှ မှတ်တမ်းအ တိုင်း ဖြစ်ရမည် ဆိုလာခြင်းကို မည်သို့သုံးသပ်ရမည်နည်း။
R.B Smart ကို ဤမျှ အ ရေးပေးလျှင် သူ့စာအုပ် တခြားမျက်နှာမှာ ရေးထားရှိသည်ကိုလည်း သုံးသပ်ရမည်။ သူ့အ ဆိုအ ရ အ င်္ဂလိပ်ခေတ် သန်းခေါင် စာရင်းမှာ လူဦးရေ တိုးပွါးလာ နေခြင်းသည် ဘင်္ဂါလား မှ ရာသီ အ လိုက်ဝင်လာသူ အ လုပ်သမားများ ပါဝင်နေ၍ ဖြစ်သည်။ ထိုသူများသည် အမြဲတမ်းနေထိုင်နေသူများ မဟုတ်၊ မိုးဦးရာသီ နှင့် နွေဦးရာသီများတွင် ဝင်လာကြပြီး ရာသီကုန်လျှင် တခြား အ လုပ်ရှာဖွေ လုပ်ကိုင်သူ အ နည်းစုမှ အ ပ အ များစုမှာ ပြန်သွား ကြသည်။ စစ်တွေတွင် မေလ ဆို အ လုပ်ရာသီကုန်၍ လှည့်လည်သူ (A Few Stragglers ) မှ အ ပ ကျန်သူများ ပြန်သွား တတ်ကြ သည်။ (R.B Smart -1957, P -100) ဒေါက်တာ သန်းထွန်းက ဤရာသီ အလိုက် ဝင်လာသူများကို Floating People ဟုသုံးထားသည်။( သန်းထွန်း-၁၉၉၉၊ စာ-၇၁)ဤရာသီအ လိုက်ဝင်လာသူများ နှင့် အစဉ်အဆက် နေထိုင်သူများကို အ ပြင်လူများက တူညီသော ယဉ်ကျေးမှု ရှိသည်ဟု မြင်သော်လည်း၊ သူတို့ အ ချင်းချင်းမှာ မတူညီ ကွဲလွဲမှုများ ရှိနေပါသည်။ အ ပြင်လူများက ရောနှော၍ ကုလား လုပ်ထားခြင်း ဖြစ်သည်။ ရခိုင်ပြည်ရှိ လူဦးရေကို ဆန်းစစ်ပါက ၁၈၂၆ ခုအင်္ဂလိပ်စာရင်း မှတ်တမ်းမှာ မူဆလင် ၃၀% ပြထားသည်။ မြန်မာမင်း လက်ထက် ဘင်္ဂလားသို့ ထွက်ပြေးသူများတွင်လည်း မူဆလင် ဦးရေ ပမာဏ အ ထက်ပါအ တိုင်း ရှိမည်။ ဘင်္ဂလားသို့ ထွက် ပြေးသူများတွင်မူဆလင် ပါရှိကြောင်း ဘုံပေါက်သာကျော်၏ မှတ်တမ်းတွင် တွေ့ရသည်။ (ဘုံပေါက် ပြည်ထောင်စုနှင့်ရိုဟင်ဂျာ အ န္တရာယ် – ၁၉၉၀-၊ စာ ၃၈ )။ ဤတွင် အ င်္ဂလိပ်ခေတ်ဦးမှာ ပြန်ဝင် လာသူများ တွင်ရခိုင်များရှိသလို မူဆလင်များ၊ ရိုဟင်ဂျာများ လည်းရှိပေမည်။ ထိုသူများကိုပါ စစ်တကောင်းမှ ကျူးကျော်ဝင်လာသူ Intruders ဟု ဒေါက်တာ အေးချမ်း ဆန်းစစ်မှု မရှိဘဲ စွပ်စွဲခြင်း သည် တရားလွန် ဖြစ်သွားသည်။ရခိုင်ရှိ မူဆလင်များ၊ ရိုဟင်ဂျာ များ၏ သမိုင်းဝင်မှုကို သမိုင်း ပညာရှင်များက အတည်ပြု လက်ခံသည်။ နိုင်ငံရေးသမားများက ပယောဂကြောင့် ငြင်းပယ်ခြင်း သာ ဖြစ် သည်။ ဒေါက်တာ သန်းထွန်း၊ ဒေါက်တာခင်မောင်ညွန့် တို့သည် မြန်မာပြည်သူများ အ သိအ မှတ်ပြုထားသော မြန်မာ့ သမိုင်း ပညာရှင်  များဖြစ် ပါသည်။ ဒေါက်တာခင်မောင်ညွန့်က အစ္စလာမ် သာသနာသည် အာရဗ် ကုန်သည်များမှ တဆင့် အရှေ့ဖျားသို့ ကူးဆက် လာသည်။ ရခိုင်ပြည်တွင် (၈) ရာစုကပင် စတင် အခြေချလာပြီး မြောက်ဦး ခေတ်၊ပေါ်တူဂီ- ရခိုင်တို့ ဖမ်းဆီး ခေါ်ဆောင် လာသော ကျွန်များကြောင့် လူဦးရေ တိုးပွါးသွား သည်ဟုရေးသားထားသည်။ (ခင်မောင်ညွန့် တက္ကသိုလ်၊ သမိုင်းသုတေသန ငွေရတုမဂ္ဂဇင်း၊ပေါ်တူဂီမြန်မာဆက်ဆံရေး)။
မြန်မာပညာရှင်များ ထိုသို့ သုံးသပ်ထားလျက် နှင့် ဒေါက်တာအေးချမ်းက ရခိုင်တွင် မြောက်ဦး မတိုင်ခင် (၁၅ ရာစုမတိုင်ခင်) မူဆလင်မရှိ ရိုဟင်ဂျာဟူ၍ မည်သည့် သမိုင်းမှတ်တမ်းမှာ မှ မတွေ့ခဲ့ ဟုဆိုခြင်းမှာ လက်ခံသင့်သော ဆင်ခြေမဟုတ်ပါ။ ပညာရှင်တစ်ဦးက မတွေ့မြင်၍ လူမျိုးတစ်မျိုး မပျေက် ကွယ်နိုင်၊ ပညာရှင်ကလည်း အားလုံး မြင်သည်ဟူ၍ မရှိပါ။

ရိုဟင်ဂျာ ဆင်းသက်ပုံ Etymology နှင့်ပက်သက်၍ ဇော်မင်းထွဋ် ကိုးကားထားသော, F-Buchanan, Dr-Kanungo, Sir Arther Phayre တို့၏_________ မှတ်တမ်းများကို လေ့လာကြည့်ရန်လိုသည်။

သုတေသီဦးကျော်ခင်
ရန်ကုန်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: