Leave a comment

စစ်တွေတွင်သတ်လိုက်သည်ဆိုသော ကလေးနှင့်အမေ ကို အာဏာပိုင်မှ ထုတ်ပြ

မိမိထံအရေးပေါ် သတင်းများ၊သတင်းအမှန်များ၊အထောက်များပေးပို့လိုလိုပါက
 အောက်ပါ အီးမေးလ် လိပ်စာအတိုင်း ပေးပို့လျှင် စီစစ်၍အမြန်တင်ပေးပါမည်။
========================
 danyawadi9@gmail.com
========================
လန်ကြုတ်သတင်းအမျိုးမျိုးဖတ်ကြားပြီးသတိဝိရိယ ထားရှိဖို့လိုမယ်
Rohingya Denmark shared Abdu Karim‘s photo.
ယမန်နေ့ ၂၉/၉/၂၀၁၂ (စနေနေ့)က စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် အနီး ဖြစ်ပျက်ခဲ့သော ရခိုင်ကလေးငယ်တစ်ဦးအား ရိုဟင်ဂျာများ ရိုက်နှက်မှု နှင့် ရခိုင်လူအုပ် အုံကြွမှုဖြစ်ရ…
ရခိုင်ကုလားတွေ သတ်လိုက်ပါတယ်/ရိုက်လိုက်ပါတယ် ဆိုတဲ့ကလေးနဲ့ ကလေးရဲ့အမေရဲ့ပုံ …
Racist ခွေးရူးတစ်သိုက်ရဲ့ လုပ်ကွက်က June 6 2012 အဖြစ်အပျက်ကို အလိမ်ပေါ်စေခဲ့တာပဲ…
Forall‘s photo.

ရေခဲရေားပုံးလွယ်ထားသော ကလေး မိခင်နှင့်အတူ တွေရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ရပ်ကွက်အတွင်းသို့ ရောက်ရှိပြီး ပျောက်ဆုံး သွားသည်ဟု သတင်း ထွက်ပေါ်ခဲ့သော ကလေး မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်) အသက် ၁၂ နှစ် အားတွေ့ရစဉ် …
xxxxxxxxxxxxxxxxxxxxxxxxx
စစ်တွေတွင် မွတ်စလင်မ်တို့ အား ကောလဟာလဖြန့်၍ အကြမ်းဖက်ရန် စတင်ကြံစည်မှု အထမမြောက်
အထူးသတင်း မြန်မာမွတ်စလင်မ်သတင်း ♦♦♦ ၂၈ စက်တင်ဘာလ ၂၀၁၂

သတင်း – SK (MMM)

ရသေ့တောင်ကြေငြာချက် ထွက်ပေါ်အပြီးတွင် ရိုဟင်ဂျာမွတ်စလင်တို့ အား လူစုလူဝေးဖြင့် အကြမ်းဖက်သတ်ဖြတ်ရန် ကျူးလွန်မှုတစ်ရပ်ကို ယနေ့ နေ လည်၂နာရီခန့် မှ စတင်၍ စစ်တွေမြို့ ပေါ်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ဘာသာရေး အစွန်း ရောက် ဘုန်းကြီးများက ပြုလုပ်ခဲ့ရာ

ဓါတ်ပုံ –http://www.thithtoolwin.net/

လုံထိန်းနှင့် စစ်တပ်တို့ က အချိန်မှီ တားဆီးနိုင်သဖြင့် ယခုအချိန်ထိရခိုင် ဗုဒ္ဓဘာသာဝင်တို၏ အကြမ်းဖက်ရန် အား ထုတ်မှုမှ အထမမြောက် သေးကြောင်း စစ်တွေ ဒေသခံများက myanmarmuslim.net သို့ ပြောကြား သည်။

“ဒီရခိုင်မှာကုလားကို လုံးဝမထားဘူး၊ ကုလားတိုင်းပြည်မဟုတ်ဘူး၊ရခိုင်တိုင်းပြည်၊ ရခိုင်ပြည်မှာ ကုလား လုံးဝ မရှိစေရဘူး” ဟူသောကြွေးကြော်သံများ နှင့် ရခိုင်လူမျိုး အင်အား သောင်းကျော်နှင့် ဗုဒ္ဓဘာ သာ ဘုန်းကြီး ၃၀၀ခန့် ကစစ်တွေမြို့ အောင်မင်္ဂလာရှိ အစ္စလာမ်ဘာသာဝင်များကို သတ်ဖြတ်ရန်အင် အားအ လုံး အရင်းနှင့် စနစ်တကျစုပေါင်း ကြိုးပမ်း ခဲ့ကြောင်း အောင်မင်္ဂလာတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် တစ်ဦးက myanmarmuslim.net သို့သတင်းပေးပို့ သည်။

ရခိုင်ဗုဒ္ဓသာသာဝင်များသည် စစ်တွေရှိအိစ္စလာမ်ဘာသာဝင်များကို အလုံးအရင်းဖြင့်ဝင်ရောက်သတ်ဖြတ် ရန်အတွက် ရခိုင် ဗုဒ္ဓဘာသာ ကလေးတစ်ဦးကို ဘင်္ဂလီ(ရိုဟင်ဂျာအားဆန့် ကျင်သူတို့ခေါ်သည့်အမည်) များ က ရိုက်နှက်သတ်ဖြတ် ကြောင်း မဟုတ်မမှန် သတင်းလွင့်၍ အကြမ်းဖက်မှုဖြစ်အောင် စည်းရုံးလှုံ့ ဆော်ခဲ့ သည်။ အထက်ပါ အတိုင်း ကလေးငယ် တစ်ဦးဒဏ်ရာပြင်းထန်စွာ ရသည်ဟု မုသာဝါဒီရခိုင်သတင်းဌာနတို့ ကလည်း အင်တာနက် စာမျက်နှာများမှ တဆင့်ဖြန့် ဝေခဲ့ပြီး၊ ၄င်းသတင်းဌာနများကို မြန်မာအွန်လိုင်း မီဒီယာ များက ထပ်မံဖြန့် ဖြူးခဲ့သည်။

ထို့ နောက်အစ္စလာမ်ဘာသာဝင်တို့  သောကြာနေ့ နေလည်ဝတ်ပြုဆုတောင်းနေချိန်နေ့ လည်၁နာ၇ီခန့် တွင် ၀တ်ပြုချိန်ကို အခွင့်ကောင်းယူရန် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ရန် ရခိုင်လူဦးရေ ငါးထောင်ခန့် က စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက် အတွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ့ ရာ လုံထိန်းနှင့်တပ်မတော်သားများက အချိန်မှီတားဆီးထားရသည်။ နေ့ လည် ၁၁နာ၇ီကတည်းက ပျောက်ဆုံးခဲ့ သည်ဟု ဆိုသည့် ကလေးငယ်၏ အမည်ကို အကြမ်းဖက်လုပ်ရပ် လုပ်ကိုင်သူများမှ ညနေ ၄နာ၇ီအထိ ထုတ်ဖေါ်ပြောကြားနိုင်ခြင်းမရှိဘဲ၊ အခြေ အနေအရပ်ရပ်အား လုံထိန်းနှင့် စစ်တပ်များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြီးနောက် ပိုင်းရောက်မှ ကျေးတော ပိုက်ဆိပ်ရွာမှ အသက်၁၂နှစ်အရွယ် မောင်အောင်နိုင်ဦး (ဘ-ဦးစောမောင်) ဟူသောအမည်တစ် ရပ်ကို သုံးခဲ့သည်။

အကြမ်းဖက်ရန်ကြိုးပမ်း သူများသည် စစ်တွေမြို့ ဦးဥတ္တမပ ပန်းခြံအရှေ့တွင် လူဦးရေငါးထောင်ခန့် သည် လည်းကောင်း၊ ကင်းစတား (အဝေးပြေးကား) ဦးစံလှအောင် အိမ်ရှေ့ တွင် လူဦးရေ သုံးထောင်ခန့် သည် လည်းကောင်း၊ မောလိပ် အ.လ.က(၂)ကျောင်းအနီးနှင့် မင်းဘာကြီး လမ်းရှိ မြို့ တော်ခန်းမ၊ နဂါးဆီစက်(Hi Speed အင်တာနက်)ဆိုင်အနီးတွင် လူငါးထောင်ကျော်ခန့် လည်းကောင်း အသီးသီးပြစ်မှု ကျူးလွန်ရန် စုရုံး မှုများပြုလုပ်ခဲ့ကြောင်း ညဒေသခံများ၏ သတင်းပေးပို့ ချက်အရ သိရသည်။

အကြမ်းဖက်ရန်အားထုတ်ကြိုးပမ်းခဲ့ သူများအထဲတွင် မကြာမှကဖြစ်ပွားခဲ့သည့် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဠိပက္ခအတွင်း ကကဲ့ သို့ ပင် ဓါး၊ လှံ၊ဂျင်ကလိ၊ ဒုတ် များကိုင်ဆောင်သူ အချို့ လည်းပါဝင်ခဲ့ကြောင်း သိရ သည်။

နံမည်ကြီး မီဒီယာ တစ်ခုဖြစ်သော RFA သတင်းဌာနမှ မူ ကောလပာလကြောင့် ရခိုင်ဗုဒ္ဓဘာသာများ အောင် မင်္ဂလာတွင် ထောင်ချီပြီး စုရုံးမှုဖြစ်ခဲ့ကြောင်း သတင်းဖေါ်ပြထားသည်။

ယနေ့ဖြစ်စဉ်အမှန်မှာ ရခိုင် ဗုဒ္ဓဘာသာ ကလေးငယ် တစ်ဦး အောင်မင်္ဂင်္လာ ရပ်ကွက်တွင်ရေခဲချောင်း လာ ရောက် ရောင်း ချခြင်း ကို အားမန် ကုန်ပို့လုပ်ငန်းမှ ကိုအောင်သန်းက မွတ်စလင်မ်တို့အား ရေခဲချောင်း ရောင်းမှုဖြင် ကလေးငယ်အားကြိမ်း မောင်းရိုက်နက်ခဲ့ပြီး လူထုကြားတွင်မှု မွတ်စလင်မ်တို့က ရိုက်နှက် သတ်ဖြတ်ကြောင်း မမှန်သတင်းလွ

Win Htun shared Peace Forall‘s photo.
မောင်အောင်နိုင်ဦး ရေခဲချောင်းရောင်းရန်သွားသောစစ်တွေမြို့အင်ပါလာရပ်ကွက်အား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်..
by Ye Yint Nge on Saturday, September 29, 2012 at 4:44am ·

September 28, 2012 at 3:48 pm

စစ်တွေတွင် ရခိုင် လူငယ် တစ်ဦး သတ်ဖြတ်ခံရ

အရေးအခင်း ဖြစ်ပွားပြီး ၄ လခန့်အကြာ ယနေ့တွင်  စစ်တွေ၌ ရခိုင်ကလေးငယ် တစ်ဦး  အသတ်ခံလိုက် ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ လူငယ်မှာ ရေခဲချောင်းရောင်းနေသော စစ်တွေ ကျေးတောရွာမှဦးစောမောင်နှင့် ဒေါ်မချေတို့၏ သား အောင် နိုင် ဦး ဖြစ်ကြောင်း သိရသည်။သူ့အား သတ်ဖြတ်သူများမှာ စစ်တွေ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာ ရပ်ကွက်)မှဘင်္ဂလီ မွတ်ဆလင်များ ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောသည်။

ယခုအခါ အောင်နိုင်ဦး အလောင်းအား စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။ အောင်နိုင်ဦး သည် ယခုလအတွင်း ဒုတိယ အကြိမ်မြှောက်သတ်ဖြတ်ခံရသူ ဖြစ်ပြီးယခုလ ၁၁ ရက်နေ့ကလည်း ကျောက် တော်မြို့နယ် သရက်အုပ်ကျေးရွာမှဦးကျော်မောင်ချေကို  ကျောက်တော် ပိုက်သည်ရွာမှ မွတ်လဆင် အုပ်စု တစ်စုကသတ်ဖြတ်ပစ်ခဲ့သည်။

http://www.narinjara.com/burmese/?p=2382

September 28, 2012 at 5:22 pm

လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ

မင်းခိုင်မိုက်(ရန်ကုန်)

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလီများ က ရေခဲချောင်းရောင်းသူ ရခိုင်လူငယ်တဦးအား ၀ိုင်းရိုက်လိုက်ပြီးနောက် စစ်တွေမြို့အခြေနေမှာ တင်းမာနေသည်။ ယနေ့ နေ့လည် ၂နာရီခန့် အချိန်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် (ဘင်္ဂလီအများစုနေထိုင်ရာ) အင်ဘာလာလမ်းဆုံတွင် ရေခဲချောင်းရောင်းသည့် ရခိုင်ကလေးငယ်တဦးမှာ ဖြတ်သွားစဉ် ဘင်္ဂလီများမှ ခေါ်ယူပြီး ၀ိုင်းရိုက်ကြရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။ ” အဲဒီ ရေခဲချောင်းရောင်းတဲ့ ရခိုင်ကောင်လေးက အင်ဘာလာလမ်းဆုံက မင်းဗာကြီးလမ်းအတိုင်း ဖြတ်သွားတယ်။ ဒီတော့ အဲဒီနားမှာ ရှိတဲ့ ဘင်္ဂလီတွေက ရေခဲချောင်း ၀ယ်မလိုနဲ့ ခေါ်လိုက်တယ်။ သူတို့အကွက်နားက လမ်းကြားနားကိုရောက်ရော့ ၀ိုင်းရိုက်ကြတယ်။ ဒါကို တခြားရခိုင်တွေက မြင်ကြ၊ ကြားကြတော့ ရိုက်ကြတဲ့သူတွေက အင်ဘာလာထဲကိုဝင်ပြေး သွားတယ်။ အဲဒီနောက်ပိုင်းမှာ အခြေနေက တင်းမာနေတာ” ဟု ဆိုသည်။ အဆိုပါ ကလေးငယ်မှာ စစ်တွေမြို့ ကျေးတော ရပ်ကွက်နေ အဖ ဦးစောမောင် ၏သား မောင် အောင်နိုင်ဦး အသက် (၁၂) ဖြစ်ကြောင်း သိရှိရသည်။ ” ကောင်လေး သေတယ်လို့တော့ သတင်း ဖြစ်နေတယ်။ သေတယ်၊ မသေဘူး လားဆိုတာတော့ အတိအကျမသိသေးဘူး။ အဲဒီကောင်လေးကို စစ်တွေ စစ်တပ်ဆေးရုံးကို စစ်သားတွေ ယူသွားတယ်လို့ ပြောပါတယ်။ အခြေနေ တော်တော်ဆိုးတယ်လို့ တော့ ပြောတာပဲ။” အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးကလည်း ” အပြင်မှာတော့ တော်တော်ကို ဆူနေပါတယ်။ စစ်သားတွေ၊ ရဲတွေလည်း အများကြီးပဲ။ ဒေသခံရခိုင်တွေပါ၊ ဘုန်းကြီးတွေပါ ရောက်နေကြတယ်။ တချို့ကတော့ အဲဒီကလေးကို မတွေ့သေးဘူးလို့ ပြောပါတယ်။ စစ်တပ်ဆေးရုံကို ယူသွား တယ်လို့လည်း ပြောကြပါတယ်။” ဟု နိရဉ္စရာသို့ပြောသည်။ ယခုအခါ မင်းဗာကြီးလမ်းတလျှောက် အင်ဘာလာ အနီး တ၀ိုက် တွင် စစ်သား၊ ရဲသားများကို လုံခြုံရေးအပြည့် ချထားပြီး မည်သူမှ ဖြတ်သန်းခွင့်မပြုပဲ လမ်းပိတ်ထားသည်။ စစ်တွေဒေသခံ ရခိုင်လူထုအနေဖြင့်လည်း အဆိုပါကိစ္စအတွက် မကျေမနပ်ဖြစ်ကာ ဒေါသပေါက်ကွဲနေကြပြီး အင်ဘာလာအနီး တ၀ိုက်တွင် စောင့်ဆိုင်းနေကြကြောင်း စစ်တွေမှ ပေးပို့သော သတင်းများအရ သိရသည်။

http://www.narinjara.com/burmese/

Friday, 28 September 2012

(အရေးပေါ်သတင်းပေးချက် )ရခိုင် ကလေးငယ် တစ်ဦးစစ်တွေမြို့  အင်ပါလာရပ်ကွက်တွင်ပြင်းထန်ဒဏ်ရာရ

စစ်တွေမြို့အင်ပါလာရပ်ကွက်၊မင်းဘာကြီးလမ်းအတိုင်း ရေခဲချောင်းရောင်းရန်သွားသော ရခိုင် ကလေးငယ် တယောက် ဦးကို အင်ပါလာရပ်ကွက်မှ ဘင်္ဂလီကုလားများရိုတ်သတ်သဖြင့် ဒဏ်ရာအပြင်းအထန်းရကာ ဆေးရုံးတင်ထား ရပါသည် ဟုရွှေမြန်မာမီဒီယာဂရုသတင်းထောက်ဖြူဖြူအောင်မှ သတင်းပေးပို့ သည်။

အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေတင်းမာနေသည်ဟုဆိုသည်။ ။လူများသည်အင်ပါလာရပ်ကွက်ကိုချီ တတ်လျှက် ရှိပါ သည် ဟုရွှေမြန်မာမီဒီယာဂရုသတင်းထောက်မှပြောသည်။ဒဏ်ရရှိသွားသောကလေးငယ်မှာ စစ်တွေမြို့ ကျေးတော ရွာမှဟု စုံစမ်းသိရှိရပါသည်။ ၄င်းကလေးငယ်ကိုယခုစစ်ဆေးရုံးကိုသယ်ဆောင်သွား သည်ဟုဆိုသည်ယခု လက်ရှိ အခြေများတင်းမာနေဆဲဟုရွှေမြန်မာမီဒီယာဂရု သတင်းထောက်ပို့ ပေးသည်။

ဆက်လက်ဖော်ပြပါမည်။

Yangon Press International

11 hours ago

လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်းမဟုတ်မှန်ဟု လိုက်လံရှင်းလင်း ညနေ ၄နာရီ၊ စက်တင်ဘာ ၂၈၊ ၂၀၁၂၊ YPI

ရေခဲချောင်းရောင်းသည့် ကလေး အရိုက်နှက်ခံရသည့် သတင်းနှင့် ပတ်သက်၍ဒေါသထွက်နေသည့် လူအုပ်ကို ရဲမှူးကြီး မျိုးမင်းအောင်နှင့် ရခိုင်ပြည်နယ်နယ်စပ်ရေးရာ ၀န်ကြီးတို့က ကလေးပျောက်သည့် ကိစ္စမှာ မဟုတ်ကြောင်း လူအုပ်ကို လိုက်လံ ဖြေရှင်း နေကြောင်း စစ်တွေမြို့မှ သတင်းထောက်တဦးက YPI သို့ပြောသည်။   ရဲမှူးကြီးမျိုးမင်းအောင်ကို YPI မှ ဆက်သွယ်မေးမြန်းရာ ၎င်းက “  ကလေးပျောက်တယ်ဆိုတဲ့သတင်းက ကောလဟလပါ၊ ဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ” ဟု ညနေ ၄နာရီ

၂၀ မိနစ်တွင်ဖြေကြားသည်။ ကလေး အရိုက်ခံရသည့်သတင်းမဟုတ်မှန်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံရှင်းလင်း ပြောကြား ရန်သတင်းမေးမြန်းနေစဉ် ပြင်ဆင်နေကြောင်းလည်း စစ်တွေမြို့မှ သတင်းထောက်ပြောသည်။  ယင်းရပ်ကွက်  နှစ်ဖက် နှစ်ချက်တွင် ၀ိုင်းထားသည့်လူအုပ်မှာ စုစုပေါင်း ၁ သောင်းခန့်အထိရှိနိုင်ကြောင်းယင်းနေရာရောက်ရှိနေသည့် သတင်းထောက် တဦးက YPI သို့ပြောသည်။

အခြားစစ်တွေမြို့ခံတဦးက ပြောရာတွင် ကလေးငယ် ဒဏ်ရာရသည်မှာ သေချာကြောင်း၊သို့ရာတွင် မည်သည့်ဆေးရုံသို့ သယ်ဆောင်သွားသည်ကိုမူအတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။ အချို့သော သတင်းများအရ စစ်ဆေးရုံသို့

သယ်ဆောင်သွားသည်ဟု သိရကြောင်း ယင်းမြို့ခံက ပြောသည်။ စစ်တွေမြို့ထဲတွင်မူ ကလေးငယ် သေဆုံးသွားပြီဟု ဆိုင်ကယ်ဖြင့် လိုက်လံ ပြောဆိုလျှက်ရှိသည်ကိုလည်း တွေ့မြင်နေရကြောင်း ၎င်းက ပြောသည်။  ကလေးငယ် ဒဏ်ရာရရှိသည့် သတင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။     ။

The Voice Weekly

10 hours ago

စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေးဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းကဆိုသည်။

ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံလူပေါင်းထောင်ချီ တောင်း ဆိုနေကြ ကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရ သိရှိရသည်။

Eleven Media Group

11 hours ago

ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်း ရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်း သွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာအဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရ သည်။ ယင်းအတွက်ကြောင့်  ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူ များ ကို တားဆီးနေပြီး စစ်တပ်ကမီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်းပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း ပြုစု ရေး ကော်မတီဥက္ကဌဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။ ပြည်သူများ ကိုဗိုလ် မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်း ဆိုနေကြကြောင်း သိရသည်။

ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့်တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါ ကြောင်း၊ အချိန်အတိုင်းအတာတစ်ခုအတွင်း ကလေးကိုတွေ့အောင် ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။

ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ(အောင်မင်္ဂလာ) ဘင်္ဂါလီရပ်ကွက်အတွင်းသို့ ရောက်ရှိပြီး ပျောက်ဆုံးသွားသည် ဟုသတင်းထွက် ပေါ်ခဲ့သော ကလေး၏ အမည်မှာ မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်)အသက် ၁၂ နှစ် ခန့်ဟု သိရပြီး လက်ရှိ အချိန်တွင် ၄င်းနေထိုင်ရာကျေးရွာဖြစ်သော ကျေးတောပိုက်ဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိနေပြီဟုတာဝန် ကျရဲများ က ပြောကြားထားပြီး ကလေးကို ပြည်သူများရှေ့သို့ ခေါ်လာပြရန်သွားရောက်ခေါ်ဆောင်နေသည်ဟု ပြောဆိုထားကြောင်း သိရသည်။

ယခုအချိန်တွင် ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော မောင်အောင်နိုင်ဦးအားမိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား  ခေါ်ပြ နေကြောင်း သိရသည်။

ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သောမောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား ခေါ်ပြရာတွင်ပြည် သူများ မှ အမှန်တကယ် ဈေးဝင်ရောင်းသည့် ကလေးမဟုတ်ကြောင်း ငြင်းဆိုနေပြီး လူစု မခွဲသေးကြောင်းသိရ သည်။မိမိ အနေဖြင့်ယနေ့တွင် အဆိုပါရပ်ကွက်သို့ ဈေးသွားရောင်းခြင်း မရှိပါကြောင်းဈေးကြီးအတွင်း ၌သာ ရောင်းချခဲ့ပါကြောင်း ပြဿနာများ ဖြစ်ပေါ်နေသည်ကိုလည်းကျေးရွာရှိ အခြားသူများ လာရောက်ပြောဆိုမှသာ သိရှိရပါကြောင်း

မောင်အောင်နိုင်ဦးအား  Eleven Media Group မှ သတင်းထောက်က မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။  လက်ရှိ တွင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် သံဃာတော်အချို့နှင့်  ပြည်သူအချို့တို့ ပြည်နယ်အစိုးရ ရုံးသို့သွားရောက်နေကြာင်း သိရသည်။

စစ်တွေမြို့ရှိ သံဃာတော်အချို့နှင့်ပြည်သူအချို့တို့ နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ပြီးနောက် ည ၇ နာရီအချိန် တွင် စုရုံးလျက်ရှိနေသော ရခိုင်ဒေသခံလူစု လူဝေးများမှာ လူစုခွဲသွားခဲ့ကြောင်း သိရပါသည်။စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇း၄၅ အချိန်တွင် ရရှိသော သတင်းများအရကလေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သတ်ပြီး စုဝေးလျှက်ရှိသော လူထုသည်

ည ၇း၀၀ အချိန်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံသော သံဃာတော်များပြန်လည်ရောက်ရှိလာပြီးနောက်  ပြည်နယ်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင်ဝန်ကြီးချုပ်က  ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့်ရခိုင်တိုင်းရင်းသားတို့အကြား နောက်ထပ် ပြဿနာ များ မပေါ်ပေါက်ရေးအတွက်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကျေးရွာအားပြောင်း ရွှေ့နိုင် ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည့်အတွက် ဒကာတို့အနေဖြင့် ကိုယ့်အိမ် ကိုယ်ပြန်ကြ ရန် သံဃာ တော်များမှ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ လူစုမကွဲခင်အချိန်ထိစုဝေးလျက်ရှိသော လူဦးရေမှာ တစ်ထောင်ဝန်းကျင်ခန့် ကျန်ရှိနေသေးကြောင်းသံဃာ တော် များ ၏ မေတ္တာရပ်ခံမှုကြောင့်သာ လူစုကွဲသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။

စက်တင်ဘာလ ၂၈ရက်နေ့ ည ၁၀နာရီ ၃၀မိနစ် အချိန်ကရရှိသော သတင်းများအရ ယနေ့ည ၈နာရီကျော်ခန့် အချိန်တွင် အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ တစ်လျောက် ပြည်သူများအနေဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် အတွက် လမ်းမပေါ်သို့ ထွက်ခြင်းဆူပူခြင်း များမပြုလုပ်ရန် လိုက်လံကြေငြာ ခြင်းများ ပြုလုပ်ခဲ့ ကြောင်း နှင့်လမ်းမပေါ်တွင် ရှိနေသူ ဒေသခံအချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားမှုရှိ ခဲ့ပြီးလက်ရှိအချိန်တွင် ၁၀ ဦးခန့် ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: