Leave a comment

မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း

 
မင်းတုန်းမင်းတရားကြီး လှူဒါန်းသော မက္ကာဟ်ရွှေမြို့တေိာရှိ ဗရမာရိုဘတ် ခေါ် ဒေါင်းဇရပ်ကြီ်း
မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း
ဆောင်းပါး, ပြည်တွင်း သတင်း

မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း

ခရီးသွားတွေနားခိုဖို့အတွက် ဇရပ်ဆောက်ပေးတာ ဒို့မြန်မာ၊ ခရီးသွားတွေသောက်ဖို့ ရေအိုးစင်တည်ပေးတာ ဒို့မြန်မာ။ ဇရပ်နဲ့ ရေ ချမ်းစင်တွေ ကုက္ကိုပင် ညောင်ပင်ရိပ်က ရေချမ်းအိုးတွေမြင်ရလျှင် ရင်ထဲကြည်နူးရ၏။ဇရပ်ဒကာများကို မမြင်ဘူးသော်လည်း သူတို့ရင်ထဲက အဇုတ္တဖြည့် ဖွဲ့စည်းသိုမှီသော စိတ်ရင်းဖြူတဲ့ သဒ္ဒါတရားပြယုဂ် များကာ ထင်းထင်းလင်းလင်းကြီးမြင်လိုက်ရသလိုပင်။ မန္တလေးနန်းမြို့ရိုးကျုံးတော်နှင့် ရွှေမန်းတောင်ခြေရှိ ကောင်းမှုတော်ဇရပ်များကိုမြင် လိုက်ရတုန်းက ဘယ်လိုကျက်သရေရှိမှန်းမသိဘူးဟုတွေးရင်တွေးရင် ပီတီတွေတဖွားဖွား။ ကိုယ်ချင်းစားတရား သိပ်ကြီးမားတဲ့လူ မျိုးပါတကား။ မြန်မာတို့သည်ကိုတိုင်းပြည် ကိုယ်နိုင်ငံသာမက အခြားသောနိုင်ငံတို့ တွင်လည်း လူအများအတွက် ဇရပ်များသွား ရောက် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရပြန်သောအခါ တကယ်ကိုကြည်နူးဝမ်းမြောက်မိလေ၏။သို့နှင်ဤသို့ စနည်းနာမိ၏။ ပ ထမဦးစွာ လေဗျောက်အိုး လေ့လာမိသောဇရပ်မှာ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ရှိ “ဒေါင်းဇရပ်” ဖြစ်ပါ၏။ ထိုဇရပ်၏ အခြေအ နေလေးသိချင်လှသဖြင့် အောက်ပါအတိုင်း စပ်စုမိ၏။ ကသာမြို့မှ ဟာဂျီ ဦးမိုးတီးကလည်း သိသလောက် ဒီလိုဖြေကြားခဲ့သည်။

မက္ကဟ်မြို့၌ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော ဒေါင်းဇရပ် ပုံနှင့် မှတ်ပုံတင်စာချူပ်ပုံပါမောက္ခဒေါက်တာအောင်ဇော် ရေးသားပြုစုတဲ့ တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ၂ မှ ကူးယူပါသည်။

မက္ကဟ်မြို့၌ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော ဒေါင်းဇရပ် အတွက် မှတ်ပုံတင်စာချူပ်ပုံ မှ ဖတ်ရှု၍ ရနိုင်သေးသော တစ်စိတ်တစ်ပိုင်း

လေဗျောက်အိုး- မက္ကာကို ဟာဂ်ျ လုပ်တာ ဘယ်နှစ်ခေါက်ရှိပြီးလဲ။ ဘယ်လောက်ကုန်ခဲ့လဲ။
ဦးမိုးတီး -နှစ်ခေါက်ရှိပြီး။ လင်မယားနှစ်ယောက်စရိတ်ဆိုတော့ (၁) ခေါက်သွားရင် သိန်း (၅၀)ကုန်တယ်။

လေဗျောက်အိုး-မက္ကာမှာ မင်းတုန်းမင်းလှူထားတဲ့ ဒေါင်းဇရပ်ကော် ရှိသေးလားဗျ။
ဦးမိုးတီး-ဒေါင်းဇရပ်က ဖျက်တဲ့စာရင်းထဲပါသွားပြီးလေဗျာ။ ဇရပ်က နှစ်ထပ်တိုက်ပါ။ သူတို့ဆီမှာ နိုင်ငံတော်တော်များများက ၀တ်ပြုလာကြတဲ့ အစ္စလာမ်တွေအရမ်းများတယ်။ မြို့ထဲမှာဆိုရင် ဟိုတယ်တွေမလောက်ဘူး။ အခုဆိုရင် (၁၀)ထပ်တိုက်အောက်ရှိ သမျှ အဆောက်အဦးတွေ မှန်သမျှ အကုန်ဖျက်ချရတယ်။ ၁၀ ထပ်တိုက် အထက်ကိုပဲ ဆောက်လုပ်ခွင့်ပေးတယ်။ မြို့ထဲမှာဆို အ ထပ် ၁၀၅ ထပ် ဟိုတယ်တောင်ရှိတယ်။ ဒီတော့ (၂) ထပ်တိုက်ဖြစ်တဲ့ ဒေါင်းဇရပ်လည်း အဖျက်ခံရတဲ့ စာရင်းထဲမှာပါသွားတယ်။

လေဗျောက်အိုး- ဒါဆိုရင်မြန်မာနိုင်ငံက အစ္စလာမ်တွေ ဘယ်မှာတည်းခိုကြတာလဲ။
ဦးမိုးတီး- ကျွန်တော်တို့ ၀တ်ပြုအဖွဲ့က ခရီးစဉ်ကို တာဝန်ယူတဲ့ အေဂျင်စီတွေကပဲ ဟိုတယ်မှာနေရာချထားပေးတာပါ။

လေဗျောက်အိုး- ဒေါင်းဇရပ်သာရှိနေဦးမယ်ဆိုရင်တော့ အဲဒီမှာတည်းခိုခွင့်ရမှာပေါ့နော့်။
ဦးမိုးတီး- ခုနောက်ပိုင်းကျွန်တော်တို့ကြားတာက နိုင်ငံတော်က တာဝန်နဲ့ စေလွတ်တဲ့ သူတွေလောက်သာအတည်းခံတော့ သတဲ့ ဗျ။ ဒါပေမယ့် ဒေါင်းဇရပ်တည်းဖူးတဲ့ ဟာဂျီတွေ ဟာဂျီမတွေ ရှိခဲ့ဘူးပါတယ်။

လေဗျောက်အိုး-မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ဒေါင်းဇရပ်မှာခင်ဗျားတည်းခိုခွင့် ရခဲ့မယ်ဆိုရင်ကော်။
ဦးမိုးတီး- ကိုယ်နိုင်ငံက ကိုယ်ဘုရင်က ချီးမြောက် ပံ့ပိုးထားတဲ့ ဇရပ်ပဲဗျာ။ တည်းခိုခွင့်ရခဲ့ရင်တော့ အတိုင်းမသိ ၀မ်းသာမှာပေါ့။ ဗုဒ္ဓ ဘာသာဝင်ရှင်ဘုရင်တစ်ပါးက လေယာဉ်ပျံတွေ မပေါ်ခင်ကတည်းက ဒီလောက်ဝေးလံတဲ့ နိုင်ငံ မှာလာပြီး လှုဒါန်းထားတာ တဲ့ စေတနာ နည်းနည်းနောနော လားဗျ။

လေဗျောက်အိုး သည် အထက်ဖေါ်ပြပါအကြောင်းအရာမှာကို မှတ်ဥာဏ်ထဲ သိုးမှီးထားခဲ့၏။ ထို့နောက် အန္ဒိယ နီပေါ ဗုဒဂယာ မှ မြန်မာနိုင်ငံသို့ပြန်ရောက်ရှိလာသော ကသာမြို့နယ် ကျောက်ထုံးကြီးရွာနေ နိဗာန်ဆိပ်ဦးဓမ္မာရုံ အလှူရှင် ဂေါပက ဥက္ကဌ ဦးဝင်း သောင်းအား သိလိုသည်များအား မေးမြန်းခဲ့သည်။

လေဗျောက်အိုး- ခုလို ချမ်းအေးတဲ့ ဆောင်းအခါမှာ ဗုဒဂယာ သွားခဲ့တာဆိုတော့ ဟိုမှာ မအေးဘူးလား
ဦးဝင်းသောင်- ကျွှန်တော်တို့ က အအေးပိုင်းက လူတွေအတွက်တော့ ဟိုမှာ အနေတော်ပဲ။ရန်ကုန်က လူတွေ အတွက် ကတော့ ချမ်းမှာပေါ့ဗျာ။ဒါပေမယ့် မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် ဘယ်သူမှ မဖျားကြဘူး။တရက်တော့ မုန်တိုင်းမိုးရွာသေးတယ်ဗျ။

လေဗျောက်အိုး- ဘုရားဖူး ခရီးစဉ် ဘယ်လောက်ကုန်ခဲ့သလဲ။
ဦးဝင်းသောင်- မေသူမောင် ဗုဒဂယာ ဘုရားဖူးပို့ဆောင်ရေး ကိုသွင်းရတာတော့ တစ်ယောက်ကို ၁၀ သိန်းပေါ့ဗျာ။လင်မယားနှစ် ယောက်ဆိုတော့ သိန်း ၂၀ ကျတယ်။ ငွေကုန်ရကျိုးနပ်ပါတယ်။ဝန်ဆောင်မှုတွေ အားလုံးကောင်းတယ်။ လှူတာတန်းတာရော မြန် မာပြည်ပြန်ရောက်တော့ ကျိုက်ထီရိုးအပါအ၀င်အတော်များများ ဖူးသေးတာဆိုတော့ သိန်း ၃၀ လောက်ကုန်ခဲ့တယ်။

လေဗျောက်အိုး- ဟိုရောက်တော့ ဘယ်မှာတည်းခိုကြတာလဲ။
ဦးဝင်းသောင်-ဟိုမှာ မြန်မာဘုန်းကြီးကျောင်းတွေ မှာ တည်းခိုဖို့ လုပ်ပေးထားတယ်။တည်းလည်း တည်းခို လှူဒါန်းခွင့်လည်းရ တာပေါ့။ ကိုယ်နိုင်ငံက ဆရာတော်တွေ သံဃာတော် တွေ ဖူးခွင့်ရလို့ ကြည်နူးရတယ်။

လေဗျောက်အိုး- မြန်မာ ဘုရားဖူးတွေ အတွက် မင်းတုန်းမင်းကြီးက ဇ၇ပ်တွေ ဘာတွေ ဆောက်လုပ်လှူဒါန်းပေးထားမျိုးမရှိဘူး လား။
ဦးဝင်းသောင်-ရှိတာပေါ့ဗျ-ဗုဒဂယာ အနီးမှာ မတန့်နန်းတော်ဆိုတာရှိတယ်ဗျ။ဟိုလိုပြောရရင် ဟိန္ဒူဘုန်းကြီးကျောင်းပေါ့ဗျာ။ အဲဒီကျောင်းရဲ့တောင်ဘက် ပေ ၆၀၀ အကွာမှာ မင်းတုန်းမင်းကြီးဇရပ်တော်ရှိခဲ့သဗျ။၁၈၇၄ ခုနှစ်က ဆောက်ထားတဲ့ နှစ်ထပ် တိုက်ကြီးပေါ့ဗျာ။ ခုတော့ မတန့်က ဖြိုဖျက်ထားလို့ မရှိတော့ဘူး။အဲဒီဇရပ်ရဲ့ အုတ်ခုံပေါ်မှာတော့ ၁ ထပ်တိုက် ပြန်ဆောက်ပေး ထားတယ်။

လေဗျောက်အိုး-ဒါဆိုရင် ကျွှန်တော်တို့ ဘုရင်က နိုင်ငံခြားမှာ ဇရပ်တွေ ဆောက်ပေးခဲ့တာကိုး။
ဦးဝင်းသောင်-ဇရပ် တင် ဘယ်က မလဲ ဗျာ။ မဟာဗောဓိစေတီတော်ကြီးကလည်း မင်းတုန်းမင်းတရားကြီး ကုသိုလ်ပါတယ်ဗျ။အဲဒီစေတီတော်ကို ပြန်လည်ပြုပြင်ဖို့ စိန် မြ ကျောက်နီ ပုလဲလုံးပေါင်း ၅၄၅၁။အဲဒီ တုန်းက အန္ဒိယ ရူပီး ၆ သန်းဖိုး လောက်လှူခဲ့တယ်။ဗိသုကာလက်ရာကတော့ အန္ဒိယကျောက်စာဝန်တို့ လက်ရာလို့ The light of Asia စာအုပ်မှာ Sir Edwin Arnol က မှတ်တမ်းတင်ခဲ့တယ်ဗျ။

လေဗျောက်အိုး- ထူးခြားတာရှိရင် ပြောပြပေးပါအုံး အကိုကြီး။
ဦးဝင်းသောင်-ကျွှန်တော်တို့ ကုသိနာရုံရောက်တော့ ဘုရားပရိနိဗာန်စံဝင်တဲ့နေရာ က လျောင်းတော်မူရုပ်ပွားတော်ရောက် ရော ဘုရားဖူးတဲ့ သူတွေ အားလုံးလိုလို ငိုကြတယ်။ဘုရားဖူးတဲ့နေရာ တွေအားလုံး ဟာ ဖြစ်ပျက်တဲ့ သဘောနဲ့ ကြည့်ရင် သံဝေဂ ယူစ ရာတွေကြီးပဲ။ခရီးစဉ်တလျှောက်လုံး သတိထားမိတာကတော့ အန္ဒိယမှာ ဘယ်အမျိုးသမီးမှ ဆိုင်ကယ်မစီးဘူး။ သြော်……. ကိုယ်နိုင်ငံ ကသာမြို့မှာဆိုရင် ယောက်ကျားတွေနဲ့ ရင်ဘောင်တန်း ပြီး အစီးကြမ်းတဲ့ မန်းကလေးတွေကို သွားမြင်ယောင်မိပါရဲ့ အချို့များဆို ဆိုင်ကယ်စီးရင်း ဘေးကိုငေးကြည့် နေတယ်။မြင်တဲ့သူ က ကိုယ်အသိနဲ့ ကိုယ်ရှောင်ရတယ် ဒါ ကွာခြားချက်ပဲ။

လေဗျောက်အိုး- ကျေးဇူးတင်ပါတယ်အကိုကြီး။

လေဗျောက်အိုးသည် မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း ဆိုပြီး သိလိုသမျှ စုံစမ်းကြည့်ရာ ဧ၀ံမေသုတံ (ဤသို့ကြားသိရပါ၏)ဟိုတယ်တွေ မိုတယ်တွေ မရှိခင်ကတည်းက တည်းခိုရန် စီစဉ်ဆောက်လုပ်ပေးပါသော ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာ မြို့က ဒေါင်းဇရပ်ကို စိတ်ကူးဖြင့်ပုံဖော်ငေးကြည့်မိ၏။အန္ဒိယနိုင်ငံ ဂယာမြို့ နှင့် ၇ မိုင် ကွာဝေးသော ဗုဒဂယာသည် ပွင့်တော်မူပြီးသောဘုရားများအဖြစ်အောင်မြင်မှုရရှိရာ အရပ်ဖြစ်၍ ထူးခြားသောထိုနေရာ တွင် မင်းတုန်းမင်းကြီးသည် ဇရပ်တစ်ခု လှူဒါန်းထားပြန်သည်။ဗုဒဘာသာဝင် ဖြစ်စေ အခြားဘာသာဝင်ဖြစ်စေ မိမိတို့ယုံကြည်ရာ ကိုးကွယ်ခွင့်ပြုသည့်ပြင် ကောင်းမွန်စွာ သွားေ၇ာက်သာသနာပြုစေခြင်း အကျိုးဌာ ချီးမြှောက် ထောက်ပံ့ဆောင်ရွက်ပေးပုံမှာလည်း အံချီးမကုန်နိုင်ဖွယ်ဖြစ်မိ၏။

ဗုဒ္ဓသာသနာအတွက် အထွဋ်မြတ်ဆုံးဖြစ်သော ပဥမသင်္ဃယနာ ကိုတင်နိုင်ခဲ့သော သာသနာဒါယကာ မင်းမြတ်မင်းတုန်းမင်းသည် အခြားသော ဘာသာချီးမြှောက်မှုကို အားပေးခဲ့ကြောင်းသိရသောအခါ ကြည်ညို သဒ္ဒါပွားခြင်းနှင့် အတူသာဓုအလီလီ ခေါ်ဆိုမိချေ ၏။အဆိုပါ ဇရပ်များနှင့် ပတ်သတ်၍ လေဗျောက်အိုးရင်ထဲတွင် ကြည်နူးခြင်းနှင့်အတူ ကြည်ညိုခြင်းဖြစ်ပိသကဲ့သို့(အခြေအနေအ ရ) ကြေကွဲခြင်း နှင့်အတူ သံဝေဂများလည်းရလိုက်မိပါ၏။

အင်း……သို့သော်ပါလေ…သာဓု သာဓု ပါ။ ဗျာတို့……………

ရည်ညွန်း – Hotnews (Vol2 . No 80)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: