Leave a comment

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကုလ သမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေး ရင်းနှီးစွာ ဆွေးနွေး

Wunna Shwe shared မြ၀တီ‘s photo.

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကုလ သမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေး ရင်းနှီးစွာ ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူး ချုပ် Ms.Baroness Valerie Amos ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့် အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်နှင့် ဒုတိယ ဝန်ကြီး ဦးသန့်ကျော်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလ သမဂ္ဂ လက်ထောက် အတွင်း ရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာ နိုင်ငံရှိ ကုလ သမဂ္ဂ အဖွဲ့ အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ashok Nigam လည်း တက်ရောက် သည်။

တွေ့ဆုံရာ၌ ကုလ သမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် လူသားချင်း စာနာ ထောက်ထားမှု အကူ အညီများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေး ရေး၊ ယင်းဒေသ များတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ယာယီ တဲများနှင့် ရေမိ လ္လာ စနစ် ပံ့ပိုး ဆောင်ရွက်ရေးနှင့် လမ်းပန်း ဆက်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များ ဆက်လက် ဆောင်ရွက် ပေးရေး၊ သဘာဝ ဘေးဒဏ် ကာကွယ်ရေး၊ အလျင်အမြန် တုံ့ပြန်ရေးနှင့် ပညာပေးရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

http://www.myawady.net.mm/allnews/headline/item/1056-2012-12-07-08-21-53

Wunna Shwe shared မြ၀တီ‘s photo.

ရခိုင်နှင့် ကချင်ပြည်နယ် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ထူထောင်ရေး၊ ပြည်နယ် အေးချမ်းရေး ကိစ္စများ ဆွေးနွေး

ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင် အောင်မြင့်သည် ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်း ရေးမှူးချုပ် Ms.Baroness Valerie Amos ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၃ နာရီ မိနစ် ၂ဝ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံ ရာတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနား ခံစာဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်း၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး ကြီး မောင်မောင် ထူးနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာ၌ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ပြန်လည် ထူထောင် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌ နယ်မြေဒေသ အေးချမ်း သာယာ ဖွံ့ဖြိုးရေး ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ ကြသည်။

http://www.myawady.net.mm/allnews/headline/item/1059-2012-12-07-08-24-43

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 229 other followers

%d bloggers like this: