2 Comments

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း

ဒီပိုတ်စ့်လေး ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်ခန့် လောက်က လူတိုင်း ဖတ်ဖူးကြမှာပါ…..
ပြန်ဖတ်ကြည့်ချင်သေးတယ်ဆိုရင် ဒီ မှာ သွားဖတ်ပါ…. နောက်ထပ် ဒီ က ထပ်ဆင့် လင့်ခ်များစွာနဲ့ ကြည့်လို့ရ ပါသေးတယ်….
ထိုဖော်ပြပါ ပိုတ်စ့် သတင်းကို အနည်းငယ် သုံးသပ်ပေးပါရစေ….
(၁) အဲ့ဒီ သွားဟာ ကိုယ်တော်ဂေါတမရဲ့ သွား ဖြစ်သလား- သို့မဟုတ် အခြားသော ထူးခြားသူတစ်ဦးရဲ့ သွား ဖြစ်သလား- အတိ အကျ ဘယ်လို စစ်ဆေးမလဲ?
(၂) အဲ့ဒီ သွားဟာ DNA အရ ထူးခြားတဲ့သွား ဖြစ်နိုင်တယ်- ဒါပေမယ့် Supreme Lord ရဲ့ သွားဖြစ်တယ်လို့ ဘယ်လို ပြောမလဲ?
တကယ်လို့ ပြောနိုင်ရင် ကမ္ဘာမှာ သူ့ကဲ့သို့ Supreme Lord တွေ ရှိနေရမယ်- အဲ့ဒီ Supreme Lord တွေရဲ့ သွားတွေကို DNA ဓါတ်ခွဲပြီး သုတေသနလုပ်ပြီး ဖြစ်နေရမယ်- ဒါမှ ဒီလို DNA အမျိုးအစားက Supreme Lord အမျိုးအစား ဖြစ်တယ်။ ဒါကတော့ သာမန်လူရဲ့ အမျိုးအစားဖြစ်တယ်လို့ အဖြေထုတ်နိုင်မှာပေါ့။ နို့မဟုတ်ရင် ဘယ်လိုလုပ် အဖြေထုတ်နိုင်မလဲ။
ကိုယ်တော်ဂေါမဟာ သာမန်လူထက် ထူးခြားတယ်ဆိုတာ လက်ခံရမှာပါ။ အိန္ဒိယမှာ အသက်မသေဘဲ- နှစ် ပေါင်းထောင်ချီတဲ့ ဆာဒူးကြီးတွေတောင် ရှိသေးတာပဲ။ မူဆလင်ထဲမှာလည်း အများကြီးပါ။ အနီးစပ်ဆုံး လွန်ခဲ့ တဲ့ ၃ နှစ် ၄ နှစ်လောက်က မေမြို့က မူဆလင် ကာဘာရ်စတန်(သုသာန်) ကို ဖျက်တော့- လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက မြှုပ်နှံခဲ့တဲ့ ရုပ်ကလပ်တွေထဲမှာ ကဖန် (အ၀တ်ဖြူ) တောင်  မဆွေးသေးတဲ့ ရုပ်ကလပ်ပေါင်း ၆၀ လောက် ထွက်လာတယ်။ အဲ့ဒီအထဲမှာ ဆရာကြီး ဆူလေမန် ပသေ့ဒ် ရဲ့ ရုပ်ကလပ်လည်း ပါတယ်။ ဆရာ ကြီးက ၁၉၈၆ ခုလောက်က အလ္လာဟ့်အမိန့်ကို ခံတယ်။ သူ ဆုံးသွားပြီး နှစ်ပေါင်း ၂၀ ကျော်မှာ မေမြို့ ကာ ဘာရ်စတန်ကို ပြောင်းတော့ သူ့ရုပ်ကလပ်က ဒီအတိုင်းပဲ ရှိသေးတယ်။ အခု ကာဘာရ်စတန် အသစ်မှာ ပြန်ပြီး ဒါဖနာ လိုက်တယ်။ နောက် နှစ်ပေါင်း ဘယ်လောက်ထိ ခံမလဲ ဘယ်လို ပြောနိုင်မလဲ။ အလားတူ ဖြစ်ရပ်တွေ အစ္စလာမ့် လောကမှာ အများကြီး ရှိတယ်။ ဒါကြောင့် ဒါရ်ဂါရ်- လိုင်းက လူတွေက အစွဲ ဖြစ်နေတာပါ။
ဒါတွေက ဘာသာရေးမှာ သီးခြားလိုင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအရ ၀ိဇ္ဇာလိုင်းလို့ ခေါ်တယ်။ သူတို့တွေ ထူးခြား တာက သူတို့ကိစ္စပါ။ သူတို့ကို မစော်ကားမိဘို့ လိုပါတယ်။ (သူတို့သာမက ဘယ်သူ့ကိုမှ မစော်ကားဘို့ အစ္စ လာမ်က တားမြစ်ထားပါတယ်)။ သို့သော် သူတို့ဟာ ကိုးကွယ်ခံ ဘုရားများ မဟုတ်ပါ။ သူတို့က သွန်သင်ခဲ့တာ မှာ လူ့ပတ်ဝန်းကျင် လူ့လောကအတွက် ကောင်းတာရှိရင်သာ လက်ခံရပါမယ်။ သို့မဟုတ် သူတို့လို ဖြစ်ချင် တယ်- ဆိုရင် လူတစ်ဦးချင်းစီက သူတို့ဆီမှာ သူတို့လို ဖြစ်နည်း ပညာသင်ယူ-လေ့ကျင့်ယူလို့ ရပါတယ်။
ဒါကြောင့် ကျွန်တော်က ဗုဒ္ဓဘာသာများနဲ့ ဆွေးနွေးတဲ့အခါမှာ ဖန်ဆင်းရှင် ရှိကြောင်းကိုသာ ဗုဒ္ဓဘာသာကျမ်း အထောက်အထားများနဲ့ ဆွေးနွေးလေ့ရှိပါတယ်။
Posted by A Muslim
Advertisements

2 comments on “သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း

  1. ဒီပို့(စ်)ရေးတဲ့ မိတ်ဆွေကို မေးချင်ပါတယ် DNA နဲ့ Genetic Engineering ဆိုတာကိုရောနားလည်ရဲ့လား IQ မမှီ
    ရင်ကိုယ့်ဟာကိုယ်နေပါ ကျွန်တော်ကိုယ်တိုင် သိပ္ပံပညာကိုမရူးအမူးလေ့လာနေတဲ့အချိန် ဘာသာမဲ့ခံယူခဲ့တယ်
    နောက်တော့ တခြားဘာသာတွေကိုလဲလေ့လာခဲ့တယ် ကုရ်အာန် ကျမ်းကို မြန်မာလိုရော အင်္ဂလိပ်လို ပါ
    အစအဆုံးဖတ်ဖူးတယ် မြိုင်ရာဇာတွတ်ပီ စာအုပ်လောက်တောင်စိတ်ဝင်စားစရာ မကောင်းဘူး ဒါလားဘုရားဟော ဦးဆန်းလွင်ပြောသလို မင်းတို့ဘုရားဟောကလဲ လူသံတွေထွက်နေတယ် ပြောချင်တာက IQ မှီလို့တကယ်သိချင်ရင် ဆွေးနွေးပါ ကြိုဆိုပါတယ် ဒါပေမယ့်ဗုဒ္ဓကိုတော့ ခင်ဗျားတို့ဘာသာနဲ့မနှိုင်းပါနဲ့ ဥပမာပြောရရင် မိုက်ကယ်ဂျက်ဆင်နဲ့ နတ်ကတော်လိုပါဘဲ တီးလုံးနဲ့ကတာချင်းတူပေမယ့် ဘာမှမဆိုင်ပါဘူး ကမ္ဘာပေါ်မှာ သိပ္ပံပညာကိုစိန်ခေါ်နိုင်တဲ့ဘာသာဆိုလို့ ဗုဒ္ဓဘာသာဘဲရှိတယ် ခင်ဗျားတို့ အဲဒီလိုစိန်ခေါ်ရဲလို့လား အဲဒါ ၂၁ ရာစုရဲ့ အထူးချွန်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းပြောတာ ထားပါတော့ ဆက်ပြောနေလဲ နွားကိုပလာတာကြွေးသလိုဘဲဖြစ်နေမယ် ………..။

  2. ပို့ပိုင်ရှင်မိတ်ဆွေ mobile ကိုလက်နဲ့တို့ရေးရတာဆိုတော့ တိုတိုနဲ့လိုရင်းပဲရေးတော့မယ် ။ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို ဗုဒ္ဓဘာသာပေတံနဲ့ ထောက်ကြည့်မယ် တိုင်းတာကြည့်မယ် ဆိုတဲ့ အဆိုစကားကသိပ်စိတ်ဝင်စားဆရာကောင်းလှပါတယ် ။ဒါ့ကြောင့် အဲဒီလို နှိုင်းယှဉ်ပြီး တိုင်းတာ အမှန်အမှား သက်သေပြလို့ရတဲ့ အကြောင်းအရာ အနည်းဆုံး ၃ ချက် ၄ ချက်လောက် ဥပမာပေး စေချင်ပါတယ် ။ ကျွန်တော် အနေနဲ့ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဟောထားတဲ့ ပိဋကတ်တော် ကို ဆရာ သံဃာ တော်ကြီးများ ဟောကြား မှု နှင့် ပါဠိမူရင်း ကိုမြန်မာဘာသာပြန်ဆိုကြ တဲ့ ကျမ်းကြီး ငယ် အသွယ်သွယ်တို့မှာ
    ကျွန်တော်လေ့လာဖူးသမျှ မတွေ့ဖူး မကြုံဖူးပါဘူး ။ ဂေါတမ ဗုဒ္ဓ က တိုတိုနဲ့လိုရင်းပြောရရင် ဖန်ဆင်းရှင် မရှိ ဘူးလို့ ဒဲ့ မဟောခဲ့တာ ဘဲရှိပါတယ် ။ဟောခဲ့တဲ့ တရားတိုင်းဟာ ဖန်ဆင်းရှင် ကဖန်ဆင်းတယ် ဆိုတာ နဲ့ ဆန့်ကျင်ဘက် တွေချည်းပါဘဲ ။ မိတ်ဆွေ ဂဃနဏ သိချင်တယ်ဆိုရင် အဘိဓမ္မတ္ထသင်္ဂဟ မှာ ကံတွေဘယ်လို အလုပ်လုပ်ကြ သလဲဆိုတာ လေ့လာကြည့်ပါ။
    ပြီးတော့ သိပ္ပံရှုထောင့် ကနေ တင်ပြ ချင်တယ် ဆိုရင်လဲ သိပ္ပံပညာ ရဲ့ အတိမ်အနက် လက်တွေ့ ဆန်မှု လက်တွေ့ ပြသမှု သေချာ လေးလေ့လာပါအုံး ။ မအားတဲ့ ကြားကနေ မိတ်ဆွေ ကို စေတနာထားပြီး နားလည်စေချင်တဲ့ စိတ်နဲ့ ရှင်းပြပေးနေတာပါ ။ ဒါ့ကြောင့် သိပ္ပံရှု ထောင့်ကနေ ကြည့်ပြီး မည်သည့် အချက်နဲ့ ဘဲ တိုင်းတာပါစေ သိပ္ပံရဲ့တွေ့ရှိမှုတွေက ဗုဒ္ဓဟောပြမှုတွေကနေ လုံးလုံးလျားလျား လွဲမသွားကြပါဘူး ။ တချို့ အကြောင်း အရာလေးတွေ မှာ တိမ်းကပါး ယိမ်းကပါး လွဲနေတာလေးတွေ တော့ ရှိပါတယ် ။
    အနည်းအပါးလွဲနေတာလေးတစ်ခုကို ဥပမာပြောရရင် ဒီရေတက်တာကို သိပ္ပံ ရှုထောင့်က လရဲ့ဆွဲအားကြောင့်လို့ ဆိုသော်လည်း မြတ်ဗုဒ္ဓက လရောင် ကြောင့် သမုဒ္ဒရာထဲမှာ ရှိတဲ့ အန္တရ ကျောက်ဆောင် ကြီးတွေက ရေအံထုတ်ပေးလို့ ဒီရေ တက်တယ် လို့ဆိုပါတယ် ။ ကျွန်တော့် အနေနဲ့ တော့ ဗုဒ္ဓ မိန့်ဆိုတာ နဲ့ အနီးစပ်ဆုံး ယူဆပြနိုင်တဲ့ သိပ္ပံ ပညာရှင်တွေကို အင်မတန် ချီးကျူးမိပါတယ် ။ လေးစားမိတယ် ။ နောက်တစ်ခု ပြောပါရစေ ဖန်ဆင်းရှင် ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်း ပြီးတော့ ရေ လေ စသဖြင့် ပြီးတော့ လူ တိရစ္ဆာန် စသည်ဖြင့် အားလုံးကို တစ်ပတ် ( ၇ ရက် အတွင်း ) အကုန်ဖန် ဆင်းခဲ့ တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော် ကနေ ဖန်ဆင်းခဲ့တာ ချီးကျူးစရာပါပဲ ။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာ ကတော့ ဒီကမ္ဘာမှာ သူဟာ
    စတုတ္ထမြောက် ဘုရားပါလို့ ဟောတယ် ။ ဒီကမ္ဘာမှာဘဲ သူ့အရင် ဘုရား ၃ ဆူ ပွင့်ခဲ့ပြီး နောက်ပွင့်ဖို့ တစ်ဆူ ကျန်ပါသေးတယ် ဆိုတာကို အတိအလင်းဟောထားပါတယ် ။ အချိန်ကာ လ အပိုင်းအခြားကိုလည်း အတိအကျ ဟောပြထားပါ တယ် ။ အချိန်ကာလ အတိုင်းအတာ ရှင်းပြမှု တွေ ဗုဒ္ဓ အဟောထဲမှာ ခိုင်ခိုင်မာမာ ရှိပါတယ် ။ အသေးစိတ်ရှင်းပြချင်ပေမယ့် သည်းခံပါလို့ တောင်းပန်ပါရစေ ။ နောက်တစ်ခုအနေနဲ့ ထင်ရှားတဲ့ ဥပမာလေး တစ်ခု တင်ပြပါ့မယ် ။ မြန်မာနိုင်ငံ မှာထွက်တဲ့ ကမ္ဘာ့အကောင်းဆုံး မိုးကုတ် ပတ္တမြားတစ်လုံး ရယ်လို့ဖြစ်လာအောင် နှစ်ပေါင်း (၃) သန်း လောက်ကြာပါတယ် လို့ သိပ္ပံ ရှုထောင့်ကနေ ပညာရှင် တွေက တညီတညွတ်တည်း ခန့်မှန်းအတည်ပြုထားတော့ လွန်ခဲ့ တဲ့ နှစ် ၇၀၀၀ နီးပါးက ကမ္ဘာကြီးဆိုတာ ကျွန်တော့် အတွက်တော့ ယုံတမ်းစကား ကြားနေရသလိုပါဘဲ မိတ်ဆွေရေ ။
    အတိုက်အခံပြုလိုစိတ် အခြားဘာသာတရားများကို စော်ကားလို စိတ် လုံးဝမပါရှိပါဘဲ နှိုင်းပြယုံသက်သက်ပါ ။ လူသားတွေ အထွတ်အမြတ်ထားကြတဲ့ ယေရှု အလ္လာရှင်မြတ် ဟိန္ဒူ ဗုဒ္ဓ ဆိုတဲ့ ကမ္ဘာ့ ဘာသာကြီးလေးခုမှာ လူသားအားလုံးအတွက် အနည်းဆုံးနဲ့ အနိမ့်ဆုံးအဆင့်က မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ သူတော်ကောင်း တရား တွေနဲ့ အသက်ရှင်ချစ်ခင် ပေါင်းသင်းကြဖို့ ဆုံးမထားတယ်ဆိုတာ ကျွန်တော် လေ့လာဖူးသလောက် သိရပါတယ် ။ ဒါပေမယ့် ဘာသာဝင်တွေရဲ့ သူမှန်ငါမှန် ဆိုတဲ့ အတ္တတွေကြောင့် ဘာသာရေးတွေက အကျည်းတန်ကုန်ကြတယ် ။ အမှန်သည် အမြင်မဟုတ်သည့် အတွက် နှစ်ခုတည်လို့ မရပါဘူး ။ ဒါကို ကိုယ်လေ့လာ သိရှိသလောက် နဲ့ မိမိအမှန် ဆိုတာ ယုံကြည် ယူဆပြီး မိမိကိုးကွယ်တဲ့ ဘာသာတရားရဲ့ အဆုံးအမ ကို လိုက်နာမယ် ဆိုရင် ခင်ဗျားတို့ ကျွန်တော် တို့တတွေ ငြင်းခုန် ရန်ဖြစ်နေကြတာ အလကား အချိန်ဖြုန်းခြင်း သက်သက် သာဖြစ်တယ် ဆိုတာ အားလုံးနားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ဒီလိုမှမဟုတ်ဘဲ တစ်ခုတည်းရှိတဲ့ အမှန်တရားကိုမှ သိချင်ပါတယ် ယုံကြည်မယ် ကိုးကွယ်မယ် ဆိုလျှင်တော့ ဘာသာအားလုံးကို အသေးစိတ် လေးလေးနက်နက် လေ့လာသင်ယူ ရပါလိမ့်မယ် ။ ပြီးတော့ ယနေ့ခေတ် သိပ္ပံကို လည်း မျက်ကွယ် ပြုထားလို့ မရပါ ဘူးဆိုတာ အလေးအနက် ပြောချင်ပါတယ် မိတ်ဆွေ ။ ကျွန်တော်ကတော့ လက်ရှိ ခရစ်ဘာသာဝင်များနဲ့ အစ္စလာမ် ဘာသာဝင်များ ရဲ့ ဘုံအယူအဆတူ ကမ္ဘာဦးကျမ်း (၃၉)ကျမ်း နှင့် သခင်ယေရှုရဲ့ (၂၇)ကျမ်း အဆုံးအမများ အတန်အသင့်လေ့လာဖူးပါတယ် ။လူသားတိုင်း၏ အယူအဆနှင့် ယုံကြည်မှုကိုလေးစားလျှက် ။ သက်ရှည် ကျမ္မာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝ နိုင်ပါစေ မိတ်ဆွေ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: