Baydar Lam‘s photo.

ရိုဟင်ဂျာတိုင်းရင်းသား ဘာသာကိုမြန်မာ့အသံမှ ထုတ်လွင့်ခဲ့ဖူးကြောင်းဖော်ပြထားသော မြန်မာနိုင်ငံ အတွင်း ၁၉ရ၉ ခုနှစ်က တရားဝင်ပုံနှိပ်ဖြန်.ချီခဲ့သော မြန်မာနိုင်ငံသားတဦးဖြစ်သော မြန်.မာ့အသံ ညွှန်ကြားရေးမှုး ဟောင်း တဦးဖြစ်သော ဦးကျော်ညိန်း ရေးသားသော နှစ် ၃၀ မြန်မာ့အသံ စာအုပ်ပါ ရိုလင်ဂျာ နှင့် ပက်သက်၍ စာအုပ်ပါ အကြောင်းအရာကိုရေးသားရခြင်းဖြစ်ပါသည်။ထိုစာအုပ် စာမျက်နှာ(ရ၁)တွင် အောက်ပါ အတိုင်းရေးသား ထားပါသည်။ “အသံလွှင့်ချိန်များကို ရုတ်တရက်အားဖြင့် တိုးချဲ.ခြင်းမပြုနိုင်သေးသော်လည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိုရှေ.ရှု၍တိုင်းရင်း သားဘာသာ အစီအစဉ်များတွင် လက်ရှိအသံလွင့်နေသော တိုင်းရင်းသား ဘာသာများအပြင် နောက်ထပ် ဘာသာစကား လေးမျိုးကိုတိုးချဲ.အသံလွင့်ရန် အစိုးရအဖွဲ.၏ ဆုံးဖြတ်ချက် အရ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်နေ.တွင် မွန်ဘာသာ၊ ပအို.ဝ်ဘာသာ၊ လားဟူဘာသာနှင့် ရိုလင်ဂျာ ဘာသာ အစီအစဉ်များကို တဘာသာလျှင် ၁၀ မိနစ်စီ စတင် အသံလွင့်ခဲ့သည်။

