ဝမ်းချုပ်တတ်တဲ့သူတွေ၊ ဓာတ်လေး ပါးမညီညွတ်တဲ့သူတွေမှာ အဖြစ်များပါ တယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေဟာ ၀မ်းချုပ်တတ်ပြီး ကြာလာရင် လိပ်ခေါင်းရောဂါ ခံစားရ တတ်ပါတယ်။ လိပ်ခေါင်းရောဂါဖြစ် လာ ရင် ဝေဒနာရှင်ဟာ စိတ်လက်မကြည် မလင်ဖြစ်တာ၊ အိမ်ထောင်ရေး အဆင် မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ဘယ်အသက်အရွယ်နဲ့ ဘယ်လိုလူ တွေ အဖြစ်များတာ တွေ့ရပါသလဲ။
အသက် ၃၀ ကနေ ၅၀ အတွင်း ကျားမ မရွေးဖြစ်နိုင်ပြီး အမျိုးသမီးတွေ မှာ အဖြစ်များတာ တွေ့ရပါတယ်။ လူ ငယ်တွေကတော့ နုနယ်စဉ် သွေးသား ကောင်းတဲ့အတွက် ဖြစ်လေ့ဖြစ်ထရှိတာ သိပ်မတွေ့ရပါဘူး။
အတွင်းလိပ်နဲ့ အပြင်လိပ် ဘယ် ဟာ ကုသရခက်ပါသလဲ။
အတွင်းလိပ်က ပိုကုရခက်ပါတယ်။ ဒါပေမဲ့ သတိမထားရင်၊ စောစောစီးစီး မကုသရင် အပြင်လိပ်ကလည်း အသက် ကို ရန်ရှာတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ တချို့လူနာတွေဆို ရောဂါနုစဉ်မှာ မကုသ တဲ့အတွက် အပြင်လိပ်ဟာေ>မဟောက် သဏ္ဌာန်ဖြစ်လာပြီး အကြီးကြီးဖြစ်လာတဲ့ အတွက် ကုသရခက်ခဲသွားပြီး ခွဲစိတ်ရတဲ့ အထိ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအထိ အရောက်မခံသင့်ပါဘူး။ လိပ်ခေါင်း ရောဂါ ကြာရှည်လာရင် စအိုကင်ဆာဖြစ် တဲ့အထိ အခြေအနေ ဆိုးသွားနိုင်ပါတယ်။
လိပ်ခေါင်းရောဂါ ကုသတဲ့အခါ ဘယ်လောက် အချိန်ကြာပါသလဲ။
အနည်းဆုံး တစ်ပတ်ကနေ သုံးပတ် အထိ အချိန်ကြာပါတယ်။ ဒါပေမဲ့ တိုင်း ရင်းဆေးနဲ့ အမြစ်ပြတ်ပျောက်ကင်း အောင် ကုသနိုင်ပါတယ်။
ရောဂါကုသနေစဉ်နဲ့ ကုသအပြီး မှာ ဘယ်အစားအစာတွေ ရှောင်ကြဉ် သင့်ပါသလဲ။
အဓိကအသားငါးရှောင်ရပါမယ်။ တွင်းအောင်းသားတွေ၊ ပုစွန်၊ ကဏန်း၊ ငါး သလောက် စတဲ့ အသားယားစေမယ့် အစာတွေ၊ အမဲသားတွေကို အဓိက ရှောင်သင့်ပါတယ်။
ကြိုတင်ကာကွယ်ဖို့ ဘယ်လို အပြု အမူတွေ လုပ်သင့်ပါသလဲ။
ကြိုတင်ကာကွယ်ဖို့က အညောင်း မမိစေဖို့ ဂရုစိုက်ရပါမယ်။ အစားအ သောက်ကတော့ ၀မ်းမှန်ဖို့အတွက် ၀မ်းနူး စေမယ့်အသီးအရွက်တွေကို တွဲဖက်စား သုံးသင့်ပါတယ်။
ဆရာ့အနေနဲ့ အကြံပြုလိုတာများ ရှိရင်။
လိပ်ခေါင်းရောဂါဖြစ်လာတဲ့အခါ ဝေဒနာရှင်တွေဟာ ရှက်ကြောက်ပြီး ကုသမှုခံယူဖို့ ၀န်လေးတတ်ကြပါတယ်။ ဒါကြောင့် အမြစ်ပြတ် အလွယ်တကူ ကုသနိုင်ပါရက်နဲ့ ရောဂါ မပြင်းထန်သင့် ဘဲ အသက်ကို အန္တရာယ်ပြုနိုင်တဲ့အထိ ဖြစ်တတ်တဲ့အတွက် မပေါ့ဆဖို့ သတိပေး ချင်ပါတယ်။
Posted by Nilar(yufl)
http://reportersclinic.blogspot.com/2007/09/blog-post_9067.html
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီဟာတွေကိုဖတ်ကြည့်ပါ
- ခါးနာရောဂါ
- ရုတ်တရက်သွားကျိုးခဲ့ရင် ဘာလုပ်ရ မလဲ
- Nordic Walking
- ဆယ်ကျော်သက်တွေ အဆီပြန်တတ်တဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ
- တွေးရင်းပြုံး
- တရုတ်ရိုးရာအပ်စိုက်ကုခြင်း
- သင်္ဘောသီးကိုဆေးဘက်အဖြစ်စားသုံးခြင်း
- ကင်ဆာကလာပ်စည်းများကို ဟန့်တားစေသော အာလူးစိမ်းဖျော်ရည
- ကချင်ပြည်နယ်ထွက်ရှီးပဒီး
- အပျိုဖော် ၊လူပျိုဖော်ဝင်စအချိန်မှာအရပ်ရှည်စေဖို့ 
- တောင်ကွေး (Dong guai)
- ဂျင်ဆင်းနှင့်တရုတ်တိုင်းရင်းဆေးအမြင်
- ဆံပင်နဲ့ အရေပြားအတွက်ငှက်ကုလားအုတ်အဆီ
- စိတ်ဖိစီးမှုပြေလျော့စေရာ အဖြေရှာ
- ဆောင်းပါး
- ဆီးချိုရောဂါနှင့်တရုတ်တိုင်းရင်းဆေး
- မိုးရာသီနှင့် တုပ်ကွေးရောဂါ
- စွဲမက်ဖွယ်ရာဒီဟင်းလျာ
- ကဗျာများ
- ၀ါဆီု
- လျှပ်တပြက် အမှတ်တရများ
- အလွဲများ
- အပြုံးများကိုမျှဝေခြငိး
- ပုံရိပ်များ
[…] လိပ်ခေါင်းရောဂါနှင့် တရုတ်တိုင်းရင… […]
ဆရာ လိပ်ခေါင်းကသွေးထွက်ရင်အန္တရာယ် ရှိ လား ဆရာ။အ မြစ် ပျောက် အောင်ကု သ လို ရင် ဘယ် လို ဆေးဝါးတွေ သောက်သုံး မှီဝဲသင့်ပါသလဲဆရာ။အပန်းမကြီးရင် ဆေး လေး တွေ ညွန် ကြား ပေးပါ လား ဆရာ။အဲ ရော ဂါ ကြောင့်စိတ် အနှောက် အ ယှက် ဖြစ် ရ လို့ပါ ဆရာ။
ကုသလို့ရပါတယ်
မြန်မာတိုင်းရင်းဆေးနဲ့ကုသမယ်ဆိုလည်းရပါတယ်
ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေလည်းရှိပါတယ်
ဆေးမြီးတိုနဲ့ကုသမယ်ဆိုရင်
ပင်စိမ်းစေ့နဲ့နှမ်းစေ့ကိုစတူရောကျိတ်ပြီး
ထန်းလျက်နဲ့တေပြီးအလုံးလေးတွေလုံးပါ
အလုံးအရွယ်အစားကဆီးစေ့လောက်ဆိုရပါတယ်
မနက်တစ်လုံး ညနေတစ်လုံးသောက်ပေးပါ
တခြားနည်လမ်းရောမရှိဘူလားဆရာ
ဆေးဆရာနှင့် တွေးဆုံးဆွေးနွေးတာ အကောင်း ဆုံးပါ လို့အကြံပြု ပါတယ်။
ဆရာ အိမ်သာသွားရင်းဝမ်းထဲမှာ သွေးပါလာတာဘာဖြစ်လို့လဲ မသိဘူး အစာအိမ်တော့နာနေးတယ်ဆရာ
ရောဂါလက္ခဏာဘယ်လိုစလဲသိချင်ပါတယ်ဗျ
လူကြီးမင်းဆရာဝန်နှင့်ဆွေးနွေးပါ။
ဘယ်ဆရာဝန်နဲ့ပြသင်ပါသလဲ ကလေးမွေးလို့ဖြစ်တဲ့လိပ်ခေါင်းကို ဆရာဖြေပေးပါ ဆေးသောက်ရင်ကောပျောက်နိုင်လားဆရာ
လိပ်ခေါင်း ရောဂါ လက္ခဏာကဘာလဲ ဆရာ
ဝပ်ဆိုဒ်တွင် အသေးစိတ် ရေးထားပါတယ်။ ရှာပြီး ဖတ်ပါ။
ဆရာကျွန့်တော်ဝမ်းသွားရင်သွေးပါလာတာ၃ရက်ရှိပြီ၊ဘာဖြစ်တာလဲမသိဘူး၊ကျန်တဲ့နေရာကဘာမှမထူးခြားဘူးဆရာ
ဆရာဝန်နှင့် ဆွေနွေး တိုင်ပင်ပါ။
ဆရာ လိပ်ခေါင်းကုချင်လို့ပါဘယ်လိုကုရမလဲမသိဘူးဖြစ်နေတယ်ဆရာ
to discuss a doctor
ဆရာဇော်မိုးဟိန်း ဆေးခန်းကဘယ်မှာလဲ