Archive | March 8, 2013

You are browsing the site archives by date.

တော်လှန်ရေးကောင်စီဘာကြောင့် နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့သလဲ–အပိုင်း(၄) …

တော်လှန်ရေးကောင်စီဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၁) တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၂) တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၃) သန်းဝင်းလှိုင် မတ်လ ၈၊ ၂၀၁၃ ● အာဏာသိမ်းပြီးနောက် အခြေအနေ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သွင်းကုန်ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး   အခြေအနေ ရုတ်တ ရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစဌာနချုပ်တွင်လည်း ပထစအစိုးရအဖွဲ့ ၀န်ကြီးများ အဖမ်းခံရခြင်းကိစ္စနှင့်ပတ်သက်၍ လာရောက် သတင်းမေးကြ၍ […]

ရန်ကုန်မှာ ကျင်းပတဲ့ ကျား/မ ကာယာအလှ ပြိုင်ပွဲ – Fitness Physique Contest

ဓာတ်ပုံသတင်း ဇွန် ၂၃၊ ၂၀၁၂                     ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သော ကာယကြံ့ခိုင်မှု ပြိုင်ပွဲမှ မြင်ကွင်းတခု (ဓာတ်ပုံများ – AP) ကာယဗလ နှင့် ကာယကြံ့ခိုင်မှုပြိုင် ပွဲများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Centre တွင် ကျင်းပခဲ့သည်။ အနိုင်ရသူတဦးဖြစ်သည့် စိုးမိုးအောင်

ရိုဟင်ဂျာသည် ဘင်္ဂါလီမဟုတ်

     

မဆလခေတ် ပညာရေးကို စမ်သပ်တာဝန်ယူခဲ့သူ ဒေါက်တာညီညီ ၏ အမှား၂-ခုမှ တခုဝန်ခံချက်…..

 ဘယ်အချက်တွေမှာ မှားခဲ့တာလဲ ဆရာ။ ပထမဆုံးအချက်က သင်နည်းစနစ် မှားတယ်ပေါ့ဗျာ။ အင်္ဂလိပ် စာသင်ရိုးတစ်အုပ်လုံးက စာဖတ်တာနားလည်ဖို့ (Reading Comprehension)  ကိုပဲ အသားပေးထား တာလေ။ အမှန်မှာက အပြောတတ်ရေးကို ဦးစားပေးရမှာ။ ကျွန်တော်တို့က အင်္ဂလိပ်စာကို ဖတ်တတ်ရင်တော်ပြီ။ အင်္ဂလိပ်လို ရေးတာသား တာကို နားလည် ရင်တော်ပြီ။ အင်္ဂလိပ်လို ကောင်းကောင်းဖတ်တတ်သွားရင် ခေတ်မီ ပညာရပ်တွေကို ကျွန်တော်တို့ ကျောင်းသားတွေ ကောင်းကောင်း နားလည်သဘောပေါက်နိုင် မှာပဲဆိုပြီး အဖတ်နားလည်ဖို့အတွက် ဖိလုပ်ခဲ့ကြတာ။ အဲဒါမှားပါတယ်။ အမှန်လုပ်ရမှာက အပြော၊ ပြော နိုင်ဖို့ဦးစားပေးလုပ်ရမှာ။ (Speaking Skills) ကို ဖိလုပ်ရမှာ။ ဘာသာစကားတစ်ခုမှာ အဓိကကပြောဖို့ပဲလေ။ ဘာသာစကားကို ကျွမ်းကျင်ဖို့ဆိုတာပြောတတ်ဆိုတ တ်မှပြောတာကိုနားလည်မှဖြစ် တာလေ။ အဲဒါကို ကျွန်တော်ရုရှားမှာကျမှပိုသဘောပေါက်သွားတာ။ ဟိုရောက်တော့သူတို့ […]

ကိုလိုနီခေတ် တိုင်းရင်းသားမျာအခြေအနေ (၂)

by Aung Zaw Bo လွတ်လပ်ပြီးခေတ် အင်းစိန်တိုက်ပွဲတွင်ပါဝင်ခဲ့သော သက်ရှိထင်ရှား ပြည်သူ့ရဲဘော်ခေါင်းဆောင်က ကျနော့်ကိုပြောပြသည်မှာ (ဟိုတုန်းက နယ်ချဲ့သမားလက်ကိုင်တုတ် လူမျိုးရေးအရနှိပ်စက်သူသဘောနဲ့ တိုက်တာ၊ ဒီအကြောင်းတွေ ကျနော် စဉ်းစားမိတော့ အိပ်မပျော်ဘူး၊ ဖဆပလအစိုးရဟာ သူတို့တည်မြဲရေးအတွက် လူမျိုးရေးကို နိုင်ငံရေး လှည့်ကွက်ထဲ အသုံးချသွားမှန်းသိတော့ နောက် ကျသွားပြီကိုး၊ နောက်နောင် ထပ်မမှားဖို့ ဘဲရှိ တော့တယ်) ဟု ရင်ဖွင့်သွားခဲ့သည်။ မိမိတို့အာဏာတည်မြဲရေးအတွက် လူမျိုးရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချသည်မှာ ယခုဒီမိုကရေစီ အစိုးရအမည်ခံ သမတဦးသိန်းစိန်အထိဖြစ်ပါသည်။ ၎င်းတို့နှင့်သက်ဆိုင်ရာကို တင်ပြရလျှင် ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ်က ၁၉၆၂ ခု၊ မတ်လ (၄)ရက်နေ့တွင် ပထစခေါင်းဆောင်များ၊ ဖဆပလခေါင်းဆောင်များ၊ ပမညတခေါင်းဆောင် တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသောအခြေအနေကိုဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး […]

ပင်လုံစာချုပ်၊ ဖယ်ဒရယ်မှုနှင့် ၂၀၀၈ အခြေခံဥပဒေ

ကေလတ် Monday, 16 November 2009 00:00 ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်တွင် `ပင်လုံ´ဟု ခေါ်သော မြို့ကလေး၌ စာချုပ်တခု လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်သည် `ပင်လုံစာချုပ်´ ဟု ထင်ရှားသည်။ ပင်လုံစာချုပ်နှင့်အတူ ပင်လုံမူ သို့မဟုတ် တန်းတူညီမျှမှု စိတ်ဓာတ်လည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း ပင်လုံစိတ်ဓာတ်သည် မြန်မာအခြေခံဥပဒေ အဆက်ဆက်တွင် ကိန်းအောင်းရှင်သန်မှု မရှိခဲ့ခြင်းမှာ ၀မ်းနည်းဖွယ် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း။ ပင်လုံစာချုပ်၏ နိဒါန်းတွင် ̏ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး […]

မြန်မာနိုင်ငံသမိုင်းသုတေသန -ဒေါက်တာသန်းထွန်း

by Myo Set (ပါးစပ်သမိုင်း၊ ပါးစပ်ရာဇဝင်နဲ့ နိုင်ငံရေးမှာအရေးကြီးတဲ့ကောက်ချက်တွေကို ဆွဲရင် အန္တရာယ်များတတ်တယ်။ ယမန်နေ့က သမိုင်းသုတေသနနဲ့ Political Behavior ကို ဆန်းစစ်ခြင်းကို အနည်းငယ်ရေးပြခဲ့တယ်။ Research methodology in History ကိုရေးဖို့ရာမှာ ကျယ်ပြန့်လွန်းလို့အချိန်အခက်အခဲရှိလာတယ်။ ကိုယ်အကျွမ်းတစ်ဝင်သိပ်ရှိနေတဲ့နယ်မှမဟုတ်တာကိုး။ ဒီတင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာကိုဖတ်မိတော့ မြန်မာနိုင်ငံကလိုအပ်တာနဲ့ကွက်တိပဲလို့ ခံစားမိတယ်။ ဒါကြောင့် စာပြန်စီပေးလိုက်ပါတယ်။) သမိုင်းသုနေသနအကြောင်းဟာ လူတွေအများကြီးသိရင်အကောင်းဆုံးပဲ။ သိတဲ့သူတွေကလဲ သုတေသနလုပ်သူတွေကို ကူညီရင်အကောင်းဆုံးပဲ။ ကျောင်းသားတွေဆိုရင် သမိုင်းသုတေ သန လုပ်နည်းလုပ်ထုံးသိထားရင် ကိုယ့်နယ်ကိုယ်ပြန်တဲ့အခါ ဘယ်ဟာက သမိုင်းအထောက်အထား ပစ္စည်းဆိုတာကို နားလည်ပြီး သုတေသနလုပ်သူကို ကူညီတတ်လာမှာပါ။ အခုပြောနေတာက အခုနားထောင်သူတွေထံက အကူအညီလိုလို့လဲပါပါတယ်။ မြန်မာနိုင်ငံသမိုင်းသုတေသနနဲ့ပတ်သက်လို့ အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့ (၁)ဘာကြောင့်သုတေသနလုပ်ရသလဲ (၂) […]