Archive | March 20, 2013

You are browsing the site archives by date.

ပါ့စ်ပို့စာအုပ်ရရေး လျှောက်လွှာ စာရွက် ၃ ရွက်သာလိုတော့

  Wednesday, March 20, 2013 ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးက မြန်မာ နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် အချိန်ကုန်၊ငွေကုန် သက်သာမှုတွေ ရှိစေဖို့ ဖြေလျှော့မှုတွေ လုပ်ပေးနေတယ်လို့ ယနေ့ မတ်လ ၂၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အရင်က မြန်မာ နိုင်ငံကူး လက်မှတ် လျှောက်ထားရာ မြန်မာ နိုင်ငံကူး လက်မှတ်လျှောက်လွှာ ပုံစံများနှင့် ပတ်သက်၍ ယခင်က ဖြည့်စွက်လျှောက်ထားရသည့် လျှောက်လွှာပုံစံ ၁၄ ရွက်တောင် ရှိခဲ့တာပါ။ ဒီအပြင် ယခင်က ပါ့စ်ပို့ စာအုပ်ထွက်လာဖို့ ၃ လကြာ စောင့်ရပြီး နောက်ပိုင်း ၁ လ၊ ၃ […]

ကျွန်တော် ဖြတ်သန်းလာရတဲ့ ဂျပန်လူနေမှုဘဝ

ကျွန်တော် ဖြတ်သန်းလာရတဲ့ ဂျပန်လူနေမှုဘ၀ ………………………………………………….. လူငယ်တွေရဲ့ အိပ်မက်ဖြစ်တဲ့ ဂျပန်ဆိုတဲ့ နေရာမှာ .. ကြိုးစားဖို့ ကျွန်တော့်အတွက် ခြေကုပ်တော့ ရလာခဲ့ပြီ ဆိုပါတော့ ……….. အလုပ်ကတော့ ဘယ်ဆီဘယ်ဝါနေမှန်းမသိသေးပါဘူး .. ကျွန်တော်တို့ကို အလုပ်ပေးမယ့် ဂျပန်လူမျိုးကတော့ ခုချိန်နှစ်ကူးမို့လို့ ..လ၀က်ကျော်မှ အလုပ်တွေပြန်စမယ်လို့ပြောပါတယ် အလုပ်ကို မြန်နိုင်သမျှ မြန်မြန် လုပ်ချင်ပေမယ့် ..ခုလောလောဆယ် အလုပ်မရသေးတော့လဲ ကျွန်တော့်အတွက် အနားယူဖို့ အချိန်ရတယ်လို့ပဲ သတ်မှတ်လိုက်ပါတယ်.. ကျွန်တော့်အခန်းလေးမှာ အရင်ဦးဆုံး အိပ်ယာရဲ့ ခေါင်းရင်းဘက်မှာ ..ဘုရားပုံနဲ့ အဖေအမေပုံကို ကပ်ထားလိုက်ပါတယ်…. အိပ်ယာဘေးမှာတော့ ..ကျွန်တော်နဲ့ ကျွန်တော်ချစ်သူတွဲရိုက်ထားတဲ့ ပုံလေးကပ်ထားပါတယ် အဲဒီအောက်မှာ ကျွန်တော်အရမ်းချစ်တဲ့ တူလေးပုံကို ကပ်ပါတယ်.. ဘာပဲပြောပြော …အဲလို မိသားစုပုံလေးတွေ မိမိအနားမှာ ကပ်ထားတာဟာ .. […]

လယ်မြေ သိမ်းဆည်မှုများ ဥပဒေနှင့် မညီကြောင်း ဆက်လက် ဖော်ထုတ်

ခင်ဦးသာ| March 20, 2013 | စစ်တပ်ပိုင်မြေအဖြစ် ဆိုင်းဘုတ်တပ်ထားသည့် မြေယာတခုကို မြင်ရစဉ် (ဓာတ်ပုံ – နိုင်စွမ်း / ဧရာဝတီ) အစိုးရစစ်တပ် အပါအ၀င် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ရယူထားသည့် လယ်မြေယာကိစ္စများတွင် ဥပဒေနှင့် မညီသည့် လုပ်ရပ်အများအပြားကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ တနိုင်ငံလုံးတွင် သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ် ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား နှစ်ပိုင်းခွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ ယခု သီတင်းပတ်အတွင်း တင်သွင်းပြီးနောက် ဥပဒေနှင့်မညီသည့် ကိစ္စရပ် အများအပြား တွေ့ရှိရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ “လှိုင်သာယာက FMI City တည်ဆောက်ထားတာတွေ၊ ပန်းလှိုင်ဂေါက်ကွင်း တည်ဆောက်ထားတာတွေဟာ […]

အစိုးရ အခြေခံပညာရေးစနစ် ပြောင်းလဲသင့်ပြီဟု ဆို

ထက်နိုင်ဇော်| March 20, 2013 တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီး ထွက်လာသည့် ကျောင်းသားများကို ရန်ကုန်မြို့လယ်ရှိ ကျောင်းတကျောင်းတွင် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) မြန်မာနိုင်ငံ အစိုးရ၏ အခြေခံပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ကျောင်းသားမိဘများနှင့် ပညာရေးလုပ်ငန်း လုပ်ကိုင်နေကြသူများက ဧရာဝတီသို့ ပြောသည်။ အစိုးရ၏ အခြေခံ ပညာရေးစနစ်သည် ကလေးများ၏ ဘ၀အာမခံချက်ကို မပေးနိုင်ဘဲ စာမေးပွဲအောင်ရန်သာ သင်ကြား ပေးနိုင်သော အခြေအနေ ဖြစ်နေပြီး လက်တွေ့အသုံးကျသော အမှန်တကယ် တက်မြောက်စေရန် သင်ကြားမှုကို မပေးနိုင်ကြောင်း ရန်ကုန်မြို့ခံ ကျောင်းသားမိဘများက ပြောသည်။ အစိုးရအခြေခံ ပညာကျောင်းများတွင် ကျောင်းမှ ဆရာသင်ကြားသော စာကိုပင် ပြန်၍ […]

FEC ရုပ်သိမ်းမည်

သာလွန်ဇောင်းထက်| March 20, 2013 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော နိုင်ငံခြားငွေလက်မှတ် FEC (Foreign Exchange Certificate) သန်း ၃၀ ကျော်ကို ယခု မတ်လအတွင်းတွင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောဆိုလိုက်သည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ နိုင်ငံတော်၏ စီးပွားရေး စနစ်အတွင်း ကြားခံအဖြစ် သတ်မှတ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ် မည့် ကြေညာချက် ထုတ်ပြနိုင်ရေး လွှတ်တော်ထံသို့ အတည်ပြုချက် ရယူသည့် အစီရင်ခံစာ တင်သွင်းစဉ် ဦးဝင်းရှိန်က ပြောဆို လိုက်ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ကလည်း သမ္မတ၏ တင်ပြချက်ကို သဘောတူညီခဲ့သည်။ ယခင် စစ်အစိုးရက […]

ဒေါက်တာ အေးချမ်း အနေဖြင့် အေးချမ်း စေလိုပါလျှင်

O’Laie Manzu 20.3.2013 ယနေ့ ရိုဟင်ဂျာ လူမျိုးများ မေယု ဒေသတွင် နေထိုင်လျက် ရှိသည်မှာ ကမ္ဘာအသိ ဖြစ်သည်။ ငြင်းခုံ စရာ မဟုတ်။ သို့သော် မျက်မှောက် ခေတ်တွင် ရိုဟင်ဂျာ လူမျိုးများ အရှင် လတ်လတ် ရှိနေမည်ကို လျစ်လျူ ရှူကာ အရှိကို အရှိ အတိုင်း လက်မခံ နိုင်ဖြစ်နေသော သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းသည် အတိတ် ကာလတွင် ရိုဟင်ဂျာ မရှိခဲ့ ကြောင်း ခံငြင်း နေသည့် သတင်းများ အစဉ်တစိုက် ထွက်ပေါ်လျက် ရှိနေပေသည်။ ရိုဟင်ဂျာ အမည် ခေါ်တွင်သည့် လူမျိုးစု ဝင်များ လက်ရှိတွင် သက်ရှိ ထင်ရှား ရှိနေသည်မှာ ဖုံးဖိထား၍ […]

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန် —————————————————————— ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအားလျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။ မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် […]