Archive | March 22, 2013

You are browsing the site archives by date.

ကမ္ဘာကြီးမှာအိမ်ရှင်နှင့်ဧည့်သည်မရှိဘူး။ လူသားဘဲရှိတယ် (မိုးသီးဇွန်) …..

Advertisements

မိထ္ထီလာအရေးအခင်းအပေါ်(၈၈)ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အင်တာဗျူး ….

 Myanmar Online News‘s photo. ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား Friday, March 22, 2013 (မိထ္ထီလာ အရေးအခင်းအပေါ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အင်တာဗျူး) မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ် မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခ များ   နောက်တွင်အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။ အုပ်စုဖွဲ့၍ အားနည်းသူကို အနိုင်ကျင့်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများဖြင့် အမှောင်လွှမ်းသော မိထ္ထီလာ နေ့ရက်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရရုံနှင့် မပြီးဘဲ အရေးပေါ်အခြေအနေအဖြစ် အကြေညာလိုက်သည်အထိ အခြေအနေ ဆိုးရွားခဲ့ရသည်။ အခင်းဖြစ်ပွားရာ မိထ္ထီလာသို့ […]

ဖုန်းမော်အရေးအခင်းတွင်ပါဝင်ခဲ့သူ RIT ကျောင်းသားဟောင်း (ကိုအောင်မြင့်မင်း) ၏ မိတ္ထီလာ အရေးအခင်း အပေါ် ပြောကြားချက် ….

Myanmar Muslim Net ဖုန်းမော်အရေးအခင်းတွင်ပါဝင်ခဲ့သူ RIT ကျောင်းသားဟောင်း (ကိုအောင်မြင့်မင်း) ၏ မိတ္ထီလာ အရေးအခင်း အပေါ် ပြောကြားချက်အခုကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေကိုအစ္စလာမ်ဘာသာဝင်တွေရော၊ဗုဒ္ဓဘာသာဝင်တွေ ကလည်းဖြစ်ချင်ကြတာမဟုတ်ပါဘူး။တကယ်ကနိုင်ငံရေး အမြတ်ထုတ်ချင် တဲ့အုပ်စုတစုကသာနိုင်ငံရေးအကျိုးစီးပွားအမြတ်ထုတ်ဖို့အ တွက် ပက်စက်တဲ့အကြံနဲ့ ဖော်ထုတ်နေတာဖြစ်တယ်။ အဲဒီလို ပက်စက်တဲ့အကြံနဲ့လုပ်နေတဲ့ “ဘုံရန်သူ”ကို ကျွန်တော်တို့အားလုံး တိုက်ဖျက်ဖို့လိုတယ်။ ကာကွယ်ဖို့လည်း လိုတယ်။ မြန်မာနိုင်ငံအနှံ့မှာရှိနေတဲ့ နိုင်ငံရေးတက်ကြွသူတွေ၊ ဘာသာပေါင်းစုံ၊ အလွှာပေါင်းစုံကရှိတဲ့သူတွေ အားလုံးက ဦးဆောင်ပြီး ““ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတားဆီးရေး” ကွန် ရက်တွေ ကို အမြန်ဆုံးဖွဲ့စေ ချင်တယ်။ ကွန်ရက်တွေဖွဲ့စည်းပြီး မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာရှိတဲ့ သံဃာတော်တွေ၊ မြို့မိမြို့ဖတွေ၊ လက် နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊   နိုင်ငံရေးလှုပ်ရှား တက်ကြွသူတွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေစုပေါင်းပါဝင်တဲ့ “ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းတားဆီးရေး”ကွန်ရက်တွေ […]

မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို အပြည့်အဝစုံစမ်းဖို့ကုလသမဂ္ဂက ဆုံးဖြတ် …

မြန်မာ့ လူ့အခွင့် အရေး ချိုးဖောက်မှု ကုလ စစ်ဆေးမည်   ဘီဘီစီ မြန်မာပိုင်း 21.3.2013 မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ချိုးဖောက် နေမှု တွေကို အပြည့်အဝ စုံစမ်းဖို့ ကုလသမဂ္ဂက ဆုံးဖြတ် မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ချိုးဖောက်မှု၊ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာပြီး လွတ်လပ်မှု အပြည့်အဝရှိတဲ့ စုံစမ်းစစ်ဆေးမှုတခု စတင်ဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီက တညီ တညွတ်တည်း ဆုံးဖြတ် ချက်ချ လိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရဲ့ အဲဒီ ဆုံးဖြတ်ချက်မှာ မြန်မာနိင်ငံမှာ […]

မီးရှို့ခံထားသောအလောင်းများလမ်း၌ ပုံထားသည်ကိုတွေ့ရပုံ …

လမ်းမပေါ်တက်ပြီး လူသေ မီးရှို့ထားရဲတယ်ဆိုထဲက ဘယ်လောက် လူစိတ်ကင်းတဲ့ တောကြောင်တွေ ဖြစ်မလဲ …. ဆေးရုံမရောက်ရှာတော့ သူ့ခမြာ သေစာရင်းထဲ မဝင်နိုင်ရှာဘူး…. ဥပဒေကြောင်းအရ ခုထိ အသက်ရှိသေးတယ်… ပြန်ကြားရေးစာရင်းကတော့ သေတာ ၅ယောက်ထက် တက်လာဖို့ မရှိဘူး…..

လုံခြုံရေးတပ်ဖွဲ့အသက်အိုးအိမ်ကိုကာကွယ်မပေးဘူးဟု မင်းကိုနိုင်ထောက်ပြ

” လုံခြုံရေးတပ်ဖွဲတွေနဲ့ တနေကုန်တညလုံး ပြဿနာဖြစ်တဲ့အချိန် ကျနော်တို့ အတူရှိနေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အဲဒီလို ဒိုင်းတွေ ကာထားတဲ့ပါလျက်နဲ့ သူတို့ကြားထဲကပဲ အဲဒီအုပ်စု ဖွဲ့ပြီးအကြမ်းဖက်တဲ့လူတွေကို ခွင်ပြုနေတာကို တွေ့ရပါတယ်။ အဲဒါဟာ သူတို့ သဘောနဲ့ ခွင့်ပြုတာ မဟုတ်ပေမယ့် သူတို့ဟာ အမိန့်မရလို့ လူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်မပေးဘူးဆို ကျနော်ဘယ်နည်းနဲ့ မှ သဘောမတူနိုင်ဘူး” (ကိုမင်းကိုနိုင်) မိထ္တီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး၊ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ ကိုမင်းကိုနိုင် တို့ ဘာတွေ ဆွေးနွေး ခဲ့ကြတယ် ဆိုတာကို ဦးဝင်းမြင့်က ကိုမင်းကိုနိုင်ကို ဆက်သွယ် မေးမြန်းထား ပါတယ်။

မိတ္ထီလာဘာသာရေးအဓိကရုဏ်းလူသေဆုံး၊ ၈၈နှင့် ရွှေညဝါ အခြေအနေထိန်းရန် မေတ္တာရပ်ခံ …

  အကြမ်းဖက်မှု၊ သတ်ဖြတ်မှုတွေကြောင့် လူ ၂ဝကျော်သေဆုံးခဲ့ရပြီး ဥပဒေစိုးမိုးမှု လုံးဝပျက်စီးနေတဲ့ မိတ္ထီလာမြို့ကို ၈၈ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ရွှေညဝါဆရာတော်တို့ မတ်လ ၂၁ရက်နေ့မနက်မှာ ရောက်ရှိခဲ့ပါတယ်