Archive | March 24, 2013

You are browsing the site archives by date.

မြန်မာမွတ်ဆလင်မ်ဆိုတာမြန်မာပြည်မှာ ဧည့်သည်တဲ့လား?

   လတ်တလော မြင်တွေ့နေရသော အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသည့်  ခေါင်းစဉ်အောက်တွင် လူသားအသိပျောက်ရှပြီး အကြမ်းဖက်သတ်ဖြတ်မှုများဖြင့် ပဍိပက္ခ မီးလျှံများအောက် တိုင်းပြည်ကို မီးလောင်တိုက်သွင်းနေသော မြင်ကွင်းများကို စိတ်နှလုံး တုံလှုပ် ခြောက်ခြားဖွယ်ရာ မြင်တွေ့နေရသည်။ မီးလောင်ရာလေပင့် ဟူသည့်အတိုင်း ခေါတ်နောက်ပြန်ဆွဲလိုသူများ ဒီမိုကရေစီဟူသော အများသာတူညီမျှခွင့်ကို မရှုစိမ့်သူများနှင့်၊ ဘာသာတရား၏ အဆုံးအမများကို အကယ်စင်စစ် လိုက်နာ ယုံကြည်မှု မရှိပါဘဲလျက် ဘာသာသာသနာကို ကာကွယ်စောင့်ရှောက် လိုသူများ ဟုအမည်ခံထားသည့် အကြမ်းဖက်တို့၏ မြှောက်ထိုးပင့်ကော်မှုကြောင့် အတွေးအခေါ်နှင့် ဆင်ခြင်တုံ တရား နိမ့်ပါးသူအချို့ တို့က ကြိုးဆွဲရာကပြ အသုံးတော်ခံရင်းဖြင့် လူသတ်ပွဲများကို ပျော်ပျော်ကြီး ဆင်နွဲနေကြသည်မှာ အလွန်တရာယဉ်ကျေးသိမ်မွေ့ လှပါသည်ဟု တိုင်းခြားနိုင်ငံများ က ချီးကျူးရသော မြန်မာပြည်ကြီးနှင့် မြန်မာလူမျိုးများပင် ဟုတ်ပါလေစ […]

စာပေ၀ါသနာရှင်များအတွက်စာအုပ်များအခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

ဒါကလူကြီးမင်း တို့အတွက်…ရတနာသိုက် ပါ…. စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု ။။။ ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်.. သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook […]

၉၆၉ အမည်ခံလူသုံးဦး ဟင်္သာတမြို့ စိုးစံ စားသောက်ဆိုင်တွင် ဆူပူအုံကြွမှု ဖြစ်စေရန် မိုက်ကြေးခွဲ ရန်စမှုဖြစ်ပွား

မတ်လ ၂၄၊ ၂၀၁၃ M-Media သတင်း – ၀ါးပင်လေး ဟင်္သာတ။ ။ မတ်လ ၂၂ရက် နေ့ ည ၉နာရီကျော်တွင် အစ္စလာမ်ဘာသာဝင် တစ်ဦး ပိုင်ဆိုင်သော စိုးစံ စားသောက်ဆိုင်၌ ၉၆၉အမည်ခံ လူသုံးဦး အနိုင်ကျင့် ဗိုလ်ကျကာ ရန်စမှုတစ်ခု ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်း ဟင်္သာတ မြို့နေ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “စိုးစံ စားသောက်ဆိုင်မှာ မဖြစ်ခင် ဥယျာဉ်တောင်ရပ်ကွက် အစ္စလာမ်ဘာသာဝင်ပိုင် ‘အမှတ်တရ’ လ္ဘက်ရည်ဆိုင်မှာ အဲဒီလူတွေ ၀င်စားသောက်ကြတယ်၊ ရှင်းခါနီးကျတော့ ပိုက်ဆံမပေးဘူး ဆိုင်ရှင်ကလည်း ရန်ရှောင်တဲ့ သဘောနဲ့ သည်းခံပြီး ဘာမှမပြောပဲထားလိုက်တယ်၊ အဲဒီကနေ သူတို့ ဥယျာဉ်မြောက် ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်ပိုင် စိုးစံစားသောက်ဆိုင်ထဲဝင်ပြီး […]

မိတ္ထီလာမြို့က ဒုက္ခသည်တွေ အစားအစာနဲ့ ရေ အရေးပေါ် လိုအပ်

2013-03-24မိတ္ထီလာမြို့က ဒုက္ခသည်တွေအတွက် အစားအစာ၊ ရေနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ လူပေါင်း ၄ ထောင်လောက်ရှိနေပြီး၊ သူတို့အတွက် မန္တလေးမြို့က အဖွဲ့အစည်းပေါင်းစုံ မနေ့က သွားပြီးလှူဒါန်းခဲ့သလို အခုသတင်း ကြေညာနေချိန်မှာလဲ ဒုတိယနေ့ အဖြစ်လှူဖို့ သွားနေကြပါတယ်။ ဒုက္ခသည်တွေအတွက် အစားအသောက်မလုံလောက်တဲ့အခြေအနေကို တွေ့မြင်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထက်မြန်မာပြည် အမှုဆောင်တဦး ဖြစ်တဲ့ ကိုရဲရင့်ကျော်က RFA ကို ပြောပါတယ်။ ” စားဝတ်နေရေးကတော့ အဲ့စခန်းတွေမှာ အတော်လေး ဒုက္ခရောက်နေတယ်ဗျ၊ ထမင်းထုတ်တွေဆိုလည်း မလောက်ဘူး၊ လူ သုံး၊ လေးယောက်ကိုမှ ရေသန့်ဘူး တစ်လီတာဘူး တစ်ဘူးလောက်ပဲရတယ်” ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မနီလာသိန်းဦးဆောင်တဲ့အဖွဲ့ကလဲ စားနပ်ရိက္ခာ လှူဒါန်းဖို့  အခုသတင်းကြေညာနေချိန်မှာ […]

မိတ္ထီလာမြို့အခြေအနေနဲ့ပက်သက်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်နဲ့ မေးမြန်းချက် – မတ်လ ၂၃

U U Mhaw Sayar * တသက်နှင့် တကိုယ် ဒီလောက်ကြီးမားတဲ့ ပြဿနာမကြုံဘူးကြောင်း * ၈၈ အရေးခင်း၊ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်းတုံးကလဲ ဒိလောက်မဆိုးကြောင်း * မိတ္ထီလာက မွတ်စလင်မ်တွေဟာ ဘိုးစဉ် ဘောင်ဆက်နေထိုင်လာတဲ့သူများဖြစ်ကြောင်း * မယုံနိုင်စရာကောင်းလောက်အောင် လူတွေ အရိုင်းအစိုင်းဖြစ်နေတာတွေ့ရ *အကြမ်းဖက်ရိုင်းစိုင်းမှုတွေကို ဝင်တားတဲ့အတွက် သူကိုပါ ၇န်မူရန် လုပ်ခဲ့ကြောင်း * သူမျက်စိရှေ့မှာတင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတာတွေ တွေ့ခဲ့ရကြောင်း * အသတ်ခံရသူ အများစုမှာ မွတ်စလင်မ်တွေ ဖြစ်ကြောင်း * မိထ္ထီလာက မွတ်စလင်မ်တွေဟာ တိုင်းရင်းသားတွေဖြစ်ကြောင်းအပြည့်အစုံ ဆက်လက်နားဆင်ကြပါရန် https://www.facebook.com/photo.php?v=468814013191300

နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ဗလီနှင့်စာသင်ကျောင်း အကြမ်းဖက် ဖျက်ဆီးခံရ

*(အလင်းမျက်ဝန်း) နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ဗလီနှင့် ဇွေလာလွလ်ကုရ်အာန် ဟာဖီးကျောင်းတို့အား ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်သမားများမှ ယနေ့ မတ်လ (၂၄)ရက်နေ့ ည (၈)နာရီခန့်မှစတင်ကာ အကြမ်းဖက် ဖျက်ဆီးနေကြောင်း အလင်းမျက်ဝန်းမှ သတင်းရရှိပါတယ်။ `ဟုတ်ပါတယ်။ ခဲနဲ့ပေါက်နေတာ မဟုတ်ပါဘူး။ ဖျက်ဆီးနေတာပါ။ ည ၈ နာရီလောက်ကစပြီးရောက်လာတာပါ။ အခြားရွာတွေကလို့တော့ ထင်ရပါတယ်။ လူဦးရေက ၂၀၀ ကျော်မယ်။ အတိ အကျတော့ ပြောလို့မတတ်ဘူး။ ကျနော်တို့လဲ ပြေးနေရတာပါ´ အလင်းမျက်ဝန်းမှ အသေးစိတ် သိရှိနိုင်ရန် တယ်လီဖုန်းဆက်သွယ်မေးမြန်းနေစဉ် ပြန်လည်ဖြေကြားသူမှ အသက်ဘေးမှ လွတ်မြောက်ရန် ပုန်းအောင်းရင်းပြောဆိုနေရခြင်းဖြစ်ပြီး ဆက် သွယ်မေးမြန်း မှု မပြီးဆုံးခင် တယ်လီဖုန်းလိုင်းပျက်တောက်သွား၍ ပြန်လည် ခေါ်ဆိုရန် ခက်ခဲနေသောကြောင့် ဤမျှသာ မေးမြန်းခွင့် ရရှိလိုက်ပါသည်။

မိထ္ထီလာမြို့က ရိုင်းစိုင်းရမ်းကားမှုကြီး

  ၂၀၁၃ ခုနှစ်၊ မတ်လ ၂၄ ရက် မိထ္ထီလာမြို့ပေါ်တွင် မတ်လ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် လူမဆန်မှုကို ရိုင်းစိုင်းယုတ်မာမှု၊ ရက်စက်ရမ်း ကားမှု၊ အကြမ်းဖက်မိုက်မဲမှု သရဖူဆောင်းပေးလိုက်သည့် အကျည်း တန်အရုပ်ဆိုးမှုကြီးဖြစ်ပါသည်။ သိမ်မွေ့ပါသည်၊ ယဉ်ကျေးပါသည် ဟု ဆိုသော မြန်မာ့လူ့ အဖွဲ့အစည်း အတွက် ရှက်ဖွယ်လိလိ အမည်းစက်ကြီးလည်းဖြစ်သည်။ “တရားဥပဒေစိုးမိုးရေး”ဟု အာဘောင်အာရင်းသန်သန် ပြောဆိုလုပ်ကိုင်နေကြသူများကို လှောင်ပြောင် ပျက်ရယ်ပြုလိုက်သော ဖြစ်ရပ်လည်းဖြစ်ပါသည်။ ဤကဲ့သို့သော အပြုအမူ ရိုင်းနှင့် လုပ် ရပ် ဆိုးကို ယဉ်ကျေးသောလူမှန်သမျှ တစ်စိတ်တစ်ဝမ်းတည်းသော စိတ်ထားဖြင့်ပြတ်ပြတ် သားသားဆန့်ကျင်ရမည်၊ ကန့်ကွက်ရမည်။ တားဆီးကာကွယ်ကြရမည်။ (ဗိုလ်) ဦးသိန်းစိန်အစိုးရသည် ပြဿနာကြီးထွားကျယ်ပြန့်ပွားသွားပြီးမှ ဝင်ရောက်ကိုင်တွယ်လေ့ရှိသည်၊ မလောင်ခင်/ မဖြစ် ခင်က ကြိုတင်တားဆီးကာကွယ်မည့် […]

ဒလမြို့ နယ်တွင် ဆူပူမှု ဖြစ်အောင် လှုံ့ ဆော်နေ

ဒလမြို့ နယ်တွင် ဗုဒ္ဒဘာသာဝင် အကြမ်းဖက်သမားများသည် မြို့ နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏စာရင်း၊ ဗလီများ၊ အာရဗီစာသင်ကျောင်းများစားရင်းများ ကို ကောက်ယူထားပြီးအကြမ်းဖက် သမား ၃ထောင်ကို စုစည်းနေကြောင်း၊ မြို့ နယ်အာဏာပိုင်များဖြစ်သော မြို နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ဝင်းနှင့်  ဦးမြင့် သိန်း တို့ က အစ္စလာမ်ဘာသာဝင်လူကြီးတချို့ ကို ခေါ်ယူပြီးဗုဒ္ဒ ဘာသာဝင် အကြမ်းဖက်သမားများ လာရောက်ပြီး ဗလီနှင့် စာသင်ကြောင်းများကိုဖျက်ဆီးခြင်း၊ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များနှင့်  စီးပွားရေးအဆောက်အအုံများကိုလာရောက် ဖျက်ဆီးပါ က လုံးဝမတုံ့ ပြန်ရန် ရုံးရင်းဆန်ခတ်ဖြစ်ပါ က မြို့ နယ် မှလုံးဝတာဝန်မယူနိုင်ကြောင်း၊ လုံခြုံရေးလည်း မပေးနိုင်ကြောင်း၊ အကာအကွယ် မပေးနိုင်ကြောင်း ၊ရန်ကုန်မြို့ မှလုံခြုံရေး တပ်ဖွဲ့ ဝင်များကိုခေါ်ယူရန် ၃နာရီကြာမြင် […]

၉၆၉ ဝါဒီ တို့ရေ မူလလက်ဟောင်း “အရဟံ” တံဆိပ်ကိုတောင် အလွတ်မပေး

d ၉၆၉ ဝါဒီ တို့ရေ မူလလက်ဟောင်း “အရဟံ” တံဆိပ်ကိုတောင် အလွတ်မပေးကြတော့ပါလားကွယ်။ အေးလေ၊ ဘယ်အလွတ်ပေးနိုင်ပါ့မလဲ၊ မင်းတို့မှာ လုမယ်၊ယက်မယ် ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဆိုတဲ့ နေရာမှာ မွတ်စလင်၊ ဗုဒ္ဓဘာသာ မခွဲခြားပဲ အယုတ်၊အလတ်၊ အမြတ်မရွေးတတ်ဘူးဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်သွားပါပြီ။ ဒါပေါ့ ၊ အမှန်ပါပဲ ၊ ဒီလို အဖျက်အမှောင့် လုပ်ရပ်ဆိုတာမျိုးကလည်း မီးညွန့်မကျိုးခင်ကလေး၊ရုန်းရင်း ဆန်ခတ် အခြေအနေမျိုးမှာ လျင်လျင်မြန်မြန် နဲ့ လုပ်ရတာမျိုးမဟုတ်လား၊ ကုလား၊ ဗမာ ခွဲခြားနေလို့ မရနိုင်ဘူးလေ၊ နီးစပ်ရာ အိမ် ဝင်ဆော်ထည့်လိုက်ရမှာပဲလေ၊ အရေးကြီးတာက မြိုးမြိုး မြတ်မြတ်လေးရဖို့ပဲ မဟုတ်ပါလား။ အချိန်မီနေရာယူဖို့လိုသလို စီစဉ်သူများကလည်း ကိုယ်ထိလက်ရောက် ကျူးလွန်သူများမှလည်း စနစ်ကျဖို့လိုပါတယ် ။ တာဝန်ရှိသူများမှလည်း မသိချင်ယောင်ဆောင်ပေးဖို့ […]

မလိုလားမှုများရှိနေသော်လည်း UNHRC က ကွင်တားနား၏ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့် သက်တမ်း တစ်နှစ်တိုးမြှင့်

ပြည်တွင်း သတင်း, နိုင်ငံတကာသတင်း M-Media မတ်လ ၂၄ ရက်၊ ၂၀၁၃ PHOTO: UN ကုလ၏ လူ့အခွင့်အရေးကောင်စီ (UNHRC) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိုမတ်စ် အိုဟီးယား ကွင်းတားနားကို လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက် ဖို့ရာ နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။ ကွင်တားနားမှာ စစ်အစိုးရလက်ထက် ရာဇ၀တ်မှုများကို ဖော်ထုတ်ဖို့ ကြိုးစားမှုများကြောင့်လည်းကောင်း၊ လူနည်းစု အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်ဗိုလ်ကျမှုများကို ဖော်ထုတ်တင်ပြဖို့ ကြိုးစားမှုများကြောင့် မြန်မာအစိုးရနှင့် လူများစုစာရင်းဝင် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုအချို့က မလိုလားကြပေ။ ထို့ပြင် မြန်မာပြည်တွင်းရှိ မီဒီယာကြီးများကလည်း ကွင်တားနား၏လုပ်ငန်းဆောင်တာဆောင်ရွက်ချက်များကို ဖော်ပြခြင်းမျိုး မရှိကြပေ။ သို့မဖော်ပြခြင်းမှာ ပုဂ္ဂလိက စိတ်ခံစားချက်များကြောင့် သို့တည်းမဟုတ် လူများစုမလိုလားသော သူအကြောင်း ဖော်ပြခြင်းဖြင့် […]