Archive | March 25, 2013

You are browsing the site archives by date.

ရန်ကုန်မြို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်

ရန်ကုန်မြို့တွင်း ယနေ့ဖြစ်ပေါ်ခဲ့သော အခြေအနေအချို့အရ ယနေ့မွန်းလွဲပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များမှ ပြုလုပ်သော အစည်းအဝေးအပြီး၌ ရန်ကုန်မြို့တွင် ပုဒ်မ ၁၈၈ ထုန်ပြန်ရန် အတည်ပြုဆုံးဖြတ်လိုက်သည်။ — သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ လှည့်ကင်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နေသော  ရဲတပ်ဖွဲ့ဝင်များအား ၂၄.၃.၂၀၁၃ ရက်နေ့ညတွင် မြင်တွေ့ရပုံ ။ ဓါတ်ပုံ – ရန်ကုန်တိုင်း ရဲတပ်ဖွဲ့  သစ်ထူးလွင် Labels: မြန်မာ့သတင်း Advertisements

ပဲခူးတိုင်း ကြို့ပင်ကောက်ရှိဗလီ၊အုတ်ဖိုရွာဗလီ၊ မွတ်စလင်မ်အိမ်များနှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ …

M-Media ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ ============== မတ်လ ၂၆၊ ၂၀၁၃ M-Media ထွန်းတောက်ကြို့ပင်ကောက် ။  ။ ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများကို ၂၅-ရက်ည (၁၁)နာရီခွဲခန့်မှစ၍ ဖျက်ဆီးနေကြောင်း သတင်းရရှိ သည်။ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီး နေကြောင်း၊ မွတ်စလင်မ်အိမ်(၃)အိမ်နှင့် ဈေးရှိ မွတ်စလင်မ်ဆိုင်များကို ဖျက် ဆီးနေကြောင်း သိရသည်။”မွတ်စလင်မ်အိမ် (၃)အိမ်ကို ဖျက်ဆီးပြီးလို့ ဈေးဘက်က မွတ်စလင်မ်ပိုင်ဆိုင်တွေကို ဖျက်ဆီးပါတယ်။ အခုတော့ ဗလီကို ဖျက်နေပါတယ်။ အသံတွေကြားနေ ရပါ တယ်။ ကျွန်တော်ကတော့ အခု ဗုဒ္ဓဘာသာဝင် တစ်ယောက်အိမ်မှာ လာရောက်ပုန်းနေပါတယ်။ ကြို့ပင်ကောက်မှာက ဒီဗလီတစ်လုံးတည်းရှိတာပါ။ […]

မိတ္ထီလာ အဓိကရုဏ်းကိုထိန်းသိမ်းဖို့ တပ်ရင်း ၁၀ ရင်းထပ်မံရောက်ရှိ

မိတ္ထီလာမြို့ အကြမ်းဖက်မှု နောက်ဆက်တွဲသတင်း ============================ သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နယ်နဲ့မလှိုင်၊ဝမ်းတွင်းနဲ့သာစည်မြို့ရဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရန်ကုန်အခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဟာ မနေ့ညက မိတ္ထီလာမြို့ကို ရောက်ရှိလာပါတယ်။ ဒီတပ်ရင်းတွေဟာ ကြိုတင်ရောက်ရှိနေတဲ့ တပ်မ ၇၇ ရဲ့တပ်ရင်းသုံးရင်းနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်လေးမြို့နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။ “မိတ္တီလာမှာ တပ်မ ၇၇ကသုံးရင်းနဲ့စကခက ၆ ရင်း တပ်စွဲထားမယ်”လို့ အဲဒီအရာရှိက ဆက်လက် ဆိုပါတယ်။ ယမန်နေ့ညက စပြီး မိတ္ထီလာမြို့အတွင်းမှာ စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေတာတွေရှိပေမယ့် ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းတာတွေ မရှိသေးဘူး လို့ […]

ခေတ်အဆက်ဆက်ဒီနည်းသုံးလာတာခုထိ အိုကေနေ တုန်းဘဲ …

Breaking News : တပ်ကုန်း၊ ရွေးစုရွာတွင် ဗလီကို စတင်ဖျက်ဆီးနေ

M-Media မတ်လ ၂၅၊ ၂၀၁၃ ည ၁၀နာရီ M-Media ဇာဏီ တပ်ကုန်း ။ ။ တပ်ကုန်း၊ ရွေးစုရွာရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို စတင် ဖျက်ဆီးနေကြောင်းသတင်းရရှိပါသည်။တပ်ကုန်း၊ ရွေးစုရွာတွင် မွတ်စလင်မ်အိမ်ခြေ(၂၀)နှင့် မွတ်စလင်မ်ဦးရေ (၈၇)ယောက် သာရှိပြီး ဗလီတစ်လုံးလည်းရှိသော ရွာဖြစ်ပါသည်။ယခုအချိန်တွင် ရွေးစုရွာ၌ မွတ်စလင်မ်များမရှိတော့ပဲ အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရ သည်။”နေ့လည် ကတည်းက သတင်းရလို့ ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ”လို့ ရွေးစုရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

မိတ္ထိလာဆူပူမှုတွင်ပါဝင်သောပါဝင်သူများ ဖေါ်ထုတ်အရေးယူ …

   

မိတ္ထိလာပဋိပက္ခတွင်လူသေ၊ဗလီဖျက်ခံရခြင်းနှင့် ဒုက္ခသည်များစာရင်း၊ Anti-muslim Roits in Burma