Archive | April 2013

You are browsing the site archives by date.

ဒီမိုကရေစီအစ အိမ်တွင်းက

ခေတ်ဘုန်းသစ် ဒီမိုကရေစီ နိုင်ငံတော် တခုကို တည်ထောင်တဲ့ အခါမှာ လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ အာဏာရှင် ဆိုတဲ့ အကျင့်ဆိုး၊ စနစ်ဆိုး ကြီးကို ဖျောက် ပစ်ဖို့လိုပါတယ်။ ကျမတို့ နိုင်ငံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကိုက သက်ဦးဆံပိုင် ဘုရင်စံနစ်ကနေ စလာလိုက်တာ၊ အင်္ဂလိပ် အုပ်စိုး တဲ့ ခေတ်၊ ဂျပန်အုပ်စိုးတဲ့ ခေတ် အပါအ၀င် တပါတီ အာဏာရှင်စနစ်၊ စစ်အာဏာရှင် ခေတ်တလျှောက်လုံး အားလုံး တောက်လျှောက်ကို အထက်အောက် ဆက်ဆံရေး၊ အကြောက်တရားနဲ့ အုပ်ချုပ်လာခဲ့ကြပါတယ်။ ဟိုးအထက်က စပြီးတော့ အကြောက်တရားနဲ့ အုပ်ချုပ်လာ လိုက် တာ နောက်ဆုံး ကိုယ့်ရဲ့ အိမ်ကို ပြန်ရောက်တဲ့ အချိန်ထိ အိမ်မှာ သြဇာအာဏာရှိသူ လူကြီးတဦးက […]

ကျောက်ဖြူပညာရေးကောလိပ်တွင် ရေအခက် အခဲ ကြုံ

အာရ်ကန်တိုင်းမ်စ် ရခိုင်ပြည် ကျောက်ဖြူမြို့ ပညာရေးကောလိပ်ကျောင်း စောသန္တာဆောင်အနီးရှိ ရေတွင်း(ကျောက်တွင်း) တွင် ရေခန်းခြောက်လာ နေပြီဖြစ်သည့်အတွက် စောသန္တာဆောင်နေ ကျောင်းသား/သူများ သုံးရေချိုးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပူပြင်းခြောက်သွေ့သော နွေရာသီ အချိန်ကာလ ဖြစ်သည်ကတကြောင်း ပြန်လည်တူးဖော် ပြုပြင်မွမ်းမံခြင်းမရှိဘဲ ဆယ်စုနှစ်နဲ့ ချီ ကြာမြင့်နေပြီဖြစ်၍လည်း စောသန္တာဆောင်အနီးရှိ ရေတွင်းမှာ ရေထွက်အလွန်နည်းနေသည့်အတွက် ကျောင်းသူများ သုံးရေလိုအပ်ချက် အခက်အခဲကြုံတွေ့ နေရခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ ပညာရေးကောလိပ် စောသန္တာဆောင်နေ ကျောင်းသူများဆီမှ လာသောသတင်းရ သိရသည်။ ” ကျမတို့ ပညာရေးကောလိပ် ကျောင်းအဆောင်ကို နှစ်သစ်ကူး သင်္ကြန်ပြီးတာနဲ့ စ၀င်ပါတယ်။ ၀င်ဝင်ချင်း သုံးရေချိုးရေ အခက်အခဲပြသနာနဲ့  စတိုးပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလည်းဖြစ်တော့ ရေတွင်းထွက်ရေ အတော်လေး နည်းလာနေတာကြောင့် သုံးရေ […]

စစ်တွေဆူပူသူများကိုဥပဒေနှင့် အညီ အရေး ယူမည်

နိရဉ္စရာ ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့နယ်တွင် ပြုလုပ်ခဲ့သော ဆွဲတင်စစ် လူဦးရေ စာရင်းကောက်ခံသူများအား အနှောင့်အယှက် ပြုလုပ်ခဲ့သူများ၊ လူထု ဆူပူ အုံကြွမူ ဖြစ်အောင် လူံ့ဆော် ဖန်တီးခဲ့သူများအား ဥပဒေနှင့် အညီ အရေး ယူသွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်တွင် ဖေါ်ပြသည်။ ဧပြီလ ၂၆ ရက်နေ့က အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူမူကို စာရင်း ကောက်ယူရေး အဖွဲ့ (၁၈) ဖွဲ့ဖြင့် စစ်တွေမြိ့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည် စခန်းများတွင် စာရင်း ကောက်ယူခဲ့ရာ တည်ငြိမ်အေးချမ်းမူကို ပျက်ပြားစေမည့် အပြုအမူများ၊ လူထု ဆူပူအုံကြွမူ ဖြစ်စေမည့် လူံ့ဆော်မူများ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။ သို့အတွက် အိမ်ထောင်စု […]

ကိုရီးယားနိုင်ငံသို့အစ္စလာမ်သာသနာဘယ်လို ရောက်ရှိခဲ့ ပါ သလဲ?

Mmedia၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်ရောက်ရှိ လာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင် သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်ဘာလမှာ တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာ ကိုသင်ကြားပြသခဲ့ပါတယ်။ တူရကီတပ်မတော်က ဒုက္ခသည် စခန်းရွာတွေမှာ ယာယီတဲ ဗလီဝတ် ကျာင်းေ တာ် များဖြင့် သာသနာပြုခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၁၉၅၅-ခုနှစ် အောက်တို ဘာလ မှာ အစ္စလာမ် ဘာသာဝင်ညီနောင်များက အစောပိုင်းမှာ Korea Muslim Committee ကို စတင်အကောင်အထည်ဖော်ပါတယ်။ ၁၉၆၁-ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံမှ လွှတ်တော်အမတ် ‘အိုဗိုင်ဒူလာ’ ဦးဆောင်တဲ့ ၁၄-ဦးအဖွဲ့ […]

ရခိုင်ပြည်နယ်တပ်သိမ်းမြေများသီးစားချနေဆဲဟု ကော် မရှင် တွေ့ ရှိ

အင်္ဂါနေ့၊ ဧပြီလ 30 ရက် 2013 ခုနှစ် မဇ္ဈိမ သတင်း – မဇ္ဈိမသတင်းဌာန စစ်အစိုးရလက်ထက် စစ်တပ်သိမ်း လယ်မြေများကို သီးစားချခြင်း မပြုဟု တပ်မတော်ခေါင်းဆောင်ပိုင်းက ဆိုသော်လည်း လက်တွေ့တွင် လယ်သမားများအား သီးစားချထားဆဲ ဖြစ်သည်ကိုတွေ့ရကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်၊ ရခိုင်ပြည်နယ် အဖွဲ့ခွဲက ဆိုသည်။ ဧပြီလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ စစ်တပ်သိမ်းဆည်းမြေများအား ကွင်းဆင်း စစ်ဆေးနေစဉ် အတွင်းတွေ့ရှိချက်များကို အခြေခံ၍ ပြည်နယ်ကော်မရှင် အဖွဲ့ဝင် ဦးဖေသန်း က မဇ္ဈိမကို ဤသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ “ကုန်ခဲ့တဲ့ ဇန်နဝါရီ ၂၈၊ ၂၉ မှာ ကော်မရှင်နဲ့ စစ်ဘက်အရာရှိတွေ နေပြည်တော်မှာ တွေ့ကြတဲ့အခါ တွဲဖက် […]

ဘင်္ဂလားဒေ့်ရှ်ပြန် ရခိုင် ၆၀၀ ခန့် အခက်အခဲတွေ့

ဘင်္ဂလားဒေ့်ရှ်ပြန် ရခိုင် ၆၀၀ ခန့် အခက်အခဲတွေ့ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စုပေါင်း ၁၆၀ ကျော် ရွှေ့ပြောင်းအခြေချနေထိုင်လာကြပြီး သူတို့ရဲ့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းကို တစ်ဘက်ဘင်္ဂလားဒေ့ရှ် ကနေ ပြောင်းရွှေ့လာသူတွေဟာ ပြီးခဲ့တဲ့လပိုင်းက အိမ်ထောင်စု ၇၀ ဝန်းကျင်လောက်သာရှိခဲ့ရာကနေ အခုလက်ရှိမှာ အိမ်ထောင် စုပေါင်း ၁၆၀၊ လူဦးရေ ၆၀၀ ကျော်အထိ တိုးလာနေတယ်လို့ အဲဒီရွှေ့ပြောင်း လာသူတွေအရေး ကူညီဆောင်ရွက်ပေးနေ တဲ့ မောင်တောဒေသခံ လူမှုရေးအဖွဲ့ အစည်းတွေ က ပြောပါတယ်။ ဒီအိမ်ထောင်စုတွေရဲ့ စားနပ်ရိက္ခာအတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WFP က စားနပ်ရိက္ခာတွေ ကူညီပေးနေပေမယ့် နောက်ပိုင်းမှာ […]

ဘာသာခြားမလိုလားတဲ့သီရိလင်္ကာဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေ သလဲ

ဘာသာပြန် မူရင်းဆောင်းပါးရှင်-Kapil Komireddi ဘာသာခြား (မွတ်စလင်မ်) များကို မလိုလားတဲ့ သီရိလင်္ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ နိုင်ငံကို မည်သို့ ခြယ်လှယ်နေသလဲ? မိမိပြည်တွင်းရှိသူများမှာ တစ်ပြေးညီနိုင်ငံသားများသာဖြစ်သည်၊ အစိုးရအနေနှင့် ခွဲခြားဆက်ဆံခြင်း မပြုပါ ဟု သီရိလင်္ကာနိုင်ငံမှ အတည်ပြုပြောဆို သွားသည်။ သီရိလင်္ကာနိုင်ငံသမ္မတ မဟင်းဒါး ရာဂျာပတ်ဆာက လူမျိုးရေး သတ်မှတ်ချက်ပေါ် အခြေခံပြီး နိုင်ငံရေးအာဏာ အတွက် လှုပ်ရှားမှုများမှာ မိမိအား စိတ်ကွက်စေသည်ဟုဆို၏။ လူမျိုးပေါ်မူတည်၍ တာဝန်ရာထူးသတ်မှတ်ချက် အသီးသီးကို ကန့်ကွက်သောအားဖြင့် သူက “ လူအဖွဲ့အစည်းအားလုံးအဖို့ တန်းတူညီမျှအခွင့်အရေးရှိမှသာ ဒီနိုင်ငံထဲ အတူယှဉ်တွဲနေ ထိုင်နိုင်မှာဖြစ်တယ် ” ဟု မကြာသေးမီကပင် အခိုင်အမာပြောကြားလိုက်သည်။ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ သီရိလင်္ကာမှာ လူမျိုးရေး အခြေတည် ၀ါဒဖက်သို့ […]