Leave a comment

ငှက်ဖျားရောဂါ အကြောင်း သိကောင်း စရာ

ငှက်ဖျား ရောဂါသည် ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအဝင်၊ ကမ္ဘာ့ နိုင်ငံ များတွင် ကြီးမားစွာ ဒုက္ခ ပေးလျက် ရှိသည်။ ငှက်ဖျား ရောဂါ ကြောင့် မသေ သင့်သော သူများ သေဆုံး ခဲ့ကြ ရပါသည်။ နှစ်စဉ် နှစ်တိုင်း၊ တစ်ကမ္ဘာ လုံး ရှိ ပြည်သူများ ကို ခြိမ်းခြောက် လျက် ရှိပါသည်။ ငှက်ဖျား ရောဂါ အတွက် နောက်ဆုံး ပေါ် ခေတ်မီ ဆေးဝါးများ ပေါ်လာ သော် လည်း သေဆုံး ခြင်း၊ အားအင် ချိနဲ့ ခြင်း များ ဖြစ်ပေါ်လျက် ရှိပါသည်။ အဘယ် ကြောင့်ဆိုသော်၊ ကာကွယ်နည်းများ ကို လိုက်နာ ဆောင်ရွက်မှု အားနည်းခြင်း နှင့် ထိရောက်စွာ ကုသမှု မရှိခြင်း ကြောင့်ဖြစ်ပါ သည်။ ငှက်ဖျား တိုက်ဖျက်ရေး လုပ်ငန်း များတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်မှု နည်း ခြင်း ကြောင့် လည်း ဖြစ်ပါသည်။

( ၁ ) ငှက်ဖျား ဖြစ်စေသော အကြောင်း အရင်း

ငှက်ဖျား ရောဂါသည် စိမ့်ရေ၊ စမ်း ရေသောက်ခြင်း၊ ငှက်ပျောသီး၊ ကျွဲကောသီးစား ၍ မဟုတ်ပါ။ အဓိက အားဖြင့် ခြင် ကိုက်ခြင်း ကြောင့် ကူးစက် တတ်သော ရောဂါ ဖြစ်ပါသည်။ ငှက်ဖျား ရောဂါပိုး သယ်ဆောင် လာသော အနော်ဖီလီ ခြင်မ ကိုက်ခြင်း ကြောင့် လူနာမှ အခြား သူထံ ရောဂါ ကူးစက် ခြင်း ဖြစ်ပါသည်။ ထိုခြင်မ သည် နေဝင်ချိန် မှ နံနက် မိုးသောက် အရုဏ်တက် အတွင်း ( အထူး သဖြင့် ည အချိန် ) ၌ လူကို ကိုက်လေ့ ရှိပါသည်။

( ၂ ) ငှက်ဖျား ရောဂါ ကို ဖြစ်စေ သော ရောဂါပိုးများ

အဓိအားဖြင့် ၄ မျိုး ရှိပါသည်။ ၄င်း တို့မှာ ပလက်စမိုးဒီယမ် ( ဖယ်စီပရမ်၊ မလေးရီရေး၊ အိုဗေး နှင့် ဗိုင်းဗတ် ) တို့ဖြစ် ပါသည်။ ပလက်စမိုး ဒီယမ် ဖယ်စီပရမ် သည် အဖြစ် အများဆုံး နှင့် အပြင်းအထန် ဆုံး အမျိုးအစား ဖြစ်ပါသည်။ သေဆုံးမှု လည်း အများဆုံး ဖြစ်ပါသည်။

( ၃ ) ငှက်ဖျား ရောဂါ လက္ခဏာများ

ငှက်ဖျားရောဂါ လက္ခဏာများ သည် ငှက်ဖျား ရောဂါပိုး ကို ဖြစ်စေသော ရောဂါ ပိုး အမျိုးအစား ပေါ် တွင် မူတည် ပါသည်။ ရောဂါပိုး ရှိသော ခြင်ကိုက် ပြီး ၁၀ ရက်မှ ၂၁ ရက် အတွင်း ဖြစ်တတ် ပါ သည်။ သိုက ပေမယ့် ၄င်းရက်များ ထက်လည်း ပို၍ ကြာနိုင် ပါသည်။ ငှက်ဖျား ရောဂါ ပိုးကူးစက် ခံရခြင်း မရှိသေး သော ကလေးများ၊ ငှက် ဖျား ပေါသော ဒေသတွင် ရှိသော သူများနှင့် ငှက် ဖျား ဒေသ သို့ ခရီးသွားသူများ တွင် လက္ခဏာ များ ကို တွေ့ရှိ နိုင်ပါ သည်။ အများဆုံး တွေ့ရှိ ရသော လက္ခဏာ များမှာ ဖျားခြင်း ဖြစ်ပြီး၊ ချမ်းတုန် ခြင်း နှင့် ချွေးထွက်ခြင်း တို့ ဖြင့် ဆက်နွယ်မှု ရှိပါ သည်။ ဖယ်စီပရမ် အမျိုးအစား သည် အဖျား တက်ချိန် မမှန် ပါ။ ဗိုင်းဗတ် သည် တစ်ရက်ခြား မှန်မှန် ဖျားတတ်ပြီး၊ မလေးရီ ရေး သည် နှစ်ရက်ခြား တစ်ခါ ဖျားတတ် ပါ သည်။ အခြား လက္ခဏာ များမှာ ကိုယ် လက် မအီမသာ ဖြစ်ပြီး နေထိုင် မကောင်း ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုး ခြင်း၊ အန်ခြင်း ( သို့မဟုတ် ) ဝမ်း အနည်းငယ် လျှောခြင်း တို့ ဖြစ်ပါသည်။

( ၄ ) ငှက်ဖျား၏နောက်ဆက်တွဲ ဆိုးကျိုးများ

ငှက်ဖျား၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ပြင်းထန်စွာ ခံစားရပြီး သေဆုံး နိုင်ပါ သည်။ ၄င်းတို့မှာ –

( က ) ပြင်းထန်စွာ သွေးအား နည်းခြင်း
( ခ ) ဆီးထဲတွင် သွေး ပါခြင်း
( ဂ ) ငှက်ဖျားပိုး ဦးနှောက် ထဲဝင်၍ သတိလစ် မေ့မြောခြင်း
( ဃ ) ခန္ဓာကိုယ် အနှံ့အပြားတွင် သွေးခဲ၍ သွေးခဲ ရှိ ရောဂါ ပိုးမွှားများ ခန္ဓာကိုယ် တစ်ခုလုံး သို့ ပြန့်ကျဲခြင်း နှင့် အလို အလျောက် သွေးယို စီး ခြင်း
( င ) ခန္ဓာကိုယ် အတွင်းရှိ သတ္တု ဓာတ်များ မညီမျှ ၍ အန်ခြင်း၊ ဝမ်းလျှော ခြင်း၊ ဝမ်းချုပ်ခြင်း နှင့် ချွေးထွက် လွန်ခြင်း
( စ ) အဖျား အလွန်ကြီး ပြီး တက်ခြင်း နှင့် သတိမေ့ခြင်း
( ဆ ) သွေးထဲတွင် သကြား ဓာတ်နည်း ခြင်း
( ဇ ) ပါရာဆိုဒ် ရောဂါပိုးများ ပြန့်ပွားခြင်း
( ဈ ) ရောဂါ ပိုးဝင်လွယ်ခြင်း ( ဥပမာ – အဆုတ် ရောင်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အူရောင် ငန်းဖျား ရောဂါ စသည် )
( ည ) အသားဝါ ဖြစ်ခြင်းနှင့် အသည်း ရောင်ခြင်း
( ဋ ) ငှက်ဖျား ကြောင့် ဝမ်းလျှော ဝမ်းပျက်ခြင်း
( ဌ ) ဇီဝတွင်း ဖြစ် ပျက်မှုကြောင့် သွေးတွင် အက်ဆစ် ဓာတ် အများအပြား ပါဝင် နေခြင်း
( ဍ ) နာတာရှည် ငှက်ဖျား ရောဂါကြောင့် အားအင်ချိနဲ့ ထုံကျဉ်၍ လမ်း မလျှောက် နိုင်ခြင်း
( ဎ ) ဖောရောင် ၍ အသက် ရှုကြပ် မောပမ်းခြင်း
( ဏ ) အဆုတ်ရောင် ခြင်းနှင့် လတ်တလော အဆုတ် ကောင်းစွာ ပုံမှန် ပြန့်ကား အလုပ် မလုပ်နိုင် သော ကြောင့် အသက် ရှုခြင်း ခက်ခဲမှု ရောဂါ လက္ခဏာ စု ဖြစ်ခြင်း
( တ ) လတ် တလော ကျောက်ကပ် ပျက်စီးခြင်း နှင့်
( ထ ) ( ဘေလုံး ) သရက်ရွက် ကြီးခြင်း နှင့် ဘေးလုံး ကွဲတတ် ခြင်းတို့ ဖြစ်ပါသည်။

( ၅ ) ကိုယ်ဝန်ဆောင် မိခင်များနှင့် ငှက်ဖျား

ကိုယ်ဝန်ဆောင် မိခင်များ တွင် ငှက်ဖျား ဖြစ်ပါက သွေးအားနည်းခြင်း၊ သွေး ထဲတွင် သကြား ဓာတ် နည်းခြင်း၊ လတ်တလော အဆုတ် ရောင်ခြင်း၊ ပါရာ ဆိုဒ်ပါး အရေအတွက် များခြင်းနှင့် ငှက်ဖျား ပိုး ဦးနှောက် ထဲ ဝင်ရောက်ခြင်း တို့ ဖြစ် တတ်ပါသည်။ သေဆုံးမှု နှုန်း သည် ၂ ဆမှ ၁၀ ဆ ထိ များပြား တတ်ပါသည်။ သန္ဓေသား များ တွင် မွေးဖွား ချိန် တွင် ချက်ခြင်း သေဆုံး ခြင်း၊ အချိန် မတိုင်မီ မွေးဖွားခြင်း၊ ကိုယ်အလေးချိန် မပြည့်ဘဲ မွေးခြင်း နှင့် မိခင်တွင် ကိုယ်ဝန် ပျက်ခြင်း တို့ ခံစား ရနိုင်ပါသည်။

( ၆ ) ကာကွယ်ခြင်း

( က ) တစ်ကိုယ်ရည် ကာကွယ် နည်း များ ။ ။ လူကို ခြင်ကိုက်ခြင်း မှ ကာကွယ် ရန် ဘောင်းဘီ အရှည်၊ အင်္ကျီ လက်ရှည်နှင့် လုံချည် တို့ကို လုံလုံခြုံခြုံ ဝတ်ဆင် ရပါမည်။ ပိုးသတ် ဆေး စိမ် ခြင်ထောင် ကို အသုံးပြု ပြီး ညပိုင်း တွင် အိပ်ပါ။ ခန်းဆီး လိုက်ကာ များ ကို ပိုးသတ် ဆေး စိမ် ထားပါ က ပို ကောင်း ပါသည်။ ခြင်များ နေအိမ် အဆောက်အဦ အတွင်း သို့ မဝင်နိုင်ရင် တံခါးပေါက်နှင့် ပြတင်းပေါက် များ တွင် ခြင်လုံ ဇကာများ ကာရံ ထားသင့်ပါသည်။ ညနေပိုင်း နှင့် ညမိုးချုပ် အချိန်များ ၌ အိမ်၊ ခြံအပြင်ဘက် သို့ ထွက်ခွာခြင်း ကို မပြု လုပ် သင့်ပါ။ ညဘက် တွင် ခြင် မကပ်နိုင် စေရန် ဆေးရည် ( သို့မဟုတ် ) ညှစ်ဆေး တောင့်များ ကို လိမ်းထား ပေး ပါ။ ခြင်နှိမ် နင်းရန် အတွက် ခြင်ဆေးခွေ များ သုံးသော် လည်း အဆုတ် ရောဂါများ ဖြစ်တတ်၍ သတိ ထား ရပါမည်။ နနွင်းမှိုင်း ကဲ့သို့သော အလွယ်တကူ ရရှိ နိုင်သည့် ခြင်နိုင် ဆေးခွေ ကို အသုံးပြု ရပါ မည်။

( ခ ) လူထု ပါဝင် လှုပ်ရှားခြင်း ။ ။ ငှက်ဖျား ရောဂါ ကာကွယ် နှိမ်နင်း ရေး အတွက် ခြင်နှိမ် နင်းရေး သည် အဓိက အရေးပါ ဆောင်ရွက် ရမည့် အချက် ဖြစ်ပါ သည်။ သို့ ဖြစ်ပါ၍ လူထု ပါဝင် လှုပ်ရှားမှု အပြင် ခြင်ပေါက်ဖွား သည့် နေရာ နှင့် ခြင် ရှိသော နေရာများ ကို ရှင်းလင်း ရပါမည် ။ ရေစီး ရေလာ ကောင်းအောင် ဆောင်ရွက် ပါ။ ချိုင့်ခွက်များ ကို မြေဖို့ပါ။ ပတ်ဝန်းကျင် သန့် ရှင်း ပြုပြင်ရေး များ ကို ဆောင်ရွက်ပါ။ ရေတွင်း ရေကန်များ တွင် လောက်လန်း စား ငါးများ ထည့်ခြင်း ပြုလုပ် ရပါမည်။ ချုံ၊ နွယ် များ ရှင်းလင်း ပါ။

( ဂ ) ကာကွယ်ဆေး တိုက်ကျွေးခြင်း ။ ။ မိခင်နှင့် ကလေး၏ အသက် အန္တရာယ် ထိခိုက်ခြင်း မှ ကာကွယ် နိုင်ရန် ကြိုတင် ကာကွယ် ဆေးများ ကို ငှက်ဖျား ရောဂါ အဖြစ်များ သော ဒေသ တွင် ရှိသော ကိုယ်ဝန်ဆောင် မိခင်များ ကို တိုက်ကျွေး သင့် ပါသည်။ ငှက်ဖျား ရောဂါ ထူပြောသော ဒေ သ သို့ ခရီးသွားမည့် သူလည်း ကာကွယ် ဆေး ကို ကြိုတင် သောက်သင့် ပါသည်။

( ၇ ) အကြံပြုချက်

ကာကွယ်ခြင်း သည် ကုသခြင်း ထက် ပိုကောင်းသည် ဆိုသည့် အတိုင်း၊ ကာကွယ်နည်း များ ကို လိုက်နာ ဆောင်ရွက် ပါ။ ငှက်ဖျား ရောဂါ ထူပြော သော ဒေသမှ ပြန်လာ ခဲ့ပါက ငှက်ဖျား ပိုး ရှိမရှိ စစ်ဆေး ပါ။ ရှိပါက အစွမ်း ထက်သော ငှက်ဖျား ဆေးများဖြင့် ထိရောက်စွာ ကုသပါ။ ငှက် ဖျား ဖြစ်ပွားရာ ဒေသ တွင် နေထိုင် သူများ သည် မပေါ့ဆ ဘဲ၊ ကျန်းမာရေး ဝန်ထမ်း များဖြင့် ကုသမှု ခံယူပါ။ ကိုယ်ဝန် ဆောင် မိခင်များ ငှက်ဖျား မဖြစ်ပွားအောင် ကြို တင် ကာကွယ် ပါ။ ကလေး တစ်ဦးဖျား ပါက ငှက်ဖျား ကိုလည်း မမေ့ သင့်ကြောင်း အကြံ ပြု အပ်ပါသည်။

မြင့်သန်းထွန်း ၊ မေမွန်ကျော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: