Leave a comment

ခဲအိုဖြစ်သူကမှိုဝယ်မည်ဟုလိမ်လည်ခေါ်ဆောင်ကာ ခယ် မ ကို တစ် လ နီး ပါး အ လို မ တူ ဘဲ ပေါင်း သင်း

ဝိုင်းအောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သူမ၏ ခဲအိုဖြစ်သူက မှိုဝယ်ရန်ဟု ဆိုင်ကယ်ဖြင့် လိမ် လည်ခေါ်ဆောင်ကာ တစ်လနီးပါးခန့် အလိုမတူဘဲ ခိုးယူပေါင်းသင်းမှုတစ်ခုကို ဇန်နဝါရီ ၈ ရက်က အဓမ္မမှုဖြင့် အမှုဖွင့်တိုင်တန်းထားသည်ဟု ပွင့်ဖြူမြို့နယ် ရဲစခန်း က သတင်းထုတ်ပြန်သည်။

အမှုတွင် အမျိုးသမီးငယ်သည် ကျောင်းကုန်းကြီးကျေးရွာမှ ရေပုတ်ကြီး ကျေးရွာသို့ ၂၀၁၃ ဒီဇင်ဘာ ၈ ရက် ဈေးရောင်းချရန် သွားစဉ် ညနေ (၃) နာရီခန့်က ၎င်း၏ ခဲအိုတော်စပ်သူ အသက် (၄၅) နှစ်အရွယ်ရှိ ကျပန်းလုပ်ကိုင်သည့် တင်ရွှေဆိုသူက မှိုလိုက်ဝယ်ဟုဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး   ရေပုတ်ကြီးကျေးရွာ   မြောက်ဖက် တောစပ်တွင် ဆိုင်ကယ်ကို ထားခဲ့၍ ခြေလျင်လျှောက်ခဲ့ရသည်။

ထို့နောက် တောထဲတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရပြီး တင်ရွှေ ယခင်မီးသွေးဖုတ်သည့် စေတုတ္တရာမြို့၊ ခိုနန်းရွာ အနောက်ဖက်တာထဲသို့ ခြေလျင် လိုက်ခဲ့ရပြီး   တောထဲတွင် တဲဆောက်၍ နေထိုင်ခဲ့ရပြီး ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘဲ တင်ရွှေနှင့်အတူ ဆက်လက်နေထိုင်ခဲ့ရသည်။

၂ဝ၁၄ခုနှစ်၊ ဇန်နဝါရီ ၆ရက်တွင် တင်ရွှေမရှိခိုက် ထွက်ပြေးခဲ့ရာ ကျောင်းကုန်းကြီးကျေးရွာ မိဘများထံ ပြန်လည်ရောက်ရှိပြီး ဖြစ်စဉ် အားပြောပြ တိုင်ပင်၍ မိဘများနှင့် အတူ ရဲစခန်းသို့လာရောက်၍ တင်ရွှေအား အရေးယူပေးရန် ဇန်နဝါရီ ၈ရက်တွင် မ××× မှ တရားလို ပြုလုပ်၍ တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ် မြိုမရဲစခန်းမှ (ပ) ၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: