1 Comment

Wechat အကြောင်းသိကောင်းစရာ

Wechat ဆိုတဲ့ဆော့ဝဲကို တရုတ်ပြည်မှာတာ လူသုံးများတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ တစ်ချို့လူတွေ သိပ်မသိသေးပါဘူး။Viber လောက်ဘဲ တစ်ချို့
လူတွေ သိကြပါတယ်။တစ်ချို့ကျတော့လည်း wechat ကိုသုံးချင်ပေမဲ့လည်းAccount မဖွင့်တတ်တော့ သုံးချင်ပေမဲ့လည်း သုံးလို့မရတဲ့အခြေအနေကို
ရောက်ခဲ့ပါတယ်။ အခုကျွန်တော်ပြောပြမှာကတော့ Account လည်းဖွင့်လို့ရမယ်။wechat ကိုလည်း နောက်ဆုံးဗားရှင်းကို အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ wechat အကြောင်းလေးကို နည်နည်းထပ်ရှင်းပြအုန်းမယ်။
wechat ဆိုတာကတော့ အုပ်စုဖွဲ့ပြီး စကားဝိုင်းလုပ်တာကို မှဲ့တွင်ပြီးတော့ ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။အွန်လိုင်းရှိယုံနဲ့ စကားဝိုင်းတစ်ခုဖန်တီးလို့ ရတယ်ပေါ့။wechat ကို မူလထုတ်ထားတဲ့ ဗားရှင်းမှာတော့ ရိုးရိုးစကားဝိုင်းအနေနဲ့သာ ပါဝင်လာပါတယ်။နောက်ပိုင်း update versionကျမှ တော်တော် များများ suport ပေးလာတာကိုတွေ့ရပါတယ်။ဒါကလည်း သုံးစွဲသူများလာလို့လို့ ပြော ရမှာပေါ့။
အခုနောက်ပိုင်း suport ပေးလာတဲ့ ဗားရှင်းမှာ ဆိုရင်တော့သူငယ်ချင်းချင်း အင်တာနက်ရှိယုံနဲ့ မက်ဆေ့ကို အလျှင်အမြန်ပို့လို့ရမယ်။ပြီးတော့ အွန်လိုင်း မှာ အုပ်စုဖွဲ့ပြီး စကားဝိုင်းတစ်ခု ဖန်တီးလို့ရမယ်။ မက်ဆေ့ပို့တဲ့ အခါမှာလည်း အသံမက်ဆေ့ပါ ထည့်ပေးထားတာကိုတွေ့ရပါမယ်။ အခုနောက် ပိုင်း ဗားရှင်းမှာဆိုရင်တော့ရုပ်ကြည့်ပြီး ပြောလို့ရတဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။ wechat ဆိုတဲ့ဆော့ဝဲက viber ထက်အများကြီး သာသာ ကိုတွေ့ ရ ပါတယ်။
ပထမတော့ ကျွန်တော်လည်း wechat ကို သုံးလည်းမသုံးခဲ့ပါဘူး။သိယုံဘဲ သိခဲ့တာပါ။wechat ကို အသုံးများတာကတော့ တရုတ် လူမျိုး   စီးပွားရေး လုပ်ငန်းရှင်တွေ အသုံးပြုတာကိုတွေ့ရပါတယ်။မယုံရင် တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကိုမေးမြန်းလေ့လာကြည့်လို့ရပါတယ်။
နယ်ဝေးတွေ   ရောက်နေ တဲ့ သူတွေ တစ်နယ်တစ်ကျေးမှာစီးပွားရှာနေတဲ့ လူတွေအတွက်အဆင်ပြေပါတယ်။ တစ်နယ်တစ်ကျေးမှာ စီးပွားရှာနေတဲ့ သူတွေ က မိမိရဲ့ဇာတိက ဆွေမျိုးသားချင်းတွေနဲ့ ဖုန်းနဲ့ စကားပြောလို့ဘဲ ရချင်ရပါလိမ့်မည်။ရုပ်ကြည့်ပြီးပြောဖို့က အဆင်မပြေပါဘူး။ ဒီဆော့ ၀ဲလေးဆောင် ထားရင်တော့ သင့်ဘယ်နေရာရောက်ရောက်အွန်လိုင်းရှိယုံနဲ့ သင့်ရဲ့ဆွေမျိုးသားချင်းတွေနဲ့ ရုပ်ကြည့်ပြီးတော့စကားပြောလို့ ရမှာ ဖြစ်ပါ တယ်။
wechat ကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းနံပတ် မလိုပါဘူး။ Facebook account လေး တစ်ခုရှိယုံနဲ့ရပါပြီ။
ပထမဦးဆုံး Facebook နဲ့ Join လို့ရမဲ့ ဗားရှင်းအနိမ့် 4.3 ကိုအရင်ဒေါင်းလိုက်ပါ။
ပြီးရင်ဖုန်းထဲမှာ install လုပ်ပေးပါ။ပြီးပြီဆိုရင်တော့ အင်တာနက်ဖွင့်ပြီးတော့ Facebookနဲ့ Join ပေးလိုက်ပါ။
ဒုတိယအဆင်အနေနဲ့ ပြီးပြီဆိုရင် နောက်ဆုံးဗာရှင်းဖြစ်တဲ့ 5.2 ကိုဒေါင်းလိုက်ပါ။
sd card ထဲထည့်ပေးပါ။ပြီးပြီ ဆိုရင် အဲတာကို install ထပ်လုပ်ပေးပါ။အရင်ဗားရှင်းကို မဖျက်ပါနဲ့ ထပ်ပြီးတော့ install ထပ်လုပ်ပေးပါ။ဘာဖြစ်လို့ ဗားရှင်းအနိမ့်ကို မဖျက်ခိုင်းလဲဆိုရင်တော့ ဗားရှင်းအနိမ့်မှာ Facebook နဲ့ Join လို့ရတာ ပါပြီးတော့ update versionမှာဆိုရင်တော့ Facebook နဲ့ Join လို့ရတာ မပါလို့ပါ။
အပေါ်ကနေထပ်ပြီးတော့ Install လုပ်လိုက်တော့ account လည်း activate လုပ်စရာ မလိုတော့ဘူး။ ဗာရှင်းအမြင့်လည်း သုံးလို့၇ပါပြီ။မိမိရဲ့ wechat id account ကို သူများသိအောင် ပေးချင်တယ်။ Me ထဲက My Profileထဲကို ၀င်လိုက်ပါ အဲထဲမှာ မိမိရဲ့ ဓာတ်ပုံကိုပြောင်းနိုင်သည် ။ Name မှာ မိမိရဲ့ နာမည်ကို ထည့်ပေးပါ။ My QR Code နဲ့လည်း ပေးလို့ရပါတယ်။
My Account ထဲကိုလည်း ၀င်လိုက်ပါ။ WeChat ID ကိုလည်း မိမိကြိုက်တာ ထည့်ပြီးSave လုပ်ပေးပါ အဲဒါဆိုရင် အဲ ID ကို မိမိရဲ့ သူငယ်ချင်းတွေ ကို ပေးလို့ရပါပြီ။သူများအကောင့်ကို မိမိက အပ်ချင်တယ်ဆိုရင် Contacts ထဲက အပေါ်ထောင့်နားမှာ Addရှိပါတယ် အဲဒါလေးကို နှိပ်ပြီးတော့ id account ထည့်ပြီး အပ်လိုက်ယုံပါဘဲ။အခုဆိုရင်တော့ မိမိရဲ့ ချစ်ချစ်နဲ့ အသံမက်ဆေ့လည်း ပို့လို့ရပြီ။ ရုပ်ကြည့်ပြီးလည်း ပြောလို့ရပါပြီ။ရည်စားတွေ ဆိုရင် ညအိပ်ရာ ၀င်ခံနီး wechat လေးကို ဖွင့်ပြီး မိမိရဲ့ ချစ်သူနဲ့ ရုပ်ကြည့်ပြီး ပြောရင် ဘယ်လောက်မိုက်မလဲနော်။ကျွန်တော်ကတော့ အဲလိုဘဲ လုပ်ပါတယ်။
ဘယ်လောက်ဘဲ ဝေးဝေး wechat လေးရှိရင် အဆင်ပြေပြီနော်။
အောင်မင်းဟန်
Wechat 4.3 အားဒေါင်းရန်
http://www.mediafire.com/download/1d5k8t2stz5t5za/wechat_4.3.apk

Wechat 5.1 အားဒေါင်းရန်
http://www.mediafire.com/download/u3rhm85c8cj5wb6/wechat_5.1.apk

Aung Min Han

Advertisements

One comment on “Wechat အကြောင်းသိကောင်းစရာ

  1. အကိုအောင်မင်းဟန် ရေ 4.3 မှာက အဲ့ app ထဲကိုဝင်လို့ကို မရတာဗျ…
    ကျွန်တော် note 3 ထဲကိုထည့်တာ မရလို့..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: