Archive | April 12, 2014

You are browsing the site archives by date.

သန်းခေါင်စာရင်းတွင် “နီပေါ” အစား “ဂေါ်ရခါး” ဟု သာ ကောက် ယူစေ လို

ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ချင်းမိုင်မြို့မှာ မတ်လ ၂၇ ရက်နေ့က ကန့်ကွက်တဲ့အနေနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ကြပါတယ် (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ)  မြန်မာပြည်ဖွား ဂေါ်ရခါးလူမျိုးများကို သန်းခေါင်းစာရင်း ကောက်ယူရာမှာ “နီပေါ” လူမျိုးလို့ ပြောင်းလဲထည့်သွင်းရန် ကြိုးစားတာနဲ့ ပတ်သက်ပြီး  ပြည်တွင်းပြည်ပရှိ ဂေါ်ရခါးလူမျိုးများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်။ သူတို့ဟာ နီပေါနိုင်ငံကလာသူများဖြစ်ပေမယ့်လည်း မြန်မာ့သမိုင်းမှာတော့ ဂေါ်ရခါးဆိုတဲ့ ကောင်းသတင်းနဲ့ ကျော်ကြား ခဲ့တာကြောင့်၊ ဂေါ်ရခါးဆိုတဲ့ လူမျိုးအမည်ကို  ဆက်လက် ထိန်းသိမ်း ချင်နေတာပါ။ “ဘိုးဘွားတွေကတည်းက ဂေါ်ရခါးအနေနဲ့ လာခဲ့သလို မြန်မာတပ်မတော်မှာ အမှုထမ်းတော့လည်း ဂေါ်ရခါးတပ်ဆိုပြီး သစ္စာရှိစွာ အမှုထမ်းခဲ့တာ။ နီပေါဆိုပြီးပြောင်းရင် နောက်ပိုင်း ကျနော် တို့ရဲ့ ထင်ရှားတဲ့သမိုင်းလက္ခဏာ ပျောက်သွားမှာစိုးရိမ်တယ်” […]

ဗြိတိန်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးအဖြစ် အစ္စလာမ် ဘာသာဝင် တစ်ဦး ခန့်အပ်ခံရ

  ဧပြီ ၁၁၊ ၂၀၁၄ M-Media – ယူကေ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးအဖြစ် အစ္စလာမ်ဘာသာဝင် ပါလီမန်အမတ် Sajid Javid ကို ခန့်အပ်လိုက်သည်ဟု သိရသည်။ ယမန်နေ့နံနက်ပိုင်း အစောပိုင်းက ၀န်ကြီးဟောင်း မာရီယာမီလာ ရာထူးမှနှုတ်ထွက်သွားခြင်းကြောင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဘရူမ်းစ် ဂရုဗ်မြို့ကိုယ်စားလှယ် ပါလီမန်အမတ် ဂျာဗစ်အား ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ဗြိတိန်အစိုးရတွင် ပါဝင်သည့် ဒုတိယမြောက် မွတ်စလင် ၀န်ကြီးဖြစ်လာမည်ဖြစ်သည်။ “သူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာအောင် ကူညီရာမှာ သူဟာ စပယ်ရှယ်လစ် တစ်ယောက်ဖြစ်ပြီး၊ ဒီနယ်ပယ်မှာတော့ နိုင်ငံတကာ အဆင့်ရှိတဲ့   ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ” ဟု ဂျာဗစ်၏ ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။ ဂျာဗစ်မှာ ယခင်က ဗြိတိန်ဘဏ္ဍာရေးဌာန၏ […]

အမျိုးသား အကျိုးစီးပွားအတွက် ရိုဟင်ဂျာအမည်ကို သန်းခေါင် စာရင်း တွင် ထည့် သွင်း မကောက် ခဲ့ခြင်း ဖြစ်ကြောင်း လ၀က ၀န်ကြီး ပြော ကြား

Eleven Media Group တိုင်းပြည်၏ အမျိုးသား အကျိုးစီးပွားအတွက် ရိုဟင်ဂျာဟု ပြောဆိုပါက သန်းခေါင်စာရင်းတွင် ထည့်သွင်းမကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ ဧပြီ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် နိုင်ငံတကာသို့ ကောက်ယူပေးမည်ဟု ပြောကြားထားသော ရိုဟင်ဂျာလူမျိုး ဟူသော အသုံးအနှုန်းကို ထည့်သွင်းကောက်ခံခဲ့ခြင်း မရှိသည့်အပေါ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၀န်ကြီးဦးခင်ရီက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသည့် ကိစ္စကို လက်ခံထားခြင်း မရှိကြောင်း၊ နိုင်ငံတကာ စံချိန်စံနှုန်းများ ရှိသော်လည်း တစ်စတစ်စ သိမြင်လာခြင်းမျိုး ဆိုသည်လည်း ရှိကြောင်း၊ နိုင်ငံတကာ စံနှုန်းများကို လိုက်နာရသကဲ့သို့ […]

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဖြေခွင့်မပေးခြင်းကို UNFPA ကြေညာချက်ထုတ် တုံ့ပြန်

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဖြေခွင့်မပေးခြင်းကို UNFPA ကြေညာချက်ထုတ် တုံ့ပြန်   ဧပြီ ၁ ရက် ၊ ၂၀၁၄ M-Media ရန်ကုန်။    ။  ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရက UNFPA သို့ နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာပါမည်ဟု ကတိပေးထားပြီး လက်တွေ့ကောက်ခံချိန်တွင် သန်းခေါင်စာရင်းပါ လူမျိုးနေရာဖြည့်စွက်ရာ၌ ရိုဟင်ဂျာလူမျိုး ဟုဖြေဆိုလျှင် ကောက်ခံခြင်းမပြုဟု သန်းခေါင်စာရင်းစကောက်သည့်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့လူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက်ပါ အချက်များမှာ – မိမိကိုယ်ကို ရိုဟင်ဂျာလူမျိုးအဖြစ် ဖြေကြားလိုသော ၂၀၁၄ သန်းခေါင်စာရင်း မေးခွန်းဖြေကြားသူများကို ယင်းသို့ ဖြေကြားရန် ခွင့်မပြုကြောင်း မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂ ကမ္ဘာ့ လူဦးရေရံပုံငွေအဖွဲ့ […]

ကုလလက်အောက်ခံ အေဂျင်စီအဖွဲ့ ၁၃ ခုသို့ ၀င်ရောက်ရန် ပါလက်စတိုင်းမှ လျှောက်ထားခြင်းကို ဘန်ကီမွန်လက်ခံ

ဧပြီ ၁၁၊ ၂၀၁၄ M-Media – ကုလသမဂ္ဂလက်အောက်ရှိ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ တောင်းဆိုချက်ကို ကုလသမဂ္ဂက လက်ခံလိုက်သည်ဟု သိရသည်။ နိုင်ငံတကာ အေဂျင်စီ ၁၃ ခုအတွင်း ပါဝင်ခွင့်ရရေး အတွက် ပါလက်စတိုင်း၏ လျှောက်ထားခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က လက်ခံခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံသို့လည်း ထိုလျှောက်ထားချက်အား လက်ခံကြောင်း ဘန်က အကြောင်းကြားခဲ့သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား ယမန်နေ့ တွင်   ပြောကြားခဲ့သည်။ ဧပြီလ ၂၉ ရက်နေ့တွင် ကုန်ဆုံးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား သက်တမ်းတိုးရန် ကြိုးပမ်းမှုအဖြစ် နောက်ဆုံးအသုတ် အကျဉ်းသား ၂၆ ဦးလွှတ်ပေးရန် […]

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ ပတ်သတ်၍

မေးထားတာကြာပြီးဖြစ်ပေမဲ့ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေတာကြောင့် ခုမှပဲ ဖြေပေးနိုင်တော့တယ်။ မေး။ ။ အရှင်ဘုရား တပည့်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုမေးလျှောက်ခွင့်ပြုပါဘုရား။ အဘဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့သည် ဘုရားဟောပိဋကတ်တော်တွင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလားဘုရား။ တပည့်တော်ငယ်စဉ်ကတည်းက ယခုအချိန်ထိ အနန္တောအနန္တငါးပါးကိုသာ ကိုးကွယ်ပူဇော်ဦးချရာဟု သတ်မှတ်ထားပါသည်ဘုရား။ ဘုရားဝတ်ပြု တိုင်းတော့ အမျှဝေရာတွင် အဘဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ကို အမျှဝေပါတယ်ဘုရား။ သို့ပေမဲ့ ဦးချရှိခိုးခြင်းတော့မပြုပါဘုရား။အဲဒါတပည့်တော်မှာ အပြစ်ရှိပါ သလားဘုရား။ တပည့်တော်မရဲ့ မိတ်ဆွေအချို့က ရှိခိုးသင့်တယ်။ ပိဋကတ်တော်မှာ သူတို့အကြောင်းပါတယ်စသဖြင့်ပြောကြပါတယ်ဘုရား။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါးပါးကလွဲ၍ ပူဇော်ရာရှိခိုးဦးချရာမရှိဟု သတ်မှတ်ပါသည်ဘုရား။ တပည့်သိချင်တာလေးကို ဖြေကြားပေးတော်မူပါဘုရား။ ဖြေ။ ။ ကိုးကွယ်ရာနဲ့ပတ်သတ်ပြီး ပိဋကတ်တွင်လာရှိတာများကို ပထမဦးဆုံး ဖော်ပြပေးပါမယ်။ (၁) မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်တယ်။ တစ်ပါးသူဟာ အားကိုးရာမဟုတ်ပါ။ မိမိကိုယ်ကို […]

အမေရိကန်နဲ့ မြန်မာ ရခိုင်ဖြစ်စဉ် ဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်နီယယ် အာရ် ရူဆယ် (H.E. Mr. Daniel R. Russel) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ဆွေးနွေးကြတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး၊ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုလ် အဖွဲ့အစည်း တွေကို လုံခြုံမှု အပြည့်အဝပေးနိုင်ရေး၊ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး အဖွဲ့တွေ ရခိုင်ပြည်နယ်တွင်း ပြန်လည် ၀င်ရောက်ဆောင်ရွက်ခွင့် ရရှိရေးဆိုင်ရာများနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်တွေကို […]