Archive | September 2014

You are browsing the site archives by date.

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်

Posted by စည်သူအောင် (iMyanmarHouse.com) လွန်ခဲ့သောလအနည်းငယ်က ကျွန်မ မိတ်ဆွေ၏ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ဖခင်အမည်ဖြင့် ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ ) အမျိုအစား အိမ် နှင့် ခြံ တစ်ကွက် ကျန်ခဲ့ပါတယ်။ ကျွန်မ မိတ်ဆွေ မှာ မွေးချင်းညီမ အရင်းတစ်ယောက်ရှိပြီး ဖခင်ကွယ်လွန်ခဲ့ပြီး နောက် မိခင်နှင့် ထိုညီမလေးတစ်ယောက်သာလျှင် ဆွေမျိုးအရင်းအချာအနေနှင့် ကျန်ရစ်ခဲ့ပါတယ်။ မြန်မာဓလေ့ထုံးတမ်းအစဉ်အလာအရ လင်ယောက်ျားကွယ်လွန်ခဲ့ပါက မယားဖြစ်သူပိုင်ဆိုင်မည်ဖြစ်သော်လည်း ဖခင်မသေခင်က မှားကြားခဲ့သော စကားများအရ ဖခင်အမည်နှင့် ကျန်ရစ်ခဲ့သော ထိုအိမ်နှင့် ခြံကို မိခင်တစ်ဦးတည်း အမည်မပြောင်းလဲခဲ့ပါ။ မိခင်နှင့် ကျွန်မမိတ်ဆွေညီအမ (၂) ဦး၊ စုစုပေါင်း (၃) ဦး အမည် သို့ ပြောင်းလဲရန် တိုင်ပင်ခဲ့ပြီး ဖခင်အမည်မှ […]

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

Tuesday, September 30, 2014   မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောလိုက်တဲ့ စကားကြောင့်   မြန်မာ့နိုင်ငံ   ရေးလော ကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော်များများ ဖြေရှင်းပြီးဖြစ် တဲ့အပြင် မြန်မာ့လူ့အခွင့် အရေး အခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ   ခေါင်း စဉ် တခုအနေနဲ့ […]

၂၀၁၅-ခုနှစ်တွင်မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု ၇၀ ရာခိုင်နှုန်း မြင့် တက် လာ ရန် ဆက် သွယ် ရေး ကုမ္ပဏီ လေးခု ဆောင် ရွက် မည် ဟု ဆို

ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု  ရာခိုင်နှုန်းကိုလာမည့် ၂၀၁၅ အကုန်တွင် လက်ရှိအနေအထားမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် ပြည်တွင်း၊   ပြည်ပဆက် သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo Myanmar, Telenor Myanmar, MPT နှင့် YTP တို့က ရည်မှန်းထားကြောင်း သတင်းရရှိသည်။ ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် ကိုးသန်းကျော် ရှိလာပြီဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီလေးခု မပေါ်ပေါက်မီ အချိန် တွင် ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူ ပမာဏသည် ၈သန်း ဝန်းကျင်အထိ ရှိလာခဲ့သည်။ အထက်ပါ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီလေးခုသည် ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၇၀ ရာခိုင်နှုန်းအထိ တိုးတက် […]

ထိုင်းဗိုလ်ချုပ်ကြီး ပရာယုသ် အရပ်ဘက်သို့ ကူးပြောင်းပြီ

ဘန်ကောက်၊ စက်တင်ဘာ ၂၉။ ထိုင်းနိုင်ငံ၏ စစ်တပ်အကြီး အကဲ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာ ယုသ်ချန်အိုချာသည် စစ်တပ်ကိုသူ ယုံကြည်စိတ်ချသောသူအား လွှဲ ပြောင်းပေးပြီး အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် အရပ် သားနိုင်ငံရေး   လောက သို့ ဝင်ရောက်သွားကြောင်း သိရ၏။ သူသည်အရပ်သားအစိုးရ ခေါင်းဆောင်အနေဖြင့် မတည်မငြိမ် ဖြစ်နေသော စီးပွားရေးကိုဆောင် ရွက်ရန် ဖိအားပေးမှုများနှင့်မကြာ မီ ရင်ဆိုင်ရမည့်အနေအထားရှိ သည်။ ဗိုလ်ချုပ်ကြီး ပရာယုသ်သည် ထိုင်းဘုရင့်တပ်မတော်အကြီးအကဲ ရာထူးမှ အငြိမ်းစားယူသည့် အထိမ်း အမှတ်အဖြစ် စက်တင်ဘာ ၂၉ရက် ၌ ခမ်းနားထည်ဝါသော စစ်ရေးပြ အခမ်းအနားကိုကျင်းပရာ ပါရာယုသ်   ကထိုအခမ်းအနားတွင် သဘာပတိ အဖြစ်ဆောင်ရွက်သည်။ ဝန်ကြီးချုပ်ပရာယုသ်သည် စစ်အစိုးရ သို့မဟုတ် အေးချမ်းသာ ယာရေးနှင့် ငြိမ်းဝပ်ပိပြားရေးအမျိုး […]

ဆက်သွယ်ရေးကဖုန်းသုံးစွဲသူများထံငွေဖြည့် တင်း ရန် မက်ဆေ့ခ်ျ မှား ပို့

Mon, 2014-09-29 17:03 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းသုံးစွဲသူများထံသို့ မက်ဆေ့ခ်ျမှားယွင်းပေးပို့မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် သုံးစွဲသူများ မလိုအပ်ဘဲ ငွေဖြည့်တင်းခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Data Center သည် ယနေ့ နံနက် ၂ နာရီခန့်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု (System Error) ဖြစ်ပွားခဲ့သည့်အတွက် GSM ဆင်းမ်ကတ်အသုံးပြုသူ ဦးရေ   ထောင် ဂဏန်းခန့်ကို ဖုန်းဘီလ်မရှိတော့၍ ငွေဖြည့်သွင်းရန် အကြောင်းကြားသည့် Message များ မှားပို့မိခဲ့ခြင်း ဖြစ်သည်။ ‘‘Data Center က Error တစ်ခု ဖြစ်သွားတဲ့အတွက် ဖုန်းတွေတော်တော်များများကို ဘီလ်မရှိတော့ဘူးလို့ သတ်မှတ်ပြီး Message တွေ လိုက်ပို့တာဖြစ်ပါတယ်။ မှားပြီးပို့မိတာ ဖြစ်တဲ့အတွက် ဖုန်းထဲ မှာ မူလရှိတဲ့ ဘီလ်အတိုင်း […]

ဒိုင်ကိုထိုးကြိတ်သောနည်းပြနှင့်ကစား သမားများ ကို ရာသက် ပန် ပွဲ ပယ်

ငြိမ်းချမ်း မောင်တာ  Tuesday, September 30, 2014 ဓာတ်ပုံ – စိုးမင်းလွင် ရန်ကုန် – မန္တလေးတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင် ကွင်းလည်ဒိုင်လူ ကြီးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်းဘောလုံး အသင်း မှ နည်းပြနှစ်ဦးနှင့် ကစားသမားရှစ် ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိ သည်။ စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ တွင် မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကွင်းလယ်ဒိုင်လူကြီးကို စစ်ကိုင်းတိုင်းဘောလုံးအသင်း သားများက ၀ိုင်းဝန်းထိုးကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။ ထိုသို့ထိုးကြိမ်မှုများပြုလုပ် ခြင်းကြောင့် […]

အနောက်၏မဟာဗျူဟာအမှားကြောင့်အကြမ်းဖက် ၀ါဒ ပေါ်လာတာ ဖြစ်ကြောင်း အီရန် သမ္မတ ဆို

in အရှေ့အလယ်ပိုင်း — September 26, 2014 စက်တင်ဘာ ၂၆ ၊ ၂၀၁၄ M-Media – အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အမေရိကန်နှင့် အနောက်နိုင်ငံတို့မှ ပြုလုပ်ခဲ့သော အမှားများကို ဝေဖန်ခဲ့ပြီး ထိုအမှားများက အကြမ်းဖက် ၀ါဒအား ဖြစ်ထွန်းစေခဲ့သည်ဟု အီရန်သမ္မတ ရူဟာနီက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားလိုက်သည်။ “အရှေ့အလယ်ပိုင်း၊ အလယ်အာရှနဲ့ ကော့ကေးရှပ်ဒေသတွေမှာ အနောက်နိုင်ငံတွေရဲ့ မဟာဗျူဟာအမှားတွေက ဒီဒေသတွေကို အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်တွေ ပျော်မွေ့ရာဒေသအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်” ဟု ယမန်နေ့က ပြောကြားသော မိန့်ခွန်း၌ ရူဟာနီက ထည့်သွင်းပြောဆိုခဲ့သည်။ ထိုအကြောင်းအရာအတွက် ဆီးရီးယားနိုင်ငံကို ရူဟာနီက ဥပမာပေးခဲ့ပြီး၊ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်ဝါဒအား ဖြေရှင်းရေး နိုင်ငံတကာ အထောက်ပံ့နှင့်အတူ ဆောင်ရွက်ခြင်းက […]