Archive | October 2, 2014

You are browsing the site archives by date.

အကြမ်းဖက်ဝါဒမြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား သတိဖြင့် ကာကွယ်ရန် သမ္မတ တိုက်တွန်း

– ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။ ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြား လိုက် သည်။ မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြား ခဲ့ခြင်း ဖြစ် သည်။ နိုင်ငံတကာ အကြမ်းဖက်ဝါဒအ ဖွဲ့အစည်းတချို့၏ မြန်မာနိုင်ငံသို့ ဦး တည်ခြိမ်းခြောက်မှုများမှာ သိပ်စိုးရိမ် စရာမရှိသော်လည်း လုံခြုံရေးအသိဖြင့် သတိရှိရှိ ကြိုတင်ကာကွယ်မှုများ ပြု လုပ်ထား ရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ၄င်း၏ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ […]

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်ဟု Telenor ပြော

Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေးပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ် ထားကြောင်း  Telenor Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။ လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော […]

လဝကထုတ်ပြန်သည့်လူဦးေ စာရင်းသာ အတည်ဖြစ်မည်

စနေလင်း| October 2, 2014 ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော လူဦးရေ စာရင်းသည် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု၏ ရှေ့ပြေး စာရင်းထက် များပြားနေခြင်း မှာ   ရွေးကောက် ပွဲ ကော်မရှင်က ခန့်မှန်း ထုတ်ပြန်ထားခြင်းကြောင့်သာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန (လ၀က) မှ စာရင်းသာ အတည်ဖြစ်မည်ဟု သိရသည်။ “ကော်မရှင်က ကြေညာခဲ့တယ်ဆိုတာ ၅ နှစ် တကြိမ် ကောက်ယူတဲ့ ဖွားသေစာရင်းကို အခြေခံပြီး ခန့်မှန်းထားတဲ့ စာရင်းပါ။ ကျနော်တို့ ကောက်ယူတယ်ဆိုတာ အိမ်ထောင်စု စာရင်းကိုလည်း အခြေ မခံဘူး။ ကောက်ယူဖို့ သတ်မှတ် ထားချိန်အတွင်း မြန်မာနိုင်ငံ အတွင်းမှာ […]

ကင်ဆာရောဂါသည်တစ်ဦးအားအသက်မသေဘဲ မြေမြုပ် ခဲ့မှု ဂရိ တွင် ဖြစ် ပွား ခဲ့

 ဥရောပ — September 30, 2014 စက်တင်ဘာ ၃၀ ၊ ၂၀၁၄ M-Media – ကင်ဆာရောဂါသည် အမျိုးသမီးတစ်ဦးအား မသေသေးဘဲ မြေမြှုပ်တစ်ခု ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂရိနိုင်ငံ အေသင်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အသက် ၄၅ နှစ်အရွယ် ကင်ဆာရောဂါသည် အမျိုးသမီးအား သေဆုံးသည်ဟု ယူဆကာ မြေမြှုပ်ပြီးနောက်ပိုင်း ၁ နာရီခန့်အကြာတွင် အုတ်ဂူအတွင်းမှ အော်သံများ၊ ထုရိုက်သံများကို သုသာန် ဝန်ထမ်းများက ကြားရသည့် အတွက်ကြောင့် ပစ္စည်း ကိရိယာများကို ယူကာ သွားရောက် တူးဖော်ခဲ့ကြသည်။ သို့သော်လည်း ထိုအမျိုးသမီး၏ အသက်အား မကယ်တင်နိုင်ခဲ့ဘဲ တူးဖော်ခဲ့ပြီးနောက် ထိုအမျိုးသမီးမှာ အသက်ရှူကြပ်သည့် ဝေဒနာကြောင့် သေဆုံး ခဲ့ကြောင်းကို တွေ့ ရှိခဲ့ရ […]

Telenor ဆင်းကတ် နှင့် MPT ဆင်းကတ် တစ်ပြိုင်တည်း အသုံးပြုနိုင် သည့် Mini2005D နှင့် NOKING A275 ဟန်း ဆက်

Telenor ဆင်းကတ် နှင့် MPT ဆင်းကတ် တစ်ပြိုင်တည်းအသုံးပြုနိုင်သည့် Mini2005D နှင့် NOKING A275 ဟန်းဆက်အား ၁၃၀၀၀ ကျပ်ဖြင့် MEB Store တွင်ဝယ်ယူနိုင်ပါပြီ။ Fratures Camera 0.3 Mp FM Radio Hand Free Dual Sim Card မြန်မာစာ မြန်မာကီးဘုတ် ပါဝင် ဆက်သွယ်ရန် MEB Store အခန်းအမှတ် ၄၀၃၂၊ တတိယထပ်၊ တော်ဝင်စင်တာ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁၈၆၀၀၀၇၂၊ ၀၉၄၅၀၀၅၇၆၈၁

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်သေး

နိုင်လင်းအောင် Wed, 2014-10-01 16:38 တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချနေစဉ် (ဓာတ်ပုံ – အေးမွန်ရာပြည့်) တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ် ဆိုမှုပြုလုပ်နိုင်ဦး မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင် မှာဖြစ်ပြီး   နောက် ထပ်နိုင်ငံ တွေကိုလည်း ထပ်ပြီးတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြော သည်။  တယ်လီနော အနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာ၂၇ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး […]

Is,စစ်သွေးကြွတို့ကိုဗြိတိန်ကပထမဆုံးအကြိမ် လေ ကြောင်း တိုက် ခိုက် မှု စ တင်

လွန်ခဲ့သည့် သောကြာနေ့က တိုက်ခိုက်ရေး တာဝန်များပြုလုပ်ရန် ပါလီမန်က အတည်ပြုပြီးနောက် အီရတ်ရှိ IS ပစ်မှတ်များကို ဗြိတိသျှ တော်နေဒို ( Tornado) ဂျက်တိုက်လေယာဉ်များက ပထမဆုံးအကြိမ်အဖြစ် စတင်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး မိုက်ကယ် ဖောလွန်က စက်တင်ဘာ ၃၀ တွင် ပြောကြားခဲ့သည်။ ကာဒ့် တပ်ဖွဲ့ဝင်များကို ဒုက္ခပေးနေသည့် IS တို့၏ လက်နက်ကြီးများ ချထားရာ စခန်းတစ်ခုနှင့် မင်းနေရာရှိ လက်နက်တပ်ဆင်ထားသော ထရပ်ကားတစ်စင်းကို တိုက်ခိုက်ခဲ့သည်ဟု ၄င်းက ဘီဘီစီ သို့ ပြောကြားခဲ့သည်။ Ref: HAARETZ