Archive | October 8, 2014

You are browsing the site archives by date.

အရက်၊ ဆေးလိပ်၊ ကွမ်းယာနဲ့ ခံတွင်းကင်ဆာ

ဒေါက်တာသက်ဦး| October 4, 2014 အာခံတွင်းနဲ့ ပတ်သက်ရင် မြန်မာစကားက အဖွဲ့အနွဲ့ အတော်ပဲများပါတယ်။ “ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်” ဆိုတာမျိုးက အစ “နှုတ်သီးကောင်း လျှာပါး” ဆိုတာ မျိုးက တသွယ်၊ နှုတ်ခမ်း သန္တာသွေးတို့၊ သွား ပုလဲသွယ်တို့ ဆိုတာမျိုး အလှအပ ဖွဲ့တာတွေ အထိပေါ့။ နှုတ်ခမ်းပါး ကလေးမှသည် အာခေါင်အထိ ခံတွင်းလို့ ခေါ်ဆိုကြတာ မဟုတ်လား။ ဒါပေမယ့်လည်း တရားသဘောအရ တွေးတွေး၊ ခန္ဓာဗေဒ အမြင်အရ ကြည့်ကြည့် ဓာတ်ကြီးလေးပါး ဖွဲ့စပ်ဖြစ်တည် ထားလေတော့ ပျက်စီးယိုယွင်းတာ ရှိလာတာပါပဲ။ ဗျာဓိဆိုတဲ့ အနာရောဂါ ရတတ်တာပါပဲ။ ခံတွင်းကင်ဆာ ဆိုတာ ကြီး ကလည်း ဖြစ်တတ်ပြန်တာပါပဲ။ တခြား ကိုယ်အင်္ဂါ […]

ရင်သား ကင်ဆာဆိုင်ရာ သိမှတ်စရာ

ဒေါက်တာသက်ဦး| September 22, 2014 သတ္တဝါရယ်လို့ ဖြစ်လာရင် ခန္ဓာကြီးကို ရတယ်။ အဲဒီခန္ဓာကြီးကိုပဲ စောင့်ရှောက်နေရတဲ့ အပြင် ဝေဒနာပေါင်းစုံလည်း ရတာမို့ ခန္ဓာဝန်လို့တောင် ခေါ်ဆိုကြပါတယ်။ အဲဒီခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်း အားလုံးမှာ ရောဂါဘယတွေကို ဖိတ်ခေါ် နေကြတာ မဟုတ်လား။ လူမျိုးဘာသာတွေ၊ ကျား-မတွေ ကွဲပြားပေမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတူတူမို့ ရောဂါတွေ ကတော့ တူကြ တာပါပဲ။ မတူညီတဲ့ ရေမြေသဘာဝနဲ့ ကျား/မ အင်္ဂါတွေကို လိုက်ပြီး   ရောဂါ အမည်တွေ ကွဲတာ၊ ဖြစ်ပွားတဲ့နှုန်း ကွာဟတာ ရှိတတ်ပေမယ့် လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ကပ်ငြိတာတော့ ငြင်းဆန်ရှောင်လွှဲ မရပေဘူး။ အဲဒီထဲကမှ ကင်ဆာဆိုတာကြီးက သေမိန့်ချ ခံရသလို […]

ခွဲစိတ်ပြီး လှချင်တာ အမှားမဟုတ်ပါ

ဂရက်ဂ်စတီဗင်| October 7, 2014 တချို့က လက်စွပ်ကို Selffies ဓာတ်ပုံရိုက်သည့် အခါ ပိုကြည့်၍ ကောင်းအောင် လက်ကို ပြုပြင်ကြသည်။ တချို့ ကတော့ သူတို့ နှစ်ခြိုက်သည့် ပေါ့ပ်အဆိုကျော်များနှင့် ရုပ်ချင်းတူအောင် မျက်နှာကို ခွဲစိတ်ပြုပြင် ကြပြီး ဂီတဗီဒီယို ရိုက်ကူးကြသည်။ တချို့ကလည်း သူတို့ကိုယ်သူတို့ Ken အရုပ် သို့မဟုတ် Barbie အရုပ်နှင့် တူအောင် ခွဲစိတ် ပြုပြင် နိုင်ဖို့ အတွက် အမေရိကန်ဒေါ်လာ တသိန်းကျော် သုံးစွဲကြသည်။ သေချာသည်မှာ ထိုကိစ္စများနှင့် ပတ်သက်သော သတင်းများတွင် မလိုလားသံများ ပါဝင်နေတတ်သည်။ ခေါင်းစဉ် တပ်ရာတွင်လည်း “ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဖြစ်သော” အစရှိသည့် စကားလုံးများကို သုံးကြသလို၊ ဆောင်းပါး များတွင် […]