Archive | October 11, 2014

You are browsing the site archives by date.

ဆွီဒင် ပညာရေးဝန်ကြီး အဖြစ် မွတ်စလင် အမျိုးသမီး ခန့်အပ်ခံရ၊ အသက် အငယ်ဆုံး ဝန်ကြီးဖြစ်လာ

အောက်တိုဘာ ၁၀ ၊ ၂၀၁၄ M-Media – ငယ်ရွယ်ပြီး တက်ကြွသော မွတ်စလင်များအတွက် အတုယူစရာ အဖြစ် ဘော့စနီးယားနွယ်ဖွား မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ဆွီဒင် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရသည်ဟု သိရ သည်။ အသက် ၂၇ နှစ်အရွယ်ရှိ အိုင်ဒါ ဟဒ်ဇီယာလစ်ဆိုသူဖြစ်ပြီး ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လုဖ်ဗန်၏ ကတ်ဘိနတ်အဖွဲ့တွင် ပညာရေးဝန်ကြီး အဖြစ် အောက်တိုဘာ လဆန်းပိုင်းက ခန့်အပ်ခံခဲ့ ရခြင်း   ဖြစ်သည်။ Lund တက္ကသိုလ်မှ ဥပဒေပညာဖြင့်ဘွဲ့ရခဲ့သည့် ဟဒ်ဇီယာလစ်မှာ အသက် ၂၃ နှစ်အရွယ်ကပင် ဆွီဒင်ရှိ Malmstad မြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သည်။ ဟဒ်ဇီယာလစ်မှာ နိုင်ငံရေး သမားတစ်ဦး လည်းဖြစ်ပြီး ဆွီဒင်တွင် အသက်အငယ်ဆုံး ၀န်ကြီးလည်းဖြစ်သည်။ ဘော့စနီးယားပြည်တွင်းစစ်ကြောင့် […]

မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ရေကန်ကြီးများအား ပြန်လည်ပြုပြင်၍ ယနေ့တိုင်အသုံးပြုနေ

မန္တလေး၊ အောက်တိုဘာ ၉- မန္တ လေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင် ကြီးတို့မှ လှူဒါန်းခဲ့သော ရေကန်ကြီး နှစ်ကန်အား နန်းရှေ့ မဟာဝိသုတာ ရာမ တိုက် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ယနေ့တိုင် အသုံး ပြုနေဆဲဖြစ်ကြောင်း သိရသည်။ ယခုအခါ ရေကန်ကြီးများမှာ ယိုယွင်းပျက်စီးလာခြင်းကြောင့် အ လှူရှင်များမှ မင်းတုန်းမင်းတရားကြီး နှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့ အား အမှူးထားကာ ပြန်လည်ပြုပြင် လှူဒါန်းထားသည်။ မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားခေါင်ကြီးတို့သည် နန်းတော်ကြီး၏အရှေ့ထိပ် ၂၉ဒသမ ၂ဝဧကကျယ်ဝန်းသော မြေနေရာ တွင် မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ် တပို့တွဲလပြည့်ကျော် ၅ရက် သော ကြာနေ့ ပန္နက်ချပြီး မဟာတုလွတ် ဘုမ်စံ ရွှေကျောင်းတော်ကြီးအား ဝဲဘက်ထောင့်၊ ယာဘက်ထောင့်တွင် […]

ငြိမ်းချမ်းရေးနိုဘဲလ်ဆု Malala နဲ့ Satyarthi ပူးတွဲရရှိ

နော်ဝေအခြေစိုက် Nobel ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ Thorbjorn Jagland (ဝဲ) ပါကစ္စတန် ပညာရေး တက်ကြွလှုပ်ရှားသူ မာလာလာနဲ့အိန္ဒိယ ကလေးအလုပ်သမား ဆန့်ကျင်ရေး လှုပ်ရှားသူ Satyarthi တို့ကို ငြိမ်းချမ်းရေးဆုရှင်အဖြစ် ကြေညာစဉ်။ ဗွီအိုအေ (မြန်မာပိုင်း) 10.10.2014 16:51 ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်များ ပညာသင်ခွင့်ရရှိရေး ဆောင်ရွက်သူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံမှာ ကလေး အခွင့်အရေး ဆောင်ရွက်သူ Kailash Satyathi တို့ ၂ ဦး အခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိသွားပါတယ်။ သူတို့ ၂ ဦးအနေနဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေ ဖိနှိပ်ခံနေကြတာကို ဆန့်ကျင် တိုက်ပွဲဝင် သူတွေဖြစ်သလို့ ကလေးငယ်တွေ ပညာသင်ခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက် […]