Archive | October 15, 2014

You are browsing the site archives by date.

ကျွန်မ မာလာလာပါ

Posted by ရွှေသတင်းသစ်   ရှပ်အကျီ အရောင်ဖျော့တော့တော့ကို ၀တ်ဆင်ထားတဲ့ မုတ်ဆိတ်ရှည်နဲ့ လူရွယ် တစ်ယောက်ဟာ လမ်းပေါ် တက်လာပြီး ကျောင်းသူလေးတွေ တင်ဆောင်လာတဲ့ ဒိုင်နာ အမျိုးအစား   ကျောင်းကားကို လက်ပြတားပြီး ရပ်ခိုင်း လိုက်တယ်။ ကားဘေးမှာ ရေးကပ်ထားတဲ့ စာကို မတွေ့သယောင် ဒါခူးရှားကျောင်းကားလားလို့ ကားမောင်း သူကို မေးတယ်။ ပြီးတော့ ကလေးတွေ ရဲ့ အချက်အလက် အချို့ လိုချင်လို့လို့ ဆက်ပြောတယ်။ ကားမောင်းသူ အူစမန်က ဒါဆို ခင်ဗျား ကျောင်းရုံးခန်းကို သွားသင့်တယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလို သူက အရှေ့မှာ မေးမြန်းနေစဉ် နောက် အမျိုးသား တစ်ယောက်က ဒိုင်နာကားရဲ့ နောက်ဘက်ကို ရောက်လာတယ်။ မာလာလာ ဘယ်သူလဲ၊ […]

ဖူးငုံသစ်စပျိုမေတို့သိသင့်သောရာသီ အကြို ဝေဒနာ အကြောင်း

 by ရွှေသတင်းသစ် ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။ ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ် ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။ ရာသီအကြိုဝေဒနာ ဆိုသည်မှာ လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ […]

ပါလက်စတိုင်းအားနိုင်ငံတနိုင်ငံအဖြစ်အသိ အမှတ် ပြုရန် ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း တိုက်တွန်း

အောက်တိုဘာ ၁၂။ ဗြိတိန်ပါလီမန်တွင် မဲခွဲဆုံးဖြတ်မှုမတိုင်မီ ပါလက်စတိုင်းအား နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် နိုင်ငံခြားရေးဌာန၀န်ကြီးဟောင်း လေဒီ ၀ါစီက ဥပဒေပြုအမတ်များအား တိုက်တွန်း လိုက်ပြီး ဗြိတိန်အစိုးရမှာ အရှေ့အလယ်ပိုင်းပဋိပက္ခအရေး နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းလိုခြင်းမရှိကြောင်း စွပ်စွဲပြောကြားသည်။ “နိုင်ငံရေးအရ ဖြေရှင်းလိုမှု အားနေတယ်၊ ကျမတို့ရဲ့ ကျင့်ဝတ်သိက္ခာလမ်းညွှန်လည်း ပျောက်ဆုံးနေပါတယ်”လို့ ယခင် နိုင်ငံခြားရေးဌာန၀န်ကြီးဟောင်းဖြစ်သူ ဘရိုနက်စ် ၀ါစီက   ပြောကြားသည်။ ဗြိတိန်ပါလီမန်အမတ်များက တနင်္လာနေ့(ယနေ့)တွင် ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ် အထင်အရှားအသိအမှတ်ပြုရန် သမိုင်းဝင် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။ “ညှိနှိုင်းဆောင်ရွက်မှုမရှိဘူး၊ မြို့ထဲမှာ ပြပွဲတွေမရှိဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် ဘ၀သစ်ကို ဆက်လက်ရှင်သန်ဖို့ အတွက်တော့ ဒီညှိနှိုင်းမှုတွေကို လုပ်ရဦးမှာပဲ၊ အဲဒီထဲက နည်းလမ်းတစ်ခု ကတော့ ပါလက်စတိုင်းကို နိုင်ငံအဖြစ်ကို အသိအမှတ်ပြုပေးဖို့ပါပဲ” ဟု […]

၂ဝ၁၅ရွေးကောက်ပွဲအတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်း ပြုစုခြင်းကို အဆင့်သုံးဆင့် ဖြင့် ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၃ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲစာရင်းပြုစုခြင်းကို အဆင့်သုံး ဆင့်ဖြင့် ခွဲခြားပြုလုပ်သွားမည် ဖြစ်ပြီး ပထမအဆင့်တွင် မြို့နယ် ပေါင်း ၄၁မြို့နယ်၌ မဲစာရင်းပြုစု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်မှ သိရသည်။ ယင်းနှင့်ပတ်သက်၍ နေပြည် တော်တွင် အောက်တိုဘာ၁၃ရက် နေ့ကပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့ မဲစာရင်းပြုစုခြင်း ဆိုင်ရာ ရှင်းလင်းခြင်းနှင့် ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းများညှိနှိုင်းအစည်း အဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။ မဲစာရင်းပြုစုရန် ပထမအဆင့် ကို နိုဝင်ဘာလမှ ဇန်နဝါရီလအထိ၊ ဒုတိယအဆင့်ကို ဒီဇင်ဘာလမှ ၂ဝ၁၅ခုနှစ် မတ်လအထိနှင့်တတိယ အဆင့်ကို ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ လက […]

၂ဝ၁၅ခုနှစ်ဆန်းပိုင်း၌အရှေ့အာရှနိုင်ငံများသို့ မြန်မာ့ လေ ကြောင်း လိုင်း စ တင် ပြေး ဆွဲ မည် ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃ ပြည်ပ သို့ ပထမဆုံးအကြိမ် ပြေးဆွဲမည့် အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်း (MA) သည် ၂ဝ၁၅ခုနှစ်နှစ်ဆန်းပိုင်း တွင် အရှေ့အာရှနိုင်ငံများသို့ စတင် ပြေးဆွဲသွား မည်   ဖြစ်ကြောင်း  မြန်မာ့   လေကြောင်း (MA) လက်ထောက်အ ထွေထွေမန်နေဂျာ (စီးပွားရေးဌာန) မှ ဦးထင်လင်းက ပြောကြားသည်။ ” အရှေ့အာရှနိုင်ငံတွေ ဆိုတော့ ဟောင်ကောင်၊ တိုင်ပေစတဲ့ ဒေသ တွေပဲပြေးမှာပါ။ စင်ကာပူတို့၊ ဘန် ကောက်တို့ကတော့ ဒီက လေကြောင်း လိုင်းအများစု ပြေးနေတာရှိတော့ တရုတ်ကိုပဲ ဦးစားပေး ပြေးပေးတဲ့ သဘောပါ”ဟု ယင်းက ပြောသည်။ တရုတ်နိုင်ငံတွင် မြန်မာနိုင် ငံမှ သွားရောက်အလုပ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ များ […]

သွားရင်းလာရင်းဖုန်းအားသွင်းလို့ရမယ့် သဘာဝ ဘက်ထရီ

သဘာဝ ဘက်ထရီလို့ခေါ်ရတဲ့ အကြောင်းအရင်း ကတော့ သူဟာ ဘာ လျှပ်စစ် အားနဲ့မှ အားဖြည့်ထားစရာ မလိုအပ်တဲ့ ဘက်ထရီမို့လို့ ဖြစ်ပါတယ်။ သဘာဝ အတိုင်း လှုပ်ရှားမှုကနေ လျှပ်စစ်ဓာတ်အားကို မဖြစ်ဖြစ်အောင် ထုတ်ပြီး လျှပ်စစ် ဓာတ်အား အဖြစ် ဘက်ထရီထဲသို့ ထည့်သွင်းသိုလှောင်ပေးထား ပါတယ်။ ခြေလှမ်းပေါင်း တစ်သောင်း လျှောက်ထားရင် ဖုန်းကို ၃ နာရီကြာ ဆက်တိုက် အသုံးပြုလို့ရအောင် အားပြည့်ပါတယ်။ ခြေလှမ်းပေါင်း တစ်သောင်း လျှောက် မယ့် အစား စက်ဘီးကို တစ်နာရီစာ မောင်းနှင်ရင်လည်း အားပြည့် ပါတယ်။ မဟုတ်ရင်လည်း မိနစ် ၃၀ စာ ပြေးလွှားခြင်းဖြင့်လည်း အားပြည့် ပါတယ်။ ယင်း အားဖြည့်စက်ရဲ့ အမည်က Ampy ဖြစ်ပါတယ်။ […]