Archive | October 17, 2014

You are browsing the site archives by date.

လိင် ၂ မျိုး အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးတဦး မွေးဖွား

Thursday, October 16, 2014  လိင်၂ မျိုး၊ အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးငယ် တဦးကို ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံ မှာ  အောက်တိုဘာ လ ၁၀ ရက် နေ့ က မွေးဖွားခဲ့ တယ်လို့ နိရဉ္စရာ သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြလာပါ တယ်။  နေရဉ္စရာ သတင်းက ဖော်ပြထားတဲ့ လိင် ၂ မျိုး လိင်အင်္ဂါ ၃ ခုပါတဲ့ ကလေးသတင်း၊ ဓာတ်ပုံ- နေရဉ္စရာ ရခိုင်ပြည်နယ် ဂွမြို့နယ်က အဖ ဦးရဲပိုင်ထူး၊ အမိ ဒေါ်ဝေေ၀မာတို့က မွေးဖွားလာတဲ့ ကလေးငယ်ဟာ ယောင်္ကျားအင်္ဂါ ၂ ခု၊ မ အင်္ဂါတခု ပါဝင်တာဖြစ်တယ်လို့ ဂွ […]

မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး တိုးတက်ကောင်း မွန်ရန် ကုန်သွယ်ရေး လမ်းကြောင်း သစ်များ ဖောက် လုပ်နေ

တီးတိန်၊ အောက်တိုဘာ ၁၆ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး တိုးတက်လာရေးအတွက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံများအကြား ဆက် သွယ်ရေးလမ်းမများ တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ မီဇိုရမ်ပြည်နယ်သည် ချင်း ပြည်နယ်၊ နယ်စပ်ဂိတ်ပေါက်များ ဖြစ်သော ရိဒ်နယ်စပ်၊ ထန်တလန် နယ်စပ်နှင့် ပလက်ဝမြို့နယ်ဂိတ် ပေါက်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များမှ ဝင်ရောက် လာသော ကုန်စည်များကို အဓိက အားထားအသုံးပြုနေရသည့် အတွက် အဆိုပါလမ်းများကို ရာသီမရွေး သွားလာနိုင်သောလမ်းကြောင်းများ အဖြစ် အောက်တိုဘာအတွင်းမှ စတင်၍ တိုးမြှင့်ပြုပြင်သွားမည်ဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ မီဇိုရမ်ပြည်နယ် ဝန်ကြီး ချုပ်က အောက်တိုဘာ ပထမပတ် က နယ်စပ်ကုန်သည်ကြီး များနှင့်   တွေ့ […]

ရင်သားပုံကြော်ငြာကြောင့်တရက်တည်း ယာဉ် တိုက် မှု ၅ဝဝ ဖြစ်??

Friday, October 17, 2014 မော်စကိုမြို့ကြော်ငြာအေဂျင်စီတခုရဲ့ ဖန်တီးချက်က သူတို့ဆီမှာ အင်မတန်မှ သက်ရောက်မှု အားကြီးခဲ့တယ်လို့ ဆိုရမယ်။ ဖုံးကွယ်အပ်တဲ့အရာကို ဒီအတိုင်းထားရင် ဘာဖြစ်မလဲ ဆိုတာ ဒီအကြောင်းလေးက အဖြေပေးနေပါပြီ။ ဒီကြော်ငြာကြီး ငေးကြည့်မိတဲ့အတွက် ကားအချင်းချင်းတိုက်၊ အဆောက်အအုံတွေ ဝင်တိုက်တာတွေ ဖြစ်သွားတာ တရက်တည်းနဲ့ မတော်တဆမှုပေါင်း ငါးရာကျော်သွားတယ်လို့ ဆိုတယ်။ ကြော်ငြာကို တွေ့တာနဲ့ ပတ်ဝန်းကျင်ကို မမြင်နိုင်လောက်အောင် ဖြစ်သွားတာပေါ့။ ကုန်တင်ကား ၃ဝ မှာ ဒီကြော်ငြာတပ်ပြီး မြို့ထဲလွှတ်လိုက်တာ ဒီလောက်ပမာဏများတဲ့ မတော်တဆမှုဖြစ်သွားခြင်းပါ။ ယာဉ်မောင်းသူတွေက   ရင်သားကြီးကြီး ကြော်ငြာကြီးကြီးကို ငေးနေတုန်း ကိုယ့်ကားကို တခြားကားက ၀င်တိုက်၊ သို့မဟုတ် ကိုယ်က ၀င်တိုက်မိကြတာပါ။ ကြော်ငြာအေဂျင်စီကတော့ ဒါဟာ စမ်းသပ်မှုပါပဲ တဲ့။ ကုန်ကား ထရပ်ကားတွေမှာ […]

ထူးခြားဆန်းပြားသော ပင်လယ်ကမ်းခြေများ

(၁) ကယ်လီဖိုးနီယားမှ Unique Glass ကမ်းခြေ (၂) မက္ကစီကိုမှ လျို့ဝှက်ကမ်းခြေ (၃) ကောင်းကင်ပြာကြီးမှာ ကြယ်များထွန်းလင်းနေပုံနဲ့ တူသော မော်ဒိုက်မှ ကမ်းခြေ (၄) စပိန်မှ ဘုရားရှိခိုးကျောင်းများနှင့် တူသော ကျောက်ဆောင်ကြီးများ ရှိသည့် ကမ်းခြေ (၅) Bahamas နိုင်ငံမှ ပန်းရောင်သဲများ ရှိသော ကမ်းခြေ (၆) နယူးဇီးလန်မှ နဂါး၏ဥ ပုံသဏ္ဍာန် ကျောက်ဆောင်များ ရှိသော ကမ်းခြေများပင် ဖြစ်ပါတယ်။ . Ref- architecturendesign ကျော်လင်းနိုင် (ရိုးရာလေး) http://www.yoyarlay.com ‪#‎kln_yyl‬ ‪#‎beauty_yyl‬

မွန်းတည့်နေ့ဂျာနယ်သတင်းသမား ၅ ဦး ထောင် ၂နှစ် စီ ချ မှတ် ခံ ရ

Thu, 2014-10-16 13:06 အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရသော Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့ဝင် ငါးဦးကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဟုဆို၍ ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်လိုက်သည်။ MCDF အဖွဲ့မှ ထုတ်ပြန်သော ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း ကြေညာချက်ကို သတင်းဖော်ပြမှုမှာ ဆန္ဒပြပွဲထက် တစ်ရက်စောခြင်းနှင့် ဂျာနယ်မျက်နှာဖုံးတွင် ယင်းသတင်း ကို ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် ယှဉ်တွဲအသုံးပြုခဲ့ခြင်းကြောင့် လက်ရှိအစိုးရအပေါ် အကြည်ညိုပျက်စေမှု ပြစ်မှုထင်ရှားကြောင်း တရားသူကြီးက စီရင်ချက်တွင် ထည့်သွင်း ဖတ်ကြား သည်ဟု ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။ ၂၀၁၄ မတ်လတွင် သတင်းမီဒီယာဥပဒေပြဌာန်းပြီးနောက် ယူနတီဂျာနယ်သတင်းထောက်များ ထောင်ဆယ်နှစ်ချမှတ်ခံရအပြီးတွင် Bi မွန်းတည့်နေဂျာနယ်အဖွဲ့ ထောင်ဒဏ် ချမှတ်ခံ ရခြင်း   […]

ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်

Friday, 17 -10 – 2014 နအဖအစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့စဉ်က ဦးဆန်းဆင့်ကို တွေ့ရစဉ် ဓာတ်ပုံ – ခင်မောင်ဝင်း/အေပီ   သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် အမိန့်ချမှတ် လိုက် သည်။ နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် ဒဏ်ငွေတစ်သိန်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ယနေနံနက် ၁၁ နာရီဝန်း ကျင်တွင် ဒက္ခိဏခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၄ ဇွန်လ ၁၉ ရက်တွင် စတင်ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထပ်မံ […]

ထိုင်းနိုင်ငံတွင်လူသတ်မှုဖြင့်စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး အတွက် အမှုမှန် ပေါ်ရေး သမ္မတနှင့် ကာချုပ် တောင်း ဆို

ချစ်မင်းထွန်း ၊ ရန်ကုန်၊ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်အ တွင်းရှိ လိပ်ကျွန်း(ခိုတောင်)တွင် ဗြိ တိန်စုံတွဲနှစ်ဦးအားသတ်ဖြတ်သည်ဟု စွပ်စွဲခံဖမ်းဆီးခံထားရသော မြန်မာနိုင်ငံ သားနှစ်ဦး၏အမှုကို အမှန် တိုင်းဖြစ် အောင် ဆောင်ရွက်ပေးရန်အတွက် ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ က တောင်းဆိုထား ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ပြောသည်။ အောက်တိုဘာ ၁၄ရက်က ထိုင်း နိုင်ငံ၌လူသတ်မှုဖြင့် ဖမ်းဆီးခံထားရ သော မြန်မာနိုင်ငံသားနှစ်ဦး၏ မိသားစု ဝင်များကြြဲ ရုံးခန်းတွင် ရှင်းလင်း ပွဲလုပ်ခဲ့ပြီး ယင်းရှင်းလင်းပွဲတွင် ရခိုင် ဝန်ကြီးဦးဇော်အေးမောင်က အထက် ပါအတိုင်း ပြောကြားခဲ့သည်။ ”ဒီအမှုကို အမှန်တိုင်းပေါ်ပေါက် ဖို့အတွက် ထိုင်းဝန်ကြီးချုပ်ကိုဆောင် ရွက်ပေးပါလို့ပြောလိုက်တယ်။ […]