Archive | October 25, 2014

You are browsing the site archives by date.

ကမ္ဘာကျော်စာရေးဆရာတွေပြောတဲ့တရားမျှတရေးအတွက် တော်လှန်ရေးသမား တမန်တော် မုဟမ္မဒ် အကြောင်း

အောက်တိုဘာ ၂၃ ၊ ၂၀၁၄ M-Media သူရမင်းမင်း ရေးသည်။ အမျိုးဘာသာကာကွယ်ရေးဆိုတဲ့ အရေခွံခြုံပြီး ရွေးကောက်ပွဲနီးလေ မွတ်စလင် မုန်းတီးရေး အရှိန်တိုးမြင့်လေ လုပ်လာတဲ့ အောင်ဇေယျတု ဂျာနယ်မှာ အစ္စလာမ်ဘာသာကို ပေါ်တင်စော် ကား ထုတ်ဝေလာပါတယ်။ စော်ကားတဲ့ထဲမှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ အသက်တမျှ ချစ်ခင် တန်ဖိုးထား တဲ့ ရှေ့ ဆောင်လမ်းပြ တမန်တော် မုဟမ္မဒ် ကို မဟုတ်မမှန် အချက်တွေသုံးပြီး တမင် ဂုဏ်သ ရေဖျက်ဖို့ ကြိုးစားထားပါတယ်။ အောင်ဇေယျတုဆောင်းပါးရှင်ဟာ တမန်တော် မုဟမ္မဒ် လို   နှစ်ပေါင်း ၁၄၀၀ ကျော်သည့်တိုင် ကမ္ဘာကျော် ကျော်ကြား လွှမ်းမိုးမှုရှိဆဲ ပုဂ္ဂိုလ် အ ကြောင်းရေး ရာမှာ မုဟမ္မဒ် ရဲ့ ဘ၀အကြောင်း နဲနဲတောင်လေ့လာခဲ့ပုံ […]

လူရာနှင့်ချီ ပါဝင်ခဲ့တဲ့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ် ဒေသခံ ၇ ဦး ကို ထောင် ဒဏ် ၇ နှစ် ချ

အောက်တိုဘာ ၂၅ ၊ ၂၀၁၄ M-Media သီဟ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှု နဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရား လွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။ အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို အခင်းဖြစ်ပွားပြီး တနှစ်ကျော် အကြာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ […]

ကိုယ်တော်မြတ်(ဆွ)၏စွဲမြဲစွာ ၀တ်ပြုမှု၊ ဗျာဒိတ်ရ၍ အလ္လာဟ် အရှင်မြတ်နှင့် ဆက်သွယ်မှု ၊ (သမိုင်းပညာရှင် လာမာတင် LAMARTINE) –

ကိုယ်တော်မြတ်(ဆွ)၏စွဲမြဲစွာ ၀တ်ပြုမှု၊ ဗျာဒိတ်ရ၍ အလ္လာဟ် အရှင်မြတ်နှင့် ဆက်သွယ်မှု ၊သူ၏ ကွယ်လွန် ခြင်းနှင့် သူကွယ်လွန်ပြီးနောက် အောင်မြင်မှုတို့ကပင် သူသည် အယောင်ဆောင် အလိမ် အညာ မဟုတ်ကြောင်း ထင်ရှား ပေါ်လွင်စေပြီး ခိုင်မာပီပြင် သော ယုံကြည်ချက်ကပင် သူ့အား ကိုးကွယ်ယုံကြည်ရာ အယူဝါဒတစ်ခုကို ရှင်သန် လာစေခဲ့သည်** ကျော်ကြား သည့်သမိုင်းပညာရှင် လာမာတင် LAMARTINE – —————————— လူ့ဂုဏ်သိက္ခာကြီးမား ထည်ဝါမှုအတွက် လိုအပ်သော အရည်အချင်း များကို ဆွေးနွေးခြင်းနှင့် အလေးအနက် ဆင်ခြင် သုံးသပ်ခြင်း -အနည်းဆုံးသောစွမ်းဆောင်နိုင်မှုအရင်း အနှီးကိုသာလက်ဝယ် ပိုင်ဆိုင်ထားပြီး အကြီးမားဆုံးသော လုပ်ငန်းကြီးကို အံ့အား သင့်လောက်အောင် ထမြောက်အောင်မြင်စေရန် စွမ်းဆောင်ချက် ကို လူသားထု၏ ထူးချွန်မှုပါရမီကို တိုင်းတာသည့်စံနှုန်း(တစ်နည်း)မှတ်ကျောက်သုံးချက်ဟု သတ်မှတ်ခဲ့ပါ […]

ISISခေါင်းဆောင်CIAအဖွဲ့ဝင်ဖြစ်ကြောင်း ချေ ချင် ညာ ခေါင်း ဆောင် ပြော . . .

ဂရိုဇနီ ၊ ၂၄-၁၀-၂၀၁၄ ရုရှား ချေချင်ညာ ဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် အဘူဘာကာ အယ်လ် – ဘက်ဒါဒီ အဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘရာဟင် ဆမာရီ သည် အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အတွက် အလုပ်လုပ်ပေး နေသည့် အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာ ဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် က ပြောကြား ခဲ့သည်။ ဘက်ဒါဒီ သည် ၄င်း၏ မျက်နှာဖုံးကို ချွတ်၍ CIA အမှုထမ်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဝန်ခံ ပြောကြား သင့်ကြောင်း ကာဒီရော့ဗ် က အောက်တိုဘာ ၂၁ […]

Government abetted publications insult Islam and Prophet in Burma

 22nd October,2014 M-Media Reported by – Zarni BURMESE AUTHORITY still giving sanctuary to Series of insults on Islam and Prophet Mohammad  by local weekly news journals  of Burma in the third week of October explodes anger of Muslim community in that South East Asian country. The local news journal named Aung Jeyatu is officially licensed […]

အမေရိကန်လေတပ်ရဲ့ မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ် ဆင်းသက်

အောက်တိုဘာ ၂၃၊ ၂၀၁၄ M-Media အမေရိကန်လေတပ်က လွှတ်တင်ထားတဲ့ X-37B မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ်လေးဟာ ကမ္ဘာပါတ်လမ်းအနိမ့်ပိုင်းမှာ ၆၇၄ရက် ပျံသန်းခဲ့ပြီးတဲ့နောက် ၁၇ရက်နေ့က ကယ်လီဖိုးနီးယား က Vandenberg လေတပ်စခန်းကို ဆင်းသက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က NASA ရဲ့ လွန်းပျံယာဉ်ကြီးများ ထားရှိစဉ်က သုံးခဲ့တဲ့ Orbiter Processing Facility ၁ နဲ့ ၂ ကို အမေရိကန်လေတပ်က X-37B အတွက် လွှဲပြောင်းရယူခဲ့ပါတယ်။ အရွယ်အစားအားဖြင့် ၂၉ပေ ရှည်တဲ့ ဒီလွန်းပျံယာဉ်ငယ်လေးကို ဘယ်လိုအသုံးချဖို့ ရည်ရွယ်တယ်ဆိုတာကို လျို့ဝှက်ထားဆဲပဲ ဖြစ်ပါတယ်။ တင်ဆက်သူ- daythanix http://www.m-mediagroup.com/news/33296

ကိုယ်တခြမ်းအကြောသေနေသူကို ပြန်လမ်းလျှောက် လာနိုင်အောင် ကုသပေးနိုင် တဲ့ ကုသမှု

ကိုယ်တခြမ်း အကြောသေနေသူ ကို ပြန်လမ်းလျှောက်လာနိုင်အောင် ကုသပေးနိုင်တဲ့ ကုသမှု တရပ်ကို ပိုလန်နဲ့ လန်ဒန်က ခွဲစိတ်ကုသရေးဆိုင်ရာ သမားတော်ကြီးတွေက အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ပါပြီ။ ၂၀၁၀ခုနှစ်က အချက်ပေါင်းများစွာ ဓါးထိုးခံရပြီးနောက် ရင်ဖတ်အောက် ကစပြီး ကိုယ်တခြမ်းလုံးသေနေတဲ့ ပိုလန်နိုင်ငံသား ဒဲရစ် ဖီဒီကာဟာ ဒီစမ်းသပ်ကုသမှုကြောင့် အခု ဆိုရင် လက်ရန်းရှိတဲ့ တန်းကိုကိုင်ပြီးတဖြည်းဖြည်းချင်း စမ်းလျှောက်နိုင်ပါပြီ။ အနံအသက်အာရုံခံစားနိုင်တဲ့olfactory ensheathing cells (OECs) အာရုံကြော ဆဲလ်တွေဟာ သူအလိုအလျှောက် မျိုးပွားနိုင်တာဖြစ်လို့ ဆဲလ်တွေကို ခန္ဓာကိုယ် အပြင်ဘက်မှာ မျိုးပွားယူပြီး ဓါးဒဏ်ရာကြောင့် ပြတ်လုနီးပါး လူနာရဲ့နောက်ကျောရိုး အဆစ်က နဗ်အကြောထဲ ဆဲလ်သွင်းပေးပြီး ကုသပေးခဲ့တာပါ။ ဒီ ဆေးသိပ္ပံ ဆိုင်ရာ တွေ့ရှိမှု ဟာ ဆိုရင် လပေါ် လူရောက် […]