
မြန်မာမွတ်စလင်မ် အတ္ထုပ္ပတ္တိ
မက္ကာမြို့ရုံးတော်တွင် ဤစာချုပ်ကို ချုပ်ဆိုရာ၌ မောင်လာနာ (သို့) အစ္စလာမ်တို့ ၏ကာဇီ (သို့) တရားပိုင် မင်း၏ရှေ့တော် တွင် ရေးသား ချုပ်ဆို ထုတ်ပြန် ထားခဲ့သော စာချုပ်ဖြစ် သည့် အကြောင်း ကို ရေးသား ထားပါသည် ။
ဟစ်ဂျရီသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ဇွလ်ကာအ်ဒါ လ ၂၀ ရက်နေ့ မက္ကာမြို့ရုံးတော် ရှရာတရားဌာ နတွင် ရေစစ္စတြီ မှတ်ပုံတင်သည့် အကြောင်း ရေး သား ထားပါသည် ။
၎င်း ဇရပ်တော် ကြီးကို ရန်ကုန်မြိုနေ မိုဟာမက်၏သား ဟာဂျီ ခလီဖွာအဟ်မက်၊ မန္တလေးမြို့နေ အပ္ပဒူရဟ်မန်း၏ သား ဟာဂျီ အပ္ပဒူလ်ကရီမ် (ခ) ဦးရွှေပေါ် နှင့် ပုသိမ်မြို့နေ အပ္ပဒူလ်ရဟီးမ်၏ သား ဟာဂျီ မိုဟာမက် ဟနီဖ်တို့ က အိမ်ရှေ့မင်းသား ၏ သားတော် ကုန်းဘောင်မင်း၊ ၄င်း ကုန်း ဘောင် မင်း၏သားတော် `မင်းတုန်းမင်း´ ၏ တရားဝင် ကိုယ်စားလှယ်တော်အဖြစ်ဆောက်လုပ် ဝကဖ်ပြု လုပ်သည့် အကြောင်းကိုရေးသား ထား ပါ သည် ။
ဟစ်ဂျရီ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီး လှူဒါန်းခဲ့ကြ သဖြင့် ယခု ဟစ်ဂျရီ သက္ကရာဇ် ၁၃၇၉ (ယခုစာကိုရေးသားချိန်ထိုစဉ်က) ခုနှစ် နှင့်တွက်ကြည့်သော် ဇရပ်ကြီး ဆောက်လုပ်ပြီးစီး လှူဒါန်းခဲ့ကြသည်မှာ နှစ်ပေါင်း ၉၉ နှစ်ကြာခဲ့ပေသည်။မင်းတုန်းမင်းတရားကြီး က ဇရပ်တော်ကြီး ဆောက်လုပ်လှူဒါန်းရန် လွှဲအပ်ခြင်းခံကြ ရသော ဟာဂျီ ၃ ဦးတို့ ၏အမည်များ မှာ ………
(၁)ရန်ကုန်မြို့နေ ဦးမိုဟာမက်၏သား ဟာဂျီခလီဖွာအဟ်မက်(ခ) ခလီဖွာသခင် ဟာဂျီဦးဖိုးမြ
(၂) မန္တလေးမြို့နေ ဦးအပ္ပဒူရဟ်မန်း ၏ သား အပ္ပဒူလ်ကရီမ် (ခ)ဟာဂျီဦးရွှေပေါ်နှင့်
(၃)ပုသိမ်မြို့နေ အပ္ပဒူလ်ရဟီးမ် ၏ သား ဟာဂျီ မိုဟာမက်ဟနီဖ်တို့ က ..
ဥပရာဇာအိမ်ရှေ့ မင်းတရားကြီး၏ သားတော် ရွှေဘိုကုန်းဘောင်မင်း တရားကြီး၊ ၎င်း ရွှေဘို ကုန်းဘောင် မင်းတရားကြီး ၏ သားတော် `မင်းတုန်းမင်း တရားကြီး´ကိုယ်စား ဆောက်လုပ် လှူ ဒါန်း ခဲ့ကြလေ၏ ။ ဇရပ်တော်ကြီးဆောက် လုပ်လှူဒါန်းခဲ့ကြသည်မှာ နှစ်ပေါင်း ၉၉နှစ် ကြာလေပြီ ။ (ထိုစဉ်က)
ထိုအခါက မက္ကာမြို့သို့ ခရီးသွားရသည်မှာ ယခုအချိန်အခါကဲ့သို့ မလွယ်ကူလှပေ ။ ကိုးလ တစ် နှစ် ကြာမြှင့်ပါသည်။ မက္ကာမြိုတော် ရောက်ပြီး ဇရပ်ကြီး ဆောက်လုပ် ပြီးစီးသည် အထိမှာလည်း ကိုးလတစ်နှစ်ကြာပါလိမ့် မည် ။ခရီးသွား ဇရပ်တော်ကြီး ဆောက်လုပ်ပြီး တစ်နှစ်ခွဲကျော်နှစ်နှစ် ခန့်  ကြာပါလိပ်မည်။မန္တလေး အရပ်သို့ မပြောင်းရွှေ့မှီ အမရပူရ မြို့တော်မှလွှတ်လိုက်သည်နှင့် တူ၏ ။ထို့ ပြင် တစ်ကြောင်းကား မန္တလေးမြို့ သတ္တဌာနနှင့်တကွ မြို့မတည်မီ က လွှတ်ခြင်း ဖြစ် ပါလိမ့်မည် ။
ထို့ ကြောင့် ခလီဖွာသခင်ဟာဂျီ ဦးဘိုးမြနှင့် ဦးရွှေပေါ်တို့ ကလွယ်လွယ် ရန်ကုန်မြို့မှဟု ရေစစ္စ တြီ စာချုပ်တွင် ချုပ်ဆိုခဲ့ကြလေ၏ ။အိမ်ရှေ့ မင်းဆိုသည်မှာ ရွှေဘိုအလောင်းမင်းတရားကြီး ဦး အောင်ဇေယျ၏`မြေးတော်´ဘိုးတော် ဦးဝိုင်း ၏ သားတော်အကြီးဆုံး ဖြစ်ပါသည်။
(ပို့စ်တင်သူ၏ မှတ်ချက် – လက်ရှိ ၂၀၁၅ ခုနှစ်မှာ ဟစ်ဂျရီသက္ကရစ် ၁၄၃၆ ခုနှစ်ဖြစ်ကြောင်း နှိုင်းယှဉ်လေ့လာနိုင် ရန် ဖော်ပြအပ်ပါသည်။)