Leave a comment

ပြင်သစ်မှာအစ္စလာမ်ကြောက်ရောဂါစွဲကပ်လာ မှု ကို ဘောလုံး အကျော် အမော် နီကိုလပ် အနဲလ်ကာ ရှုတ် ချ

မတ်လ ၃၀။

ပြင်သစ်ဘောလုံးအကျော်အမော် နီကိုလပ် အနဲလ်ကာက တိုးမြင့်လာတဲ့ အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့မှုနဲ့ အာဖရိကမြောက်ပိုင်းကလာ တဲ့ ပြင်သစ်နိုင်ငံသားတွေအပေါ် ခွဲခြားဆက်ဆံမှုကို ရှုတ်ချလိုက်ပါတယ်။

“အာဖရိကမြောက်ပိုင်းကလာတဲ့ ပြင်သစ်နိုင်ငံသားတွေက သူတို့အတွက်အလုပ်တွေ လုပ်ပေးတယ်၊ ဒါပေမယ့် ပြင်သစ်အသိုင်းအ၀ိုင်းက သူတို့ကို ပြန်ပြီး စစ်ဆေးနေတယ်၊ စိတ်မချမ်းသာစရာတွေ အများကြီးပါဗျာ”လို့ အနဲလ်ကာက မတ်လ ၂၈ ရက်နေ့မှာ အလ်အရဗီးယား သတင်း ဌာနကို ပြောပါတယ်။

“ဥပမာဗျာ – ခင်ဗျားက အလုပ်လျှောက်ဖို့အတွက် CV ဖောင်တစ်ခုကို စာတိုက်လိပ်စာနံပတ်မှားပြီး ပို့လိုက်တယ်ဆိုရင်၊ ခင်ဗျားနာမည် က လည်း   မွတ်စလင်နာမည်တွေလို အသံထွက်ဖြစ်နေတယ်ဆိုရင် သေချာတယ် ခင်ဗျား အလုပ်ရဖို့ မစဉ်းစားနဲ့”

“ပြင်သစ်မှာတော့ အလုပ်ရချင်တယ်ဆိုရင် ခင်ဗျားနာမည်တွေ၊ ဓါတ်ပုံတွေကို ဖွက်ထားရပါလိမ့်မယ်၊ ဒီလို ခွဲခြားဆက်ဆံတာတွေဟာ လက်ခံနိုင် စရာ မရှိပါဘူး ” လို့ အနဲလ်ကာက ဆိုပါတယ်။

လူပေါင်း ၁၇ ဦးသေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်းမှာ မွတ်စလင်တွေအတွက် အခြေအနေတွေ ယိုယွင်းလာပါတယ်။ နောက်ထပ် Copenhagen တိုက်ခိုက်မှုလည်း ဥရောပတစ်ခွင်မှာ မွတ်စလင်မုန်းတီးရေးတွေ မြင့်မားလာဖို့ တွန်းအားဖြစ်ခဲ့တယ်။

အစ္စလာမ်ကြောက်ရောဂါဆန့်ကျင်တိုက်ဖျက်ရေး ပြင်သစ်အမျိုးသား စောင့်ကြည့်အဖွဲ့ရဲ့အဆိုရ ၂၀၁၄ ခုနှစ်တစ်ခုလုံးမှာ မွတ်စလင် မုန်းတီး   ရေး  တိုက်ခိုက်မှုတွေအားလုံးထက် ဇန်န၀ါရီလ တိုက်ခိုက်မှုအပြီးနောက် ၁ လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မွတ်စလင်မုန်းတီးရေး တိုက်ခိုက် မှုတွေက ပိုများပြီး အမှုပေါင်း ၂၁၄ မှုအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စလာမ်ဘာသာ ကူးပြောင်း >>>>

အသက် ၁၆ နှစ်အရွယ် ၁၉၉၄ ခုနှစ်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကူးပြောင်းလာတဲ့ အနဲလ်ကာဟာ အဲဒီလို ဘာသာပြောင်းလဲ မှုက သူ့ဘ၀ကို ဘာမှ ပြောင်းလဲမသွားပါဘူးလို့ ဆိုပါတယ်။

“ကျွန်တော်က တူညီတဲ့ မူဝါဒတွေနဲ့ပဲ ရပ်တည်နေတာပါ…. မှန်ကန်ရမယ်၊ တန်ဖိုးရှိရမယ် …. ရမသွာန်လမှာတော့ ကျွန်တော် ဆွီယာမ် ဥပုသ်စောင့် ထိန်းတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ဘေးမှာ ဥပုသ်စောင့်တဲ့သူတွေကို အားကျလို့ပါ” လို့ သူက ဆိုပါတယ်။

“ဘုရားသခင်နဲ့ ဆက်သွယ်ရတဲ့အခါ ကျွန်တော့်ဘ၀တွေ လင်းဝင်းလာပါတယ်၊ ဒါဟာ ငါ့ဘာသာသာသနာဖြစ်တယ်လို့ ကျွန်တော့်နှလုံးသား ထဲမှာ ခိုင်ခိုင်မာမာ ယူဆထားပါတယ်”လို့ အဗ္ဗဒုလ်စလာမ်ဘီလာလ် ခေါ် အနဲလ်ကာက ဆိုပါတယ်။

Source :Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

————————————————————————–
Myanmar Muslim Media ရဲ့ သတင်းတွေကို အပလီကေးရှင်းဒေါင်းလုပ်လုပ်ရန်လင့်

http://www.mediafire.com/…/d9z9yp4…/Myanmar+Muslim+Media.apk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: