Leave a comment

ကိုလံဘီယာမှာ မြေပြိုမှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံး

ကိုလံဘီယာနိုင်ငံမှာ မြေပြိုကျမှု တခုကြောင့် အနည်းဆုံး လူပေါင်း ၅၆ ယောက် သေဆုံးခဲ့ပါတယ်။ ကိုလံဘီယာအနောက်ပိုင်း Salgar မြို့မှာ မိုးကြီးပြီးတော့ ရွှံ့ရေတွေ ကျောက်ခဲတွေနဲ့ သစ်ပင်တွေ မျောပါလာတဲ့အတွက် ဆင်းရဲသား ရပ်ကွက်တခုမှာ အိမ်တွေပြိုကျ ပျက်စီးခဲ့တာလို့ သိရပါတယ်။

ဒီမြေပြိုကျမှုကြောင့် လူပေါင်း ၃၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီနေရာကို လာရောက်ကြည့်ရှုတဲ့ ကိုလံဘီယာ သမ္မတ Juan Manuel Santos က အဲဒီ နေရာကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အိမ်တွေကို အသစ်ပြန်ဆောက်ပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Leave a comment