Leave a comment

Channel News Asia နှင့် အင်တာဗျူး ( 10.11.2015 )

ဖြေ ။ ။ သမ္မတ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ဆုံးဖြတ်ချက်တွေ အားလုံးကို ကျမကဘဲ ချမှာပါ……..ဘာလို့လည်းဆိုတော့ ကျမက ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်မို့လို့ပါဘဲ ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်သာ ကျမတို့က ရွေးချယ်တဲ့သူတစ်ဦး ဖြစ်ပါတယ် ။

မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။

ဖြေ ။ ။ မရှိပါဘူး ….သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊

မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။

ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရတာဘဲပေါ့ ။

မေး ။ ။ ဒေါ်စုရဲ့ ဆန္ဒအရ သမ္မတအနေနဲ့ အာဏာတစ်ခုမှ မပိုင်ဘူး ဆိုတဲ့အချက်က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်မယ် ထင်ပါသလဲ ။

ဖြေ ။ ။ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို ဘာကြောင့်များ ထိခိုက်ရမှာပါလဲ ။ အစိုးရအဖွဲ့ ရှိမယ် ၊ အဲဒီအစိုးရအဖွဲ့ကို ပုံမှန်အတိုင်း စီမံ ခန့်ခွဲ ကြမှာပါ ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း တိတိကျကျ ပြောပြပေးကြမှာပါဘဲ ။

မေး ။ ။ အမိန့်အာဏာခိုင်ခိုင်မာမာနဲ့လုပ်ပုံကိုရော ၊ နောက်ပြီး ပါတီ နဲ့ ပါတီဝင်တွေအပေါ် ဒေါ်စုရဲ့ လက်ရှိ စီမံခန့်ခွဲပုံတွေကို ကြည့်ပြီးတော့ရော တချို့က စိုးရိမ်နေကြပါတယ်……ဒေါ်စုအနေနဲ့ အစိုးရအဖွဲ့ကို သိပ်တင်းတင်းကျပ်ကျပ်ကြီး နဲ့ အာဏာရှင်ဆန်ဆန် ကိုင်တွယ်သွားမလား လို့ပါ ။ အဲဒါကို ဘယ်လို ဖြေကြားချင်ပါသလဲ ။

ဖြေ ။ ။ ကျမတို့အနေနဲ့ အာဏာရှင်အစိုးရ ဖြစ်မလာနိုင်တဲ့ အင်မတန် ရိုးစင်းတဲ့အကြောင်းတစ်ချက်ရှိပါတယ် …..ဘာလို့လည်း ဆိုတော့ ကျမတို့ရဲ့အင်အားဆိုတာ ပြည်သူလူထုမို့လို့ပါဘဲ ။ ကျမတို့တွေ ဒီနေ့ ဒီကာလထိ ရှင်သန်ရပ်တည်လာနိုင်တာ ပြည်သူ့ထောက်ခံမှုကြောင့်ပါ ။ ပြည်သူ့ထောက်ခံမှုကို အားကိုးရတဲ့အစိုးရတစ်ရပ်ဟာ ဘယ်သောအခါမှ အာဏာရှင်ဖြစ်မလာပါဘူး ။

မေး ။ ။ အစိုးရ ဖွဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောရရင် ဒေါ်စုအနေနဲ့ စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အပေါ် တစ်ချို့က စိုးရိမ်မကင်းဖြစ်နေကြတယ်နော်…..စစ်တပ်ကလည်း လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဆက်ယူထားတုန်းဘဲလေ ။ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သို့မဟုတ် တွဲလုပ်ဖို့ ဘယ်လို စဉ်းစားထားပါသလဲ ။

ဖြေ ။ ။ စစ်တပ်ဘဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းတစ်ခုခုနဲ့ဘဲဖြစ်ဖြစ်ပါ…..ပူးပေါင်းလုပ်ဆောင်တယ် သို့မဟုတ် တွဲလုပ်ကြတယ် ဆိုတာ ရည်မှန်းချက်ကို ရောက်ဖို့ အလုပ်လုပ်ကြတာကို ပြောတာပါ ……ချက်ချင်းလက်ငင်း ဖြစ်လာတတ်တာမျိုး မဟုတ်ပါဘူး ။ အလုပ်လုပ်ခြင်းအားဖြင့် တဖြည်းဖြည်းလေ့လာတည်ဆောက်ရတာပါ ။ သဘောတရားသီအိုရီတွေနဲ့ချည်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ အခြေအနေတွေက ဘယ်လို ဖြစ်ပျက်ပြောင်းလဲနေတယ် ဆိုတာအပေါ်မှာ မူတည်ပါတယ် ။ တင်းတင်းမာမာ အမိန့်တွေ ၊ မြန်မြန်ဆန်ဆန်စည်းကမ်းတွေ ချပြီး လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ NLD က တရားဝင်ပြောထားတာရှိပါတယ်…… လွှတ်တော်ထဲက ၂၅ % ဟာ အချိန်တန်ရင် လွှတ်တော်ထဲက ထွက်သွားရမယ် ဆိုတာကိုပါ ….ဘာလို့လည်းဆိုတော့ ဒီလိုဝင်ထိုင်နေတာဟာ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ကိုက်ညီမှု မရှိလို့ပါဘဲ ၊ ဒါပေမယ့် အားလုံး ရင်ကြားစေ့ပြေလည်ဖို့ ရှေ့ရှုပြီး ဒီလမ်းကြောင်း ( ၂၅ % ဘယ်လိုထွက်သွားမလဲ ဆိုတဲ့လမ်းကြောင်း ) ကို ချဉ်းကပ်ဖို့ကိုတော့ ကျမတို့အားလုံး ညှိနှိုင်းဆောင်ရွက်ကြမယ် လို့ တရားဝင် ပြောထားပြီး ဖြစ်ပါတယ် ။

မေး ။ ။ ဒေါ်စုက ဘယ်တော့ ဒီညှိနိုင်ဆွေးနွေးတာကို စမှာလဲ ။ သူတို့ဘက်ကရော ဆွေးနွေးဖို့ကို ဖွင့်ထားပေးသလား ။

ဖြေ ။ ။ ကျမတို့ အစိုးရဖွဲ့ပြီဆိုတာနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သူတို့ ဖွင့်ကို ဖွင့်ပေးရပါလိမ့်မယ် ။
.
Credit : Spring Flowers

Credit : Channel News Asia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: