Leave a comment

ရွေးကောက်ပွဲအပြီးကော်မရှင်မှာဒဏ်ရာတွေနဲ့ ကျန်ခဲ့ကြောင်း ဦးတင်အေး ပြော

2015-11-11
tinaye-press-nov-11-620.jpg

နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးက သတင်းမီဒီယာစင်တာမှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဥက္ကဌဦးတင်အေး ရှင်းလင်းပြောကြားနေစဉ်

Photo: Myo Thant Khaing/ RFA

ရွေးကောက်ပွဲအပြီး ဒိုင်လူကြီးက နိုင်တဲ့သူကိုနိုင်တဲ့ အထိမ်းအမှတ်အဖြစ် လက်မြှောက်ပေးရမှာဖြစ်ပေမယ့် ဒိုင်မှာတော့ ဒဏ်ရာဒဏ် ချက်တွေ နဲ့ ကျန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးက ပြောပါတယ်။

နိုင်ငံရေးပါတီတွေက မဲစာရင်းတွေ မှန်ကန်မှုရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပြင် ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက် လို့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးက သတင်းမီဒီယာစင်တာမှာ ဥက္ကဌဦးတင်အေးက ဒီကနေ့ ပြောကြားခဲ့တာပါ။

“ကျနော်ကတော့ မနေ့ကပဲ ကာတွန်းတစ်ပုဒ်ကိုခေါင်းထဲမှာဆွဲလိုက်ပါတယ်၊ ရွေးကောက်ပွဲကြီးကတော့ ပြီးသွားပါပြီ၊ ပြီးသွား တဲ့ အခါကျတော့ နိုင်တဲ့သူကို ဒိုင်လူကြီးက လက်မြှောက်ပေးရမှာ၊ သို့သော်လည်း လက်မြှောက်ပေးနေတဲ့ အနိုင်ကိုပြနေတဲ့ ဒိုင်လူကြီးကတော့ ဒဏ်ယာဒဏ်ချက်တွေအများကြီးနဲ့ ဖူးနေယောင်နေ၊ ပလာစတာတွေအများကြီး ကပ်ထားတဲ့ ကာတွန်း တစ်ခု ကျနော်ခေါင်းထဲကနေထွက်လာပါတယ်၊ ကျနော်ဖက်ကတော့ အစွမ်းကုန်ကြိုးစား ပြီးပါပြီ၊ တချို့ကလည်း ဥပဒေမသိပဲနဲ့ စိတ်ထင်ရာတွေပြောနေ ပါလားဆိုပြီးတော့ သူတို့အစားကျနော်သနားတောင် သနားမိပါတယ်”

ဒါ့အပြင် ပြည်သူတွေဟာ မဲစာရင်းတွေကပ်ထားချိန်မှာ မိမိတို့အမည်ပါမပါကို စစ်ဆေးဖို့ အားနည်းခဲ့ကြောင်းလည်း ပြော ပါတယ်။   နေပြည်တော် မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ သိန်းရှိရာမှာ ၂ သိန်းလောက်သာ မိမိတို့ အမည်စာရင်းပါ၊ မပါ မှားယွင်းမှု ရှိ၊ မရှိကို စစ်ဆေးခဲ့တာတွေ့ရကြောင်း ပြောပါတယ်။

ကော်မရှင်အနေနဲ့ ရသုံးငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်သွားမှာဖြစ်သလို တစ်ချိန်တည်းမှာလည်း ဘယ်နိုင်ငံခြား တိုင်းပြည်ကမှ ငွေကြေး တစ်ပြားတစ်ချပ်မှ လက်ခံယူတာ မရှိကြောင်း နိုင်ငံခြားအဖွဲ့အစည်းတွေက လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ပေးခဲ့တာသာ ရှိကြောင်း လည်း ပြောပါတယ်။

ဒါ့အပြင် ကြိုတင်မဲနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် မနက်ဖြန်လားရှိုးမှာ သတင်း စာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းလင်းသွားမယ်လို့လည်း ပြောပါတယ်။

http://www.rfa.org/burmese/news/utinaye-press-conference-11112015120341.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: