Leave a comment

ပင်သစ်ရှိဗလီများတွင်အကြမ်းဖက် တိုက်ဖျက်ရေး ဒေသနာများ ယနေ့ ဟောကြား မည်

image

နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media

– နိုင်ငံအတွင်းရှိ ၂၅၀၀ သော ဗလီဝတ်ကျောင်း တော် များအနေဖြင့် ယနေ့တွင်ပြုလုပ်မည့် သောကြာဝတ်ပြုမှု၏ တရားဒေသနာတော်တွင် အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချသည့်အကြောင်း ထည့်သွင်းဟောကြားရန် ပြင်သစ် မွတ်စလင်ကောင်စီ CFCM က တိုက်တွန်းပြောကြား လိုက်သည်။

“ပြင်သစ်မွတ်စလင်တွေဟာ ပြင်သစ်ပြည်သူတွေရဲ့ ခံယူ ချက်နဲ့ ပြင်သစ်ကို ဖွဲ့စည်းတည်ထောင်ထားတဲ့ တန်ဖိုး တွေ အပေါ်မှာ ပျက်ဆီးစေလိုတဲ့ စိတ်စေတနာမျိုး မရှိဘူး လို့ အခိုင်အမာ ဆိုချင်ပါတယ်” ဟု CFCM အဖွဲ့ မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြင်သစ်သတင်းစာ Le Figaro က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံရှိ အကြီးဆုံးဗလီဝတ်ကျောင်းတော်ကြီးဖြစ် သော Great Mosque ကလည်း ရှေ့ဆောင်အီမာမ် များအနေဖြင့် ယနေ့ ၀တ်ပြုဆုတောင်းမှုတွင် နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု များ၌ ထိခိုက်ခဲ့သူများအတွက် ဆုတောင်းပတ္ထနာ ပြုပေး ကြ ရန် တိုက်တွန်းခဲ့သည်။

“ပြင်သစ်က ကျွန်တော်တို့ မွတ်စလင်တွေအားလုံးဟာ ကျွန်တော်တို့ကို ထိခိုက်နာကျင်စေတဲ့ ဘာသာလူမျိုး မခွဲခြားတဲ့ ဒီကံဆိုးမိုးမှောင်ကျမှုကို ဆန့်ကျင်ပြီး အမျိုးသား ညီညွတ်ရေးအပေါ်မှာ အခိုင်အမာ ရပ်တည် ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုအတွက် ကျွန်တော်တို့ အားလုံးက သားကောင်တွေပါပဲ” ဟု ဗလီဝတ်ကျောင်း တော်မှ ရှေ့ဆောင်အီမာမ် ဒါလီလ် ဘူဘေကာရ်က ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ များက ၎င်းတို့ကိုယ်ကို မွတ်စလင်များဟု ဆိုသော်လည်း ၎င်းတို့အား ရက်စက်ကြမ်းကြုတ်သူများအဖြစ် သမုတ် ခြင်း သာ မှန်ကန်သည်ဟု ၎င်းက ထည့်သွင်းပြောကြား ခဲ့သည်။

Great Mosque ဗလီဝတ်ကျောင်းတော်မှာ စောစော ပိုင်းကလည်း မွတ်စလင်များအနေဖြင့် ဗလီဝတ်ကျောင်း တော်များတွင် စုစည်းကာ “အကြမ်းဖက်မှု အလိုမရှိ” “ငါတို့အားလုံးဟာ ပဲရစ်များဖြစ်ကြသည်” ဟု ကျွေးကြော် ဆန္ဒထုတ်ဖော်ရန် တိုက်တွန်းခဲ့သော်လည်း ယနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ လှုပ်ရှားမှုကို နိုင်ငံ တစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေငြာထားခြင်းကြောင့် ဖျက်သိမ်းခဲ့သည်။

Ref: Aljazeera

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: