Leave a comment

မြန်မာနိုင်ငံတွင်သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်း ဒုတိယ အများဆုံးဖြစ်

ဖြူသစ်လွင်

ရန်ကုန်၊ မြန်မာနိုင်ငံ၌ သားအိမ်ခေါင်း ကင်ဆာရောဂါသည် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းပြီးပါက ဒုတိယ အဖြစ်အ များဆုံးရောဂါဖြစ်နေကြောင်း မြန်မာ နိုင်ငံဆရာဝန်အသင်းဥက္ကြ၊ သားဖွား မီးယပ်ရောဂါ ပညာအဖွဲ့မှ ပါမောက္ခ ဒေါက်တာမြသီတာက ပြောသည်။

ဒေါက်တာမြသီတာက ”ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က နောက်ဆုံးခန့်မှန်း ထားတဲ့ ၂ဝ၁၂ခုနှစ်စာရင်း အရ မြန် မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်သေပျောက်နှုန်းက တစ်နှစ်မှာ ၂ဝဝဝ လောက် ရှိတယ်။ သားအိမ် ခေါင်းကင်ဆာကြောင့် သေဆုံးမှုက ၂ဝဝဝ ကျော်၊ ၃ဝဝဝလို့ ခန့်မှန်းတော့   မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင် ဆာက မိခင်သေပျောက်နှုန်းထက်ပို များတယ်”ဟုပြောသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာ ရောဂါမှာ HPV (Human Papill oma Virus) ပိုးကြောင့် အဓိကဖြစ် ပွားပြီး ယင်းပိုးမှာ လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများတွင်အဖြစ် အများ ဆုံးရောဂါတစ်ခုဖြစ်သည်။

HPV ပိုးအမျိုးပေါင်း ၄ဝကျော် ခန့်ရှိသည့်အနက် ပိုးမျိုးကွဲ ၁၆နှင့် ၁၈ မှာ သားအိမ်ခေါင်းကင်ဆာရော ဂါကို ၇ဝရာခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန် ပိုးမျိုးကွဲများမှာ ၃ဝ ရာခိုင်နှုန်း သား အိမ်ခေါင်း ကင်ဆာဖြစ်   စေနိုင် သည်။

HPV ပိုးမျိုးကွဲအချို့မှာ သား အိမ်ခေါင်းထဲဝင်ရောက်ပြီးနောက် ၅၄ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ခုခံအား ဖြင့် ရောဂါပိုးကိုတိုက်နိုင်ကြောင်းနှင့် ပိုးအမျိုးကွဲ ၁၆နှင့် ၁၈ မှာမူ အခြား ပိုးများထက် သားအိမ်ခေါင်းအတွင်း ၌ဆက်လက်တည်ရှိနိုင်ကာ သားအိမ် ခေါင်းကင်ဆာ   ရောဂါအဆင့်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် သားအိမ်ခေါင်းကင် ဆာရောဂါသည် ယေဘုယျအားဖြင့် အသက်ကြီးသောအမျိုးသမီးများ တွင် သာဖြစ်ပွားလေ့ရှိသော်လည်း အသက် ၄ဝ ဝန်းကျင်အမျိုးသမီးများတွင်လည်း ဖြစ်တတ်သည်။ သားအိမ်ခေါင်းကင် ဆာဖြစ်စေသည့်ဗိုင်းရပ်စ်ပိုးသည် အိမ် ထောင်ပြုသည့်အချိန်မှစ၍ သားအိမ်   ခေါင်းကင်ဆာဖြစ်နိုင်ခြေရှိသည့် အ ဆင့်(၁)၊ အဆင့် (၂)၊ အဆင့်(၃)မှ တစ် ဆင့်ပြီးတစ်ဆင့်တက်၍ ၁ဝနှစ်ကျော်၊ အနှစ် ၂ဝ ကြာလာပါက သားအိမ် ခေါင်းကင်ဆာအဆင့်သို့ ပြောင်းလဲ လာတတ်ခြင်းဖြစ်    ကြောင်း သိရသည်။

သို့သော် သားအိမ်ခေါင်းကင် ဆာရောဂါသည် ဆေးလိပ်သောက် သူများနှင့် HIV ရောဂါဖြစ်နေသူများ တွင်   အဆင့်(၁)(၂)(၃)မှ ကင်ဆာအ ဆင့်သို့ ချက်ချင်းပြောင်းလဲတတ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရော ဂါကို အိမ်ထောင်ရှိသည့်အမျိုးသမီး များသာစစ်ဆေး၍ရနိုင်ပြီး သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ရန် အမျိုးသမီးများအနေဖြင့် သားအိမ် ခေါင်းချွဲပုံမှန် စစ်ဆေးခြင်းနှင့် အိမ် ထောင်မကျမီ အပျိုဖော်ဝင်အမျိုးသမီး များအတွက် ကာကွယ်ဆေးထိုးထား   ခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။

သားအိမ်ခေါင်းကင်ဆာရော ဂါကာကွယ်ဆေးကို အသက်ကိုးနှစ် မှ ၁၃ နှစ်အရွယ်အမျိုးသမီးငယ်များ အား ထိုးနှံပေးသင့်ပြီး ထိုအရွယ်တွင် မထိုးနှံဖြစ်ခဲ့ပါက အိမ်ထောင်မကျ သေးမီ အသက် ၁၆နှစ် အရွယ် အထိ ထိုးနိုင်ကြောင်း ယင်းကဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်သားအိမ် ခေါင်းကင်ဆာရောဂါဖြစ်ပွားသူအမျိုး သမီးဦးရေ ၆၄ဝဝ ကျော်ရှိပြီး ၃ဝဝဝ ကျော်မှာ သေဆုံးနေကြောင်းWHO မှ ထုတ်ပြန်ချက်များအရသိရသည်။

http://goo.gl/f0h50O

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: