နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media
– နိုင်ငံတကာ၌ ရေနံသိုလှောင်ပြီး ရေနံထွက်ပစ္စည်း များကို ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Puma Energy International မှာ မြန်မာနိုင်ငံတွင် ကန် ဒေါ် သန်း ၁၀၀ ကုန်ကျမည့် ရေနံသိုလှောင်ကန်ကို သီလ၀ါဆိပ်ကမ်း၌ ဆောက်လုပ်နေသည်ဟု သိရသည်။
အဆိုပါ သိုလှောင်ကန်မှာ ရေနံပမာဏပေါင်း ၉၇၀၀၀ ကျုဗစ်မီတာကို သိုလှောင်နိုင်မည်ဖြစ်သည်။ စင်ကာပူ တွင် အခြေစိုက်ပြီး ဂျီနီဗာတွင် အဓိကထား လုပ်ကိုင်နေ သည့် Puma ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ပိုင်ခွင့်ရသည့် ရေနံကုမ္ပဏီတစ်ခု ဖြစ်သည်ဟု ကုမ္ပဏီဘဏ္ဍာရးအကြီးအကဲ ဒီနစ် ဂါရိန်းက ပြော ကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှာ ရေနံထွက်ပစ္စည်းများအတွက် အလွန်အလာကောင်းသော ဈေးကွက်ရှိနေပြီး မိမိတို့မှာ စက်သုံးဆီ၊ ရေယာဉ်သုံးဆီနှင့် လက်ကားဈေးကွက် များကို အဓိက ပစ်မှတ်ထား ရောင်းချသွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်ပိုင် ရေနံထွက်ပစ္စည်းကုမ္ပဏီနှင့် ပူးပေါင်းကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာအစိုးရမှ တင်ဒါခေါ်ယူ မှုတွင် Puma အပါအ၀င် နိုင်ငံခြား ကုမ္ပဏီပေါင်း ၁၁ ခုက လျှောက်ထားခဲ့ကြသည်။
Ref: Bloomberg