Leave a comment

ဘင်္ဂလာဒေ့ရှ်ကို တိုက်ခိုက်မှု ပိုပြုလုပ်မည်ဟု အစ္စလာမ် မစ် အစွန်းရောက်အဖွဲ့ IS က ခြိမ်း ခြောက်

image

 ရန်ကုန်၊ နိုဝင်ဘာ ၂၁

 ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တိုက်ခိုက်မှု ပိုမိုပြုလုပ်မည်ဟု အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS က ထပ်မံ ခြိမ်း ခြောက်လိုက်သည်။

IS အဖွဲ့က နောက်ဆုံး ထုတ်ဝေသော Dabiq မဂ္ဂဇင်း တွင် “The Revival of Jihad in Bengal” ဘင်ဂဲလ် မှ ပြန်လည် သက်ဝင် နိုးထလာမည့် ဂျီဟတ် ခေါင်းစဉ် ဖြင့် ဆောင်းပါး တစ်ပုဒ် ပါရှိလာပြီး ယင်း ဆောင်းပါးတွင် ဘင်္ဂလာဒေ့ရှ်ကို တိုက်ခိုက်ရန် ခြိမ်း ခြောက်ထားသည်ဟု ဆိုသည်။

ဘင်ဂဲလ် အဓိပ္ပါယ်မှာ ဘင်္ဂလာဒေ့ရှ်ကို ရည်ညွှန်းပြော ဆိုခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Khilafah စစ်သားများသည် သူတို့၏ လူပ်ရှားမှုကို ဘင်္ဂလာထိ ဆက်လက် တိုးမြင့်လိုက်ကြောင်း ရေးသား ထားသည်ဟု ဆိုသည်။

၎င်းဆောင်းပါးတွင် ဒက္ကားမြို့တွင် သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသော အီတလီ ကူညီပေးရေး ၀န်ထမ်း Cesare Tavella နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်း ရန်ပူရ်မြို့ တွင် ဂျပန်နိုင်သား Kunio Hoshi တို့အား လုပ်ကြံ သတ်ဖြတ်မှုမှာ သူတို့လက်ချက်ဖြစ်ကြောင်း ယင်း ဆောင်းပါးတွင် ရေးသားထားသည်။

သို့သော်လည်း ဘင်္ဂလာဒေ့ရှ် အစိုးရကမူ သူတို့ နိုင်ငံ တွင် IS မရှိကြောင်း ပြောဆိုသည်။

IS တို့၏ Dabiq မဂ္ဂဇင်းတွင် ပဲရစ်တိုက်ခိုက်မှု ကျူး လွန် သူများနှင့် ရုရှား လေယာဉ် ဗုံးဖေါက်ခွဲသူများကို လည်း ချီးကျူးထားကြောင်း ယင်းသတင်းတွင် ဖော်ပြ သည်။

Arakan State
https://www.facebook.com/NarinjaraNews

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: