Leave a comment

အမေရိကန်လေဆိပ်တွင် မွတ်စ်လင်မ်များအတွက် ၀တ်ပြုဆောင်ကြီး ဖွင့်လှစ်ပေးမည်

image

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအတွင်း မွတ်စ်လင်မ်များအတွက် ၀တ်ပြု ဆောင် တစ်ခုအား ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

OIA လို့ခေါ်တဲ့ အဆိုပါ အော်လန်ဒို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကမ္ဘာကျော် စော်ဘွားလေကြောင်းလိုင်း မှ လေယာဉ်ကြီးများ ဆင်းသက်တော့မည်ဟု ထုတ်ပြန် ကြေငြာ ချက်များ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ယခုလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်များက ဆိုပါတယ်။

အမေရိကန်ဒေါ်လာ (၂) သိန်းခွဲကျော် အကုန်အကျခံကာ တည်ဆောက်မယ့် ၀တ်ပြုဆောင်ကြီးအတွင်း ယင်းလေ ဆိပ်ကြီးသို့ လေးကြောင်းအများအပြားမှ လိုက်ပါလာကြ တဲ့ ထောင်ပေါင်းများစွာသော ခရီးသွား မွတ်စ်လင်မ် များအတွက် အကျိုးပြုစေမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အဆိုပါလေဆိပ်ကြီးအတွင်း ရောက် ရှိလာကြတဲ့ ခရီးသွားမွတ်စ်လင်မ်တွေဟာ ၀တ်ပြု ချိန်ကျရောက်လာတဲ့အခါ အဆင်ပြေသလို ၀တ်ပြု နေကြရတာကြောင့် လေဆိပ်အတွက် ၀န်ဆောင် မှုပိုင်းဆိုင်ရာမှာ မျက်နှာပူစရာဖြစ် နေခဲ့ရတာပါ။

မွတ်စ်လင်မ်များအနေဖြင့် အရွယ်ရောက်သူတိုင်းဟာ နေ့စဉ် (၅) ကြိမ် ၀တ်ပြုမှုကို မဖြစ်မနေ ဆောင်ရွက်ရ တာကြောင့် လေဆိပ်များတွင် Prayer Room လို့ခေါ်တဲ့ ၀တ်ပြုဆောင်များထားရှိပေးခြင်းဟာ မွတ်စ်လင်မ်ခရီးသွားများအတွက် အဓိက စွဲဆောင်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကိုးကား » clickorlando.com
© အလင်းမျက်ဝန်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: