Leave a comment

ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပြီး အေးချမ်းစွာ အသွင်ကူးပြောင်းရေး ဆောင်ရွက် မည်ဟု သမ္မတ ဦးသိန်းစိန် အာဆီယံ ထိပ်သီးအစည်း အဝေးတွင် ကတိပြု

By နန္ဒ  ရန်ကုန်

သမ္မတဦးသိန်းစိန်နှင့် အင်ဒိုသမ္မတ ဂျိုကိုဝီတို့ကို တွေ့ရစဉ် (AFP)

 ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အေးချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး ဆက် လက်ဆောင် ရွက် မည်ဟု သမ္မတ ဦးသိန်းစိန်က မလေးရှားနိုင်ငံကွာ လာလမ်ပူကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော (၂၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ၌ ပြောကြားသည့် မိန့်ခွန်းတွင် ကတိပြုပြောကြား ခဲ့ကြောင်း နိုင် ငံပိုင်မီဒီယာများက ထုတ်ပြန် သည်။

ရွေးကောက်ပွဲကို တရားမျှ တပြီး ပွင့်လင်းမြင်သာစွာ ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များ ကိုလည်း ထုတ်ပြန်ပြီး ဖြစ် ပါကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအ မှတ်ပြုပြီး   အေးအေး  ချမ်းချမ်းဖြင့် အသွင်ကူးပြောင်းနိုင်ရေးဆက် လက်ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း သမ္မတက ပြောကြားခဲ့ သည်။

ရွေးကောက်ပွဲမှထွက်ပေါ် လာသော လူထုဆန္ဒကို အကောင် အထည်ဖော်နိုင်ရေးအတွက် သမ္မ တ၊ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့် လာမည့်ရက်သတ္တ ပတ်အတွင်း တွေ့ဆုံဆွေးနွေးလို ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ ၁၀ ရက်တွင် စာရေးသားပေးပို့တောင်းဆိုမှု အပေါ် နိုင်ငံတော်သမ္မတ က   ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်၏ရွေးကောက်ပွဲလုပ်ငန်းစဉ် များပြီးဆုံးချိန်၌   နှစ်ဦးနှစ်ဖက် ညှိ နှိုင်းဆောင် ရွက်မည်   ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ်အေးချမ်းမှုရရှိ   စေရေးပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အကြောင်းပြန်ထား သည်။

သမ္မတက အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ပြည်တွင်းကိစ္စများနှင့်ပတ်သက် ၍ အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့အကြား ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူစာ ချုပ်သည် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး၏ အခြေခံအုတ် မြစ် တစ်ခုဖြစ်ပါကြောင်း မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ၏ရေကြီးရေလျှံ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများပေးခဲ့ကြသည့် အာဆီယံ မိတ်ဆွေများအားလုံးကို အ ထူးပင်ကျေးဇူးတင်ရှိပါကြောင်း လည်း ထည့်သွင်းပြောကြားခဲ့ သည်။

၂၀၁၅ အလွန် အာဆီယံအ သိုက်အဝန်းမျှော်မှန်းချက်နှင့်ပတ် သက်၍ ရည်မှန်းချက်များ ပြည့်   မြောက်အောင်မြင်ရန် မြန်မာနိုင်ငံသည် အားလုံးနှင့်ပူးပေါင်းဆောင် ရွက်မည်ဆိုသည်ကို ကတိပြုပြော ကြားလိုပါကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ဘန်ကောက်မြို့၊ ပဲရစ်မြို့နှင့် မာလီနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်း ဖက် တိုက်ခိုက်မှုများ ကို ပြင်းထန် စွာ ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် အပြစ်မဲ့ပြည်သူလူ ထုများသေကျေခဲ့ သည့်အတွက် ဝမ်းနည်းကြေကွဲပါကြောင်းကို လည်း ထည့် သွင်းပြောကြားခဲ့ သည်။  အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်ထိပ်သီးအ စည်းအဝေးဖြစ်သော (၃)ကြိမ် မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ခန်းမအတွင်း၌ အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် မတ်တတ်ရပ်အနေအထားနှင့် ပင်   ရွေးကောက်ပွဲအကြောင်း ဆွေး နွေးခဲ့ကြကြောင်း သမ္မတပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။

အစည်းအဝေး ကာလအ တွင်း သမ္မတဦးသိန်းစိန်သည် အ မေရိကန်သမ္မတ အိုဘားမားနှင့် သီးသန့်တွေ့ဆုံမည်ဖြစ်ကြောင်း နှစ်ဖက် သတင်းထုတ်ပြန်ထား သည်။

http://www.7daydaily.com/story/51533

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: