Leave a comment

ကာတာလေကြောင်းလိုင်းက မြန်မာလေယာဉ်မယ်များ ထပ်မံခေါ်ယူမည်

image

ကာတာလေကြောင်းလိုင်းမှ လေယာဉ် မယ်များ (smartweek.it)

By မိုးမင်း
ရန်ကုန်
Monday, November 16, 2015

 နိုင်ငံတကာလေကြောင်း လိုင်းဖြစ်သည့် ကာတာလေ ကြောင်းလိုင်းက မြန်မာလေယာဉ် မယ်များ ထပ်မံခေါ်ယူ ရန်ရှိ ကြောင်း သတင်းရရှိသည်။

 ကာတာလေကြောင်းလိုင်း အနေဖြင့် စက်တင်ဘာ အတွင်း မြန်မာလေယာဉ်မယ်အချို့ကို ခေါ်ယူခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံခေါ်ယူရန်စီစဉ်နေသည်ဟု အဆိုပါလေကြောင်းလိုင်းကုမ္ပဏီ နှင့် ချိတ်ဆက်ကာ လုပ်သားတင် ပို့ခွင့်ရရှိထားသည့် ဟိန်းသစ္စာ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဦးကပြောသည်။

‘‘ခေါ်မှာတော့ အယောက် ၂၀ပါ။ ဒီလကုန်လောက်မှာ အဲဒီ လေကြောင်းကုမ္ပဏီက အင်တာ ဗျူးဖို့အတွက် ရောက် လာမှာပါ’’ ဟု ၎င်းကပြောသည်။

ပြည်ပအခြေစိုက်နိုင်ငံတကာ လေကြောင်းလိုင်းများ အနေဖြင့် ယခင်ကပြည်တွင်းပြည်ပအလုပ် အကိုင် ရှာဖွေရေးအေဂျင်စီများနှင့်ချိတ်ဆက်၍ လေယာဉ်မယ် တရားဝင်ခေါ်ဆိုမှုမရှိခဲ့ဘဲ ကာတာလေကြောင်းလိုင်းမှ ယင်းဈေးကွက် စတင်ဝင်ရောက်လာခဲ့ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 ပြည်ပလေကြောင်းလိုင်း များအနေဖြင့် ယခင်က လေယာဉ် မယ်လုပ်သားခေါ်ယူမှုကို ၎င်းတို့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှတစ်ဆင့်ခေါ်ယူမှုရှိခဲ့သည်ဟုသိရသည်။

 အရှေ့အလယ်ပိုင်းဒေသ တွင် လုံခြုံရေးနှင့်လုပ်ငန်းခွင် အာမခံချက်  ရရှိနိုင်မှုအားနည်း ချက်ကြောင့်  မြန်မာ အစိုးရက မြန်မာလုပ်သားပို့ဆောင်မှုကို ၂ နှစ်ကျော်ကြာ  ရပ်နားထားခဲ့ပြီး သြဂုတ်လကုန်တွင်  တရားဝင်ပို့ ဆောင်ခွင့်  ပြန်လည်ခွင့်ပြုပေးခဲ့ပြီးနောက်  အဆိုပါ လေကြောင်းလိုင်းမှ လုပ်သားခေါ်ယူရန်ကမ်းလှမ်း မှုများရှိလာခဲ့ခြင်းဖြစ်သည်။

လျှောက်ထားသူများသည်ရုပ်ရည်  ချောမောပြေပြစ်၍ အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုရှိရန်လိုပြီး လုပ်ငန်းအတွေ့အကြုံရှိရန် လိုအပ်ကြောင်း သိရသည်။

  ယင်းလေကြောင်းလိုင်းအနေဖြင့် လေကြောင်းနှင့် သက်ဆိုင်သောလက်ထောက်အရောင်းစာရေး၊ စားဖိုဆောင်ဝန်ထမ်း၊ ဝိတ်တာ စသည့်လုပ်ငန်း အမျိုးအစားများအတွက်လည်း လုပ်သားခေါ်ယူ မှုပြုလုပ်လေ့ရှိကြောင်း   သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: