Leave a comment

သပိတ်ကျင်းမြို့နယ်မှ ရွှေတူးဖော်တွေ့ရှိ နေသည့်နေရာ တွင် တရားမ၀င်တူးဖော်ခြင်း ဆက်မပြုရန် သတိပေး

image

 သပိတ်ကျင်း နိုဝင်ဘာ ၂၃

 မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအနီး၌ ဆက်သွယ်ရေးလိုင်းအတွက် မြေတူးရာမှ ရွှေများတွေ့သည့်နေရာတွင် ဒေသခံများ လာရောက်တူးဖော်လျက်ရှိရာ မြို့နယ်တာဝန်ရှိသူများက နိုဝင်ဘာ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ပြီး တရားမဝင် ဆက်လက်တူးဖော်ခြင်းမပြုရန် အသိပေးထားကြောင်း သိရသည်။

အဆိုပါ ရွှေတူးဖော်တွေ့ရှိရာ နေရာသို့ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ရာ ရွှေတူးဖော် နေသူများကြောင့် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများ ထိခိုက်နိုင်ပြီး သစ်တောဦးစီးဌာန၏ ဓမ္မတာ မျိုးဆက်စိုက်ခင်းကိုလည်း ထိခိုက် ပျက်စီးနိုင်သည့် အခြေအနေများ တွေ့ရှိရသဖြင့် ရွှေတူးဖော်နေသူ များအား တွေ့ဆုံရှင်းလင်းပြောပြပြီး တရားမဝင် ဆက်လက်တူးဖော်ခြင်း မပြုရန်နှင့် စိစစ်တွေ့ရှိပါက သတ္တု တွင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားခြင်းဖြစ်ကြောင်း သိရ သည်။

ကျောက်ဖျာကျေးရွာမှ တာဝန် ရှိသူတစ်ဦးကလည်း ”ရွှေလာတူးတဲ့ သူတွေများလာတော့ ပတ်ဝန်းကျင် ထိခိုက်လာမှာကို စိုးရိမ်ရပါတယ်။ လက်ရှိဆက်သွယ်ရေးကြိုးတွေသွယ် တန်းထားတဲ့အတွက် ဒါတွေ မပျက် စီးအောင် မေတ္တာရပ်ခံထားရတယ်”ဟု ပြောသည်။

ဒေသခံတစ်ဦးကမူ ”ကျေးရွာ လူထုအနေနဲ့ကတော့ ဒေသအတွင်း မှာ အလွယ်တကူ ရွှေတူးဖော်ရရှိ တယ်ဆိုတော့ မိသားစုစားဝတ်နေ ရေးအဆင်ပြေတာပေါ့။ ပြည်သူတွေ ကို စနစ်တကျနဲ့လုပ်ကိုင်ဖို့ အခွင့် အလမ်းပေးရင်တော့ ပိုပြီးအဆင်ပြေ မယ်ထင်ပါတယ်” ဟု ပြောသည်။

ရွှေတူးဖော်တွေ့ရှိသည့် နေရာ သည် သပိတ်ကျင်းမြို့နယ် အုံးဇုံး ကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာ အနီး မန္တလေး-မိုးကုတ် အဝေးပြေး လမ်း မိုင်တိုင်အမှတ် (၇၂/ဝ)နှင့် (၇၃/ဝ)ကြားတွင် ရှိသည်။ တယ်လီ နောကုမ္ပဏီက ဆက်သွယ်ရေး ကေဘယ်လ်ကြိုးမြှုပ်နှံရန် နိုဝင်ဘာ ၁၉ ရက်က လိုင်းကျင်းတူးဖော်ရာမှ ကျောက်ဖျာကျေးရွာ ဒေသခံတစ်ဦး က ရွှေပါရှိသည်ဟု ယူဆရသည့် မြေစာခဲကို စမ်းသပ်ကြည့်ရာမှ အမှန်တကယ် ရွှေပါနေသည်ကို စတင်သိရှိခဲ့ပြီးနောက်တွင် ကျေးရွာ အနီးပတ်ဝန်းကျင်မှ ပြည်သူ ၅ဝ ခန့်က စတင်ရွှေတူးဖော်ခဲ့ ကြောင်း၊ နိုဝင်ဘာ ၂၂ ရက်က ကျောက်ဖျာကျေးရွာသာမက အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူရွာသားများပါ လာရောက် ရွှေတူးဖော်နေသဖြင့် လူ ၃ဝဝ ခန့်အထိ ရှိနေကြောင်း သိရ သည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: