Leave a comment

အစ္စလာမ်အပေါ် မဟုတ်မတရား ၀ါဒဖြန့်မှုကို မွတ်စလင် ကမ္ဘာက ညီညွှတ်စွာ တုန့်ပြန်ရမည်ဟု ပါကစ္စတန်သမ္မတ ပြော

image

နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media
– အစ္စလာမ်၊ မွတ်စလင်တို့နှင့် ပတ်သက်၍ မဟုတ် မတရား ၀ါဒဖြန့်မှုများကို တွန်းလှန်းရန်အတွက် ကမ္ဘာ တစ်ဝှမ်းမှ မွတ်စလင်များမှာ ညီညွတ်စွာ၊ အပြန်အလှန် နားလည်မှုရှိစွာဖြင့် အလုပ်လုပ်သင့်သည်ဟု ပါကစ္စတန် သမ္မတ မန်နွန်ဟူစိန်က ပြောကြားလိုက်သည်။

ကမ္ဘာ့မွတ်စလင်လိဂ် MWL မှ အထွေထွေအတွင်း ရေးမှူး ဒေါက်တာ အဘ်ဒူလာ အလ်-တာကီအား တွေ့ဆုံသည့် ယမန်နေ့ အခမ်းအနားတွင် သမ္မတ ဟူစိန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များ အတွင်း အချို့သော ကိစ္စများတွင် အမြင်မတူမှုများ ရှိနိုင်သော်လည်း တစ်ဦးတစ်ယောက်၏ အမြင်ကို အခြားသူတစ်ဦးက လက်ခံရမည်ဟု သတ်မှတ်မှုကို အစ္စလာမ်က လက်မခံဟု ၎င်းက ဆိုသည်။

ထို့ပြင် ကမ္ဘာ့မွတ်စလင်လိဂ်မှာ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များအကြား သဟဇာတဖြစ်မှုကို ဖန်တီး ပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်နိုင်သည်ဟု ပါကစ္စတန်သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

အကြမ်းဖက်ဝါဒကြောင့် ပါကစ္စတန်နိုင်ငံတွင် ယခုအချိန် အထိ လူပေါင်း ၆၀၀၀၀ မှာ အသက်စွန့်ခဲ့ရပြီး ထိုဝါဒကို တိုက်ဖျက်ရန်အတွက် မိမိတို့မှာ စိတ်အားထက်သန်စွာ အလုပ်လုပ်နေသည်ဟု ဟူစိန်က ဆိုသည်။

ထို့ပြင် အကြမ်းဖက်ဝါဒ အဆုံးသတ်ရေးအတွက် အင်အား သုံးဖြေရှင်းမှုကို လုပ်ဆောင်သကဲ့သို့ အခြားသော နည်း လမ်း များကို ရှာဖွေအသုံးပြုရန်အတွက်လည်း ၎င်းက တိုက် တွန်းခဲ့သည်။ သို့မှသာ ပြည်သူများမှာ အစွန်း ရောက် ၀ါဒအတွင်းသို့ တိမ်းညွှတ်မှုမှ ရပ်တန့်သွားမည်ဟု ဆိုသည်။

မွတ်စလင်နိုင်ငံများအနေဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ အထူးသဖြင့် သိပ္ပံနှင့် နည်းပညာ ကဏ္ဍများတွင် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှသာ မွတ်စလင် ကမ္ဘာတွင် ကြာရှည်ခံသော တိုးတက်မှုနှင့် သာယာဝ ပြောမှုတို့ကို ရရှိနိုင်လိမ့်မည်ဟု ပါကစ္စတန်သမ္မတက မီးမောင်းထိုးပြခဲ့သည်။

ဒေါက်တာ အလ်-တာကီကလည်း မိမိတို့ ကမ္ဘာ့မွတ်စလင် လိဂ်မှာ အစွန်းရောက်ဝါဒ အဆုံးသတ်ရေးနှင့် မွတ်စလင် ကမ္ဘာတွင် အသိပညာနည်းပါးမှုတို့ကို အဆုံးသတ်ရန် အစွမ်းကုန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

Ref: IINA News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: