Leave a comment

ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပြင်ပြီး ဖြန့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ကို ရဲကပြန်ဖမ်း

image

ရွေးကောက်ပွဲမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြီး Facebook လူမှုကွန်ရက်ပေါ်မှာ ဖြန့်ခဲ့တဲ့အတွက် တရားစွဲခံရပြီး အာမ,ခံနဲ့ ပြန်လွတ်နေတဲ့ ဧရာဝတီတိုင်းက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းကို ကန်ကြီးထောင့် ရဲတပ်ဖွဲ့ က ပြန်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဦးသန်းထွန်းကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲ သင့်တယ်… ဆိုပြီး ဆက်သွယ်ရေး၊ သတင်းအချက် အလက်နဲ့ နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းက မှတ်ချက် ပေးခဲ့တဲ့အတွက် ပြန်ဖမ်းလိုက်တာလို့ ကန်ကြီးထောင့် ရဲအရာရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် ဧရာဝတီ သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အောင်နိုင်ရေးခေါင်းဆောင် ဦးသန်းထွန်းဟာ Thu Thu အမည်နဲ့ Facebook အကောင့်မှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာပုံကို အဝတ်အစားမဲ့ ခန္ဓာကိုယ်မှာ ဖြတ်ညှပ်ပြုပြင်ပြီး ညစ်ညစ်ညမ်းညမ်း ရေးထားတဲ့ပုံကို တင်ခဲ့တာပါ။ ဒီကိစ္စအတွက် အခမဲ့ပညာ ဒါနကွန်ရက်က ဦးစည်သူအောင်က တရားလိုလုပ်ပြီး တရားစွဲခဲ့ပေမယ့် ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရဲစခန်းက အာမ,ခံနဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။ အခုအခါ ဦးသန်းထွန်းကို ပုသိမ်ထောင်ကို ပို့လိုက်ပြီး အမှုကိုလည်း တရားရုံးကို လွှဲပြောင်းလိုက်တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: