Leave a comment

ပြည်ပကြွေးမြီ ဒေါ်လာသန်း၉၀၀၀ကျော်ရှိနေဟု ဘဏ္ဏာရေးဝန်ကြီး ရှင်းလင်း

image

DVB
မြန်မာနိုင်ငံရဲ့ပြည်ပကြွေးမြီဟာ၂၀၁၅ခုနစ် ဇွန်လ ကုန်အထိအမေရိကန်ဒေါ်လာ သန်း၉၀၀၀ကျော် ရှိတယ်လို့ ဘဏ္ဏာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
နိုဝင်ဘာလ၃၀ရက်နေ့မှာကျင်းပတဲ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာပြည်တွင်းအခွန်များဦးစီးဌာန ရဲ့ခြောက်လပတ်အခွန်ကောက်ခံရရှိမှုနှိုင်းယှဉ်မှု နဲ့ ပြည်ပကြွေးမီတွေကိစ္စတွေနဲ့ပတ်သက်လို့ ဘဏ္ဏာရေး ၀န်ကြီးကရှင်းလင်းပြောဆိုသွားတာပါပြည်ပနိုင်ငံ တွေ ကနေ ၁၉၈၈မတိုင်ခင်ကရယူခဲ့တဲ့ချေးငွေ အမေရိကန် ဒေါ်လာ သန်း၄၂၆၆သန်း ၁၉၈၈-၈၉ကနေ ၂၀၁၀-၁၁ အထိ စာချုပ်ချုပ်ဆိုချေးယူခဲ့တဲ့ချေးငွေက ၃၃၃၁သန်းနဲ့ ၂၀၁၁-၁၂နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၁၅၀၂ သန်းချေးယူခဲ့တယ်လို့ဆိုပါတယ်။
ဘဏ္ဏာရေးဝန်ကြီးဦးဝင်းရှိန်က ပြည်ပချေးငွေနဲ့ ဆောင်ရွက် တဲ့စီမံကိန်းတွေရဲ့ အကောင်အထည် ဖော်မှုအလိုက်အချိန်ကာလအလိုက်ချေးငွေများထပ်မံထုတ်ယူသုံးစွဲတာတွေ အရင်းပြန်လည်ပေးဆပ်တာတွေ ငွေလဲလှယ်နှုန်းပမာဏပြောင်းလဲတာတွေကြောင့် ပြည်ပကြွေးမြီစာရင်းဟာလည်း အချိန်နဲ့အမျှ ပမာဏ ပြောင်းလဲမှုရှိတယ် လို့ပြောပါတယ် ကမ္ဘာ့နို့င်ငံတိုင်း ဟာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးနဲ့နိုင်ငံ အကျိုး စီးပွားဖြစ်ထွန်းရေး အတွက်ပြည်ပချေးငွေရယူလုပ်ဆောင်ကြတဲ့အကြောင်း မြန်မာနိုင်ငံ အနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး အတွက်ပြည်ပချေးငွေတွေကိုစိစစ်ရယူ တာကြွေးမြီစီ မံခန့်ခွဲမှုတွေကိုစနစ်တကျလုပ်ဆောင်တာတွေဆောင်ရွက်နေကြောင်းနဲ့ပြည်ချေးငွေအများစုဟာတလုံးတခဲတည်းရတာမဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်နဲ့အညီ လုပ်ငန်းအကောင်အထည်ဖော်မှုတွေ အပေါ်မူတည်ပြီး
ချေးငွေထုတ်ယူရရှိသုံးစွဲနေတယ်လို့လည်း ၀န်ကြီး ကပြောသွားပါတယ်။
ယခုအခါ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေမူကြမ်း ကို လည်း ရေးဆွဲပြုစုပြီးပြည်ထောင်စုလွှတ်တော် ကိုတင်ပြ ထားပြီဖြစ်ပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: