Leave a comment

တက်ခ်ျမဟာက ဟိန္ဒို ဂူ ဗိမာန်ဖြစ်ဟု လျှောက် ထား လာခြင်း ကို အစိုးရ ပယ်ချ

image

December 2, 2015

အိန္ဒိယနိုင်ငံ ရှိ တက်ခ်ျ မဟာ ဂူဗိမာန် သည် ဟိန္ဒို ဂူဗိမာန် သာဖြစ် သည် ဟု ရှေ့နေ အဖွဲ့ တစ်ဖွဲ့က အဆိုတင် လာခြင်းကို အစိုးရက ပယ်ချ သည်။

တက်ခ်ျမဟာ အား ဟိန္ဒိုဂူ ဗိမာန်အဖြစ် အတည်ပြုနိုင် လောက်အောင် မည်သည့် အထောက်အ ထားမှ မတွေ့ရှိ ရကြောင်း ယဉ်ကျေးမှု ၀န်ကြီး ရှာမာက ပြောသည်။

တက်ခ်ျမဟာ ဂူဗိမာန်ကို ဟိန္ဒိုပိုင် အဖြစ် လက်လွှဲပေး သင့်ကြောင်း ပြီးခဲ့သည့်နှစ်က တရားရုံးတစ်ရုံးသို့ အဂရာမြို့ ရှိ ရှေ့နေများ အဖွဲ့က လျှောက်ထား ခဲ့ကြ ခြင်းဖြစ်သည်။

၁၇ ရာစုအတွင်းက မွတ်စလင်ဘုရင် Shah Jahan သည် မိဖုရားဖြစ်သူ ကွယ်လွန်ခဲ့သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ခ်ျမဟာဂူဗိမာန်ကို တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ တက်ခ်ျမဟာသို့ လာရောက် လည်ပတ်သူ ခရီးသွားဧည့်သည်ပေါင်းသည် နေ့စဉ် ၁၂၀၀၀ နီးပါးရှိသည်။

တက်ခ်ျမဟာသည် ဟိန္ဒိုနတ်ဘုရား သျှီဝကို ရည်စူးကာ တည်ဆောက်ထားသည့် ဗိမာန်ဖြစ်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများရှိသည်ဟု ခြောက်ဦးပါ ရှေ့နေအဖွဲ့က တရားရုံးတွင် လျှောက်ထားပြီး ဟိန္ဒို ဂူဘုရားကျောင်း အဖြစ် ကြေညာပေးရန် တိုက်တွန်း ထားခဲ့ခြင်းဖြစ်သည်။

တက်ခ်ျမဟာဂူဗိမာန်ကို ၁၆၅၃ ခုနှစ်တွင် ဘုရင် Shah Jahan က အပြီးသတ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ တတိယမြောက် ကြင်ယာတော် Mumtaz Mahal က ၎င်းတို့၏ ၁၄ ဦးမြောက် ရင်သွေးတော်အား မွေးဖွားပေးပြီး ကွယ်လွန်ခဲ့ရာမှ တက်ခ်ျမဟာဂူဗိမာန်အား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

– See more at: http://mizzimaburmese.com/article/8004#sthash.qNByrTde.vM76QopL.dpuf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: