Leave a comment

အလ္လာဟ်ရှိမရှိ​ မွတ်​စလင်​ပညာရှင်​နဲ့ ဘာသာခြား တို့၏ စကားရည်​ လုပွဲ

image

၁ ရက်သော အခါ မွတ်ဆလင်မ် နာမည်ကျော် ဆရာကြီး ၁ ယောက်ကို အလ္လာဟ်ရှင်မြတ် ရှိမရှိ ( Debate ) ဆွေးနွေးပွဲလုပ်ဖို့ ဘာသာခြား ဆရာကြီးကနေ စိန်ခေါ်မှု ၁ ရပ်ကို ပြုလုပ်လိုက်ပါတယ်။ မွတ်ဆလင်မ် ဆရာကြီး ကလဲ လက်ခံလိုက်တော့ အချိန် ၁ ခုကို သတ်မှတ်လိုက် ကြပြီး ချိန်းဆိုမှုပြုလုပ်လိုက်ပါတယ်။

ထိုဆွေးနွေးပွဲကို တိုင်းပြည်ထဲက မွတ်ဆလင်မ်တွေ ဘာသာခြားတွေ တော်တော်များများဟာ ထိုနေ့မှာ အစောကြီးထဲက နေရာယူထားကြတာပေါ့။ အချိန်မ တိုင်ခင် ဆရာကြီးဟာ ရောက်လာပါပြီ။ မွတ်ဆလင်မ် ဆရာကြီးကတော့ ရောက်မလာသေးပါဘူး။ စောင့်ရင်းနဲ့ သတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ပြီး ညမိုးချုပ်လာတော့ ဘာသာခြား ဆရာကြီးကနေ မင်းတို့ မွတ်ဆလင်မ် ဆရာကြီးကတော့ ငါနဲ့ဆွေးနွေးရမှာ ကြောက်လန့်ပြီး မလာတော့ဘူး မင်းတို့ အစ္စလာမ်ဘာသာဟာ မှားယွင်း နေမှန်းသိလို့ ငါနဲ့ ဆွေးနွေးဖို့ မလာရဲတာပဲဆိုပြီး ကြွေးကြော်နေတော့တာပေါ့။ အချိန်အနည်းငယ်ကြာ မှောင်သွားတဲ့ အချိန်ကြမှ မွတ်ဆလင်မ်တွေ ကနေ ဆရာသခင်ကြီး ကြွရောက်လာပြီဆိုပြီး သြဘာပေး ကြပါတယ်။ ထိုအချိန်မှာ မွတ်ဆလင်မ် ဆရာကြီးဟာ ရေးကြီး သုတ်ပြာ ပုံစံနဲ့ ၀င်လာပြီး ဘာသာခြား ဆရာကြီးကို တောင်းပန်စကားဆိုရင်းနဲ့ ကျနော်ဟာ လမ်းခရီးမှာ အလွန်အင်မတန် အံ့သြစရာ အဖြစ်အပျက်နဲ့ ကြုံပြီး နောက်ကြသွားတဲ့ အတွက် ခွင့်လွှတ်ပါလို့ ပြောတာပေါ့။ ဘာသာခြား ဆရာကြီးဟာ စိတ်ဝင်စားပြီး ဘာတွေများ ထူဆန်းတာ ကြုံလို့ ခုလို နောက်ကြ သွားရတာလဲ ကျုပ်နဲ့ ဆွေးနွေးရမှာ ကြောက်ပြီး မလာရဲတာ မဟုတ်လားလို့ မဲ့ရွဲ့ပြီးမေးတာပေါ့။

မွတ်ဆလင်မ် ဆရာကြီး ။ ကျနော်ဟာ ခင်ဗျားနဲ့ ဆွေးနွေးဖို့ လာနေရင်းနဲ့ လမ်းခရီးမှာ ပင်လယ် ၁ ခု ကကြားခံနေတာနဲ့ လှေ လာမလားလို့ စောင့်ကြည့် နေပါတယ်။ နေသာ ၀င်သွားတယ် လှေ ဟာ မလာ မလာနဲ့ ကျုပ်မှာ ခင်ဗျားနဲ့ ချိန်းထားတာကို နောက် ကြသွားမှာ သတိရပြီး စိုးရိမ်စိတ်တွေ ၀င်လာတာပေါ့ဗျာ။ အနီးအနားကို ကြည့်တော့လဲ လှေ ၁ စီးမှာ မတွေ့ရဘူး ။ တော်ကြာခင်ဗျားကနေ ကျုပ်ကြောက်ပြီးပြေးသွားပြီဆိုပြီး အတွေးဝင်သွားမှာကို စိုးရိမ်တာပါ။ ကျနော်ဟာ လှေမလာလို့ ကြည့်နေရင်းမှာ ပျဉ်ပြားတွေဟာ သူ့ အလိုလို ပင်လယ်ပြင်ရှိရာကို ရွေ့လာပါတယ်။ ပြီးတော့ သံတွေဟာ သူ့အလိုလို ပျဉ်ပြားတွေပေါ်မှာ တူနဲ့ ထုတဲ့ လက်သမားမရှိပဲ စိုက်ဝင်ကုန်ပါတယ်။ တဖြည်းဖြည်းနဲ့ ပျဉ်ပြားတွေနဲ့ သံတွေဟာ သူ့အလိုလို အစီအစဉ်တကြ လှေ ၁ စီးဖြစ်လာအောင် ပုံဖော် နေတာကို တွေ့လိုက် တယ်။ ကျနော်ဟာ အလွန်အံသြပြီး ” ယာ အလ္လာဟ် ” ဒါတွေဟာ ဘာတွေများလဲလို့ ရေရွတ်ပြီး ကြည့်နေ တာပေါ့။ လှေဟာ အလုံးစုံ သူ့အလိုလို တည် ဆောက်ပြီးစီးသွားတော့ ကျနော် ရှိရာကို လှေလှော်တဲ့ လှော်တက်မပါ လှေလှော်တဲ့ သူမပါပဲ သူ့အလိုလို ရွေ့ပြီး ကျနော်ကို တင်ဆောင်ပြီး ဒီဘက်ကမ်းကို လိုက်ပို့ ပါတယ်။ အဲ့ဒီလိုနဲ့ ကျနော်ဟာ ဒီဘက်ကမ်းကို ရောက်လာတော့ အချိန် နောက်ကြသွားတာပါ။

ဘာသာခြား ဆရာကြီး ။ သူဟာ ဟက်ဟက်ပက်ပက် ရယ်မော၍ တော်တော် နောက်တဲ့သူ ခင်ဗျားကို ကျနော်က လူတော် ၁ ယောက်ဆိုပြီး အထင်တွေ ကြီးထားတာ ခင်ဗျားပြောတဲ့ ပျဉ်ပြားတွေ သံချောင်း တွေဟာ ဆောက်လုပ်သူ မရှိပဲ ဖြစ်လာပြီး လှေလှော်တဲ့ သူမပါပဲ ခင်ဗျားကို ဒီဘက်ကမ်း လိုက်ပို့တယ်ပေါ့လေ။ ခင်ဗျား နားလည်ထားရမှာက တည်ဆောက်သူ မရှိပဲ လှေ ၁ စီးဟာ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။ ခင်ဗျားလို ဦးနှောက်မကောင်းတဲ့ သူနဲ့ ကျုပ် မဆွေးနွေးတော့ဘူး။ ပြန်တော့မယ်ဆိုပြီး ထဖို့လုပ်တော့။

မွတ်ဆလင်မ် ဆရာကြီး ကနေ။ လှေ ၁ စီးကို ဆောက် လုပ်သူ မရှိပဲ လှေ ၁ စီးဖြစ်မလာနိုင်ဘူးဆိုရင် ဒီစကြာ ၀ဠာ ကြီးထဲက ကြယ်တွေ – လမင်းနဲ့ နေမင်းကြီး – ကမ္ဘာလောကကြီး – သစ်ပင်တွေ တိရိစ္ဆာန်တွေ လူတွေ —- အဲ့တာတွေဟာ တည်ဆောက်သူ မရှိပဲ သူအလိုလို ဖြစ်လာတယ်လို့ ခင်ဗျားပြောတယ်ဆိုရင် ခင်ဗျားဟာ ရူးပြီး ဦးနှောက်မကောင်းတဲ့လူပါပဲ။ ကျနော်ဟာ ခင်ဗျားလို ဦးနှောက်မကောင်းတဲ့ အရူး ၁ ယောက်နဲ့ ဆွေးနွေးပွဲ မလုပ်နိုင်ဘူး ကျနော်ပြန်ပြီလို့ ပြောကာ ထထွက်သွားပါတော့တယ်။

ဘာသာခြား ဆရာကြီးဟာ ဘာမှ ပြန်မပြောနိုင်ပဲ ပါးစပ် ဟ ပြီး တွေးတောကာ ကျန်ရစ်ခဲ့ပါတော့တယ်။

ထိုမွတ်ဆလင်မ် ဆရာကြီးဟာ ၁ ခြားသူတော့ မဟုတ် ပါဘူး အဘူ ဟနီဖာ ( ရဟ်မသွလ္လာဟ်) သခင်ကြီးပါပဲ။

(စအီးဒ်ခါးန်း)

                                                                          

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: