Credit- ဒေါက်တာ ဒေါ်ထူးထိုက်ထိုက်လင်း
ပန်းနာရင်ကြပ်ရောဂါခံစားရသူပေါင်းပာာ ကမ္ဘာပေါ်မှာ သန်း၃၀၀ကျော်လောက်ရှိနေပါတယ်။ထို ဝေဒနာရှင်တွေ ပာာ ရောဂါခံစားရပြီဆိုပါကပြင်းထန်စွာခံစားရပြီးအချိန်မီ ဆေးမှီဝဲခြင်းမရှိပါက ရုတ်တရက်အသက်ဆုံးရှုံးတဲ့အထိ
ဖြစ်တတ်ပါတယ်။
ဘယ်သူတွေမှာဖြစ်သလဲ။
အသက်အရွယ်မရွေးဖြစ်တာပါ။အများစုကတော့ငယ်စဉ်ကတည်းကဖြစ်တာများပါတယ်။ဓာတ်မတည့်မူ လွန်ကဲသူ တွေ မှာပိုလို့ တောင်ဖြစ်နိုင်ပါတယ်။
သာမန်လူတွေရဲ့ အဆုတ်မှာလေပြွန်တွေပာာဖုန် အနံ အသက်ဆိုး အအေးဒဏ်စတာတွေ နှင့်ကြုံတွေရပါက အနည်းငယ် မွန်တာ ကျပ်တာလောက်ပဲရှိတာပါ
ပန်းနာရောဂါ ရှိပြီဆိုရင်တော့အဲ့ဒီလိုမပာုတ်တော့ ပါဘူး။Airway Hyperreactivity လို့ ခေါ်တဲ့ လေပြွန်တွေရဲ့ တုန့် ပြန်မူပာာသာမာန်လူတွေနဲ့ မတူဘဲ မြန်လွန်းတာကြောင့် ချက်ချင်း ကျုံ့  ပြီးသာမာန် လူတွေလို ချက်ချင်းပြန်မချဲ့ နိုင်တော့ နောက် အဆုတ်ထဲမှာအကျိအချွဲတွေထွက်လာပြီး လေပြွန်တွေ ကြာရှည်စွာရောင်ရမ်းပြီး အသက်ရှု ကြပ်တာဖြစ်လာ တာပါ။နာတာရှည်ဖြစ်လာပြီဆိုလျှင်တော့လေပြွန်လေးတွေပာာအမြန် ကျုံ့ လွယ်ပြီးပြန်ကျယ်ဖို့ကျ ပိုပိုအချိန် ကြာလာပါတယ်။
မောခြင်း /အသက်ရှုကြပ်ခြင်း/အသက်ရှုသံများတရွီရွီ မည်ခြင်းi/ချောင်းဆိုခြင်းဆိုတာတွေက ပန်းနာရင်ကြပ်နဲ့ အမြဲတူတူတွဲနေကြလက္ခဏာတွေပါပဲ။
ထိုလက္ခဏာတွေပာာ မနက်ခင်းမိုးလင်းချိန်မှာ အဆိုးဆုံး နဲ့ မခံနိုင်ဆုံးပါ။
အရမ်းအေးတဲ့အခါမျိုးတွေ/ အမှုန်အမွှားတွေအခိုးအငွေ့ တွေ အနံအသက် ဆိုးဆိုးတွေကိုရှုမိတဲ့အခါမျိုးတွေ ဆိုရင်လည်းအထက်မှာဖော်ပြထားသလိုပါပဲ
ပုံမှန်လူတွေက ခနနဲ့ ပြန်ကောင်းနိုင်ပေမယ့် ပန်းနာ ရင်ကြပ်သမားရဲ့ လေပြွန်လေးတွေက ကျုံရာက နေတော်တော်နဲပြန်ကျယ်မလာတော့ဘဲ အသက် အန္တရာယ်အထိဖြစ်နိုင်ပါတယ်။့ 
ပန်းနာရင်ကြပ်ရဲ့ လက္ခဏာအရ မနက်မှာ အဆိုးဆုံးဖြစ် ပေမယ့် သေချာ မထိန်းနိုင်ဘူးဆိုရင်တော့ Nocturnal Asthmaလို့ ခေါ်တဲ့ ညဘက် ပန်းနာ ထိပါဖြစ်ပြီး အထိပါ ခံစားလာရနိုင်ပါတယ်။ သေချာစွာမကုသပါက့်နောက်ဆက်တွဲ ဆိုးကျိုးကတော့လေပြွန်လေးတွေရဲ့ နံရံပာာ fibrosis(ဖိုက်ပရိုစစ်) ဝင်လာတယ်။ fibrosis ဆိုတာ နားလည်အောင်ပြောရ ရင် တော့ အမာရွတ်ဖြစ်ပီး တောင့်တင်းလာတာပါ။တဖြည်းဖြည်းနဲ့
လေပြွန်တွေပာာ ပြန်ချဲ့ နိုင်စွမ်းတောင် မရှိတော့ပါဘူး ဆေးပေးလည်း မချဲ့နိုင်တော့တဲ့အထိဖြစ်သွားနိုင်ပါ တယ်။အဆိုးဆုံးအဆင့်ပါပဲ။
ပန်းနာရင်ကြပ်သမားတွေပာာ ရှုဆေးဗူးတွေ ဆောင် ထားတော့ ရှု ပြီးတာနဲ့  သက်သာသည် ဆိုသော်လည်း မိမိဆရာဝန်နှင့် ပုံမှန် ဆွေးနွေးပြသ သင့်ပါသေး သည်၊၊
ဘာလို့ လည်းဆိုတော့မိမိရဲ့ ပန်းနာရင်ကြပ်အဆင့်ဘယ် လောက်လည်းဆိုတာသိဖို့ နဲ့  အထက်မှာဖော်ပြသလို ပန်းနာရင်ကြပ် အဆိုးအဆင့်မရောက်အောင် မိမိဖြစ် နေတဲ့ ရောဂါအခြေအနေအရ ဘာဆေး ထပ်မှီဝဲရမလဲ ဆွေးနွေးပါ ဒါမှ မိမိလေပြွန်တွေ ပိုကျန်းမာမှာပါ။
စောစောစီးစီးအဆိုးဆုံးအဆင့်မရောက်မှာပါ။
နောက်တစ်ချက်ကတော့ ပန်းနာရောဂါဝေဒနာရှင် တွေပာာ ဆေးတိုင်းကိုလက်လွတ်စပယ်မသောက် သုံးသင့်ပါဘူး။
အလွယ်ဆုံး ဝယ်သောက်ကြတာကတော့ အကိုက်အခဲ ပျောက်ဆေးတွေပါ အကိုက်အခဲပျောက်ဆေး (ဥပမာ-Aspirin အက်စပရင်)လိုဆေးမျိုးတွေ/ Beta ကို ပိတ်တဲ့ ဆေးမျိုးတွေ(ဥပမာ-ပရိုပနိုလော propanolol) /သန္ဓေ်တားဆေးစတာတွေပာာ ရောဂါပိုဆိုးစေပါတယ်။အရေးပေါ် အသက်အန္တရာယ်ထိ တောင်ရှိပါတယ်။ဒါ့ကြောင့်ဆေးများကိုလက်လွတ်စပယ်မသောက်သုံးပါနှင့်။မိမိဆရာဝန်နှင့်တိုင်ပင်ပါ။
ပြီးတော့ ကွမ်းစားတဲ့လူတွေပါ ကွမ်းသီးမှာပါတဲ့ acerolin ဆိုတဲ့ ဓာတ်ပာာ ပန်းနာ ရင်ကျပ်ကို တော် တော်ဆိုးရွားစေလို့ ဝေဒနာရှင်တွေအနေနဲ့ ရှောင်ရှားရ ပါမယ်မစားသုံးသင့်ပါဘူး
အိမ်မွေး တိရိစ္ဆာန်တွေရဲ့ အမွှေးအမျှင်တွေကလည်း ပန်းနာရောဂါကို ပိုပြီးဆိုးရွားတဲ့အဆင့်ရောက် စေပါ တယ်ဒါ့ကြောင့်မမွှေးသင့်ပါဘူး
လုပ်ငန်းခွင်ကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ ဆိုတာလည်းရှိပါတယ်
ဒါကတော့ လုပ်ငန်းခွင်မှာလွှစာမှု န့်တွေ အမြဲရှု နေရတာမျိုးတွေ/မြေဖြူမှုန့် ရှု ရတာမျိုးတွေ ကြောင့်ဖြစ်ရတာပါ။ အဲ့လုပ်ငန်းခွင် ကိုမလုပ်မဖြစ် ကိုလုပ်နေရမယ်ဆိုရင်တော့ ထိုအမှုန့် တွေမဝင် အောင်မိမိကိုယ်ကိုအတတ်နိုင်ဆုံိးု ကာကွယ်ပါ။
ဆေးလိပ်ကတော့လုံးဝကိုသောက်လို့ မရပါဘူး။ သူများသောက်နေရင်လည်းမရှုရှိုက်မိအောင်ဂရုပြုရပါလိမ့်မယ်။ခြင်ဆေးများထွန်းခြင်းကိုလည်းရှောင်ကြဉ်သင့်ပါတယ်။
အလွန်အေးတဲ့အခါမှာ နွေးနွေးထွေးထွေးဖြစ်အောင် နေပါ။အေးသောအခါ တွင် လေပြွန်လေးများ ကျုံလာကာ ရောဂါပိုဆိုးစေတတ်သည်။
ဗိုင်းရပ်ပိုးတွေ ဘက်တီးရီးယားပိုးတွေ အဆုတ်ကို ဝင်ရင် လည်း ပန်းနာရင်ကျပ် ပိုမိုဆိုးရွားနိုင်ပါသေးတယ်။
အရေးပေါ်ရှုဆေးများကို ကိုယ်နဲ့ မကွာအမြဲဆောင် ထားပါ။တခုသတိပေးချင်ပါတယ်။ အရေးပေါ် ရှုဆေး များပာာဘူးပုံစံတူတိုင်း တစ်မျိုးတည်း မထင်ပါနှင့်
ဆရာဝန်အကြံပေးထားသည့် မိမိရောဂါအဆင့်နှင့် အကိုက်ညီဆုံးရှုဆေးကိုဆောင်ထား ရမည် ။ရောဂါ အဆင့်နှင့်မကိုက်ညီဘဲ ပျော့လွန်းပျင်းလွန်းဖြစ်နေပါက အရေးပေါ်အခြေအနေတွင် မသက်သာခြင်းများဖြစ်နိုင် သောကြောင့်ဖြစ်ပါသည်။
ပန်းနာရင်ကြပ် ဖြစ်စေတဲ့ အကြောင်းအရင်း အချက် နှစ်ချက်ကြောင့်လို့ သတ်မှတ်ထားပါတယ် ပြင်ပလှုံဆော်မူ ကြောင့်၉၀%နဲ့  ကိုယ်တွင်းခုခံအားကြောင့် ၁၀%ပါ။ပြင်ပလှုံဆော်မူဆိုတာ အထက်မှာဖော်ပြခဲ့တဲ့ အအေးဒဏ် /ဆေး/ ဖုန်မှု န့်စတဲ့ အချက်တွေပါပဲ။ ဒါ့ကြောင့် ထို အချက်တွေကို ရှောင်ရှားပေးဖို့ ရာက အရေးကြီးဆုံးဖြစ်ပါတယ်။ မရှောင်ရှားနိုင်လို့ ဝေဒနာပိုဆိုးပြီးခံစားရိပြီဆိုပါကလည်း နားလည် တတ်ကျွမ်းသူနှင့်အမြန်ဆုံးတိုင်ပင်ရန်လိုအပ်ပါသည်။
Credit- ဒေါက်တာ ဒေါ်ထူးထိုက်ထိုက်လင်း
(လင်းရောင်ခြည် အထူးကုဆေးခန်းနှင့် ရောဂါ ရှာဖွေရေးစင်တာ)
Ref:Davidson’s Principle and Practice of MedicineNational Heart lung and Blood institute(U.S )
လင်းရောင်ခြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေ ရေးစင်တာအမှတ် (၅၁၂) အောက်ကြည့်မြင်တိုင်လမ်း၊ အနောက်ပိုင်းဆေးရုံရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်၊၊
ဖုန်း၊၊ ၀၁-၂၂၀၃၉၆၊ ၂၁၈၃၇၆၊ ၀၉-၃၃၈၈၆၉၇၅
လင်းရောင်ခြည် Facebook Page အား လင်းရောင်ခြည်အထူးကုဆေးခန်း
နှင့်ရောဂါ ရှာဖွေရေး စင်တာ မှ အများပြည်သူ များ ကျန်းမာရေး ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဦးစီး စီစဉ် ဖော်ပြပေး ခြင်းဖြစ်ပြီး Page အား
LIKE ပြုလုပ်ထားခြင်းဖြင့် အပတ်စဉ် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များအား ဖတ်ရှု လေ့လာနိုင်ပါသည်၊၊