Leave a comment

ချစ်သူက မိမိအတွက် ခင်ပွန်းကောင်းဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို သုံးသပ်ဖို့ အတွက်

image

တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်နေကြတဲ့ အချိန်မှာတော့ ဘဝမှာ ကိုယ့်ချစ်သူသာ ကိုယ့်အတွက် အလိုအပ်ဆုံးပဲလို့ ထင်တတ်ကြပါတယ်။ ချစ်တော့လည်း အပြစ်ဆိုတာ မမြင်တတ်ကြတော့တာမျိုးပေါ့။ သို့ပေမယ့်လည်း ချစ်တာတစ်ခုတည်းနဲ့ တစ်ဘဝလုံး လက်တွဲဖို့ဆိုတာလည်း မဖြစ်နိုင်ပြန်ပါဘူး။ ဘာမှမစဉ်းစားဘဲ တစ်ဘဝလုံးစာ မျက်စိစုံမှိတ်ယုံ လိုက်မယ်ဆို နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးပါ။

ဒါကြောင့် ဂန္ထဝင်ရဲ့ အမျိုးသမီး ပရိသတ်တို့ သတိပြုဆင်ခြင်နိုင်ဖို့ မိမိချစ်သူရဲ့ အပြုအမူ စရိုက်လေးတွေ ကြည့်ပြီး သူနောင်တစ်ချိန်မှာ ဘယ်လို လူမျိုးဖြစ်လာမလဲဆိုတာ အကဲခတ်လို့ရအောင် တင်ဆက်ပေး လိုက်ပါတယ်။

၁။ လူတွေကို သူဆက်ဆံတဲ့ ပုံစံ။

သူဟာ လူကြီးသူမတွေကို ရိုရိုသေသေ ဆက်ဆံတတ် တဲ့သူမျိုးဆို လိမ္မာရေးခြား ရှိပြီး မေတ္တာတရား ကြီးမားသူ တစ်ယောက်ဖြစ်ပါတယ်။

အကယ်၍ သူက မိန်းကလေး ငယ်ငယ်လေးတွေဆို မျက်နှာသာပေးတတ်ပြီး အခြားသူတွေကို လျစ်လျူရှု တတ်တဲ့ သူမျိုးဆို သူဟာ သူ့စိတ်ပျော်ရွှင်ရာကိုသာ ရှေးရှုတတ်တဲ့ အတ္တကြီးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေအပြင် တိရိစ္ဆာန် လေးတွေကိုပါ သနား ကြင်နာတတ်သူဆိုရင်တော့ သူဟာ မိသားစုအပေါ်သိပ်ကို သံယောဇဉ်ရှိမယ့် တွယ်တာတတ်မယ့် သူမျိုး ဖြစ်ပါတယ်။

၂။ သူ့အလုပ်တွေကို စီမံလုပ်ဆောင်နေတဲ့ ပုံစံ။

အလုပ်အရမ်းကြိုးစားပြီး အောင်မြင်နေတဲ့ ယောက်ျား တစ်ယောက်ကို ပိုင်ဆိုင်ရတော့မယ်ဆို ငွေကြေးနဲ့ ပတ်သက်ပြီးတော့ ပူပင်စရာ မရှိနိုင်ပါဘူး။ သို့ပေမယ့် တချို့တွေက အလုပ်အပေါ် အရမ်းသစ္စာရှိပြီး အလုပ်ကို စိတ်အားထက်သန်စွာ ကြိုးစားတတ်တာ ကြောင့် ဘာနဲ့ပဲ ယှဉ်ယှဉ် အလုပ်က နံပတ်တစ် ဖြစ်နေပါလိမ့်မယ်။ တစ်ခါတစ်လေ သင့်ကိုတောင် လျစ်လျူရှုပြီး အလုပ်တွေ ပဲ အာရုံစိုက်နေတတ်ပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံ။

လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ဟာ သူစိတ်အရမ်း ရှုပ်ထွေးနေတဲ့အချိန်တွေမှာ ပေါ်လာတတ်တယ်။ အလုပ်မှာပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် အဆင်မပြေတာ မျိုးကြုံနေချိန်မှာ စိတ်အေးအေးနဲ့ ဖြေရှင်းသွားလား။ ဒါမှမဟုတ် အလွန်အမင်း စိတ်ပူနေတတ်ပြီး ဖြစ်လာတဲ့ အခြေအနေကို တစ်ခြားသူအပေါ် အပြစ်ပုံချတတ်လား ဆိုတာ ကြည့်ပါ။ သူဟာ ဖြစ်လာတဲ့ပြဿနာ ကို ခေါင်းရှောင်တတ်သူ အပြစ်ပုံချတတ်သူ တစ်ယောက် သာဖြစ်နေမယ်ဆို သင်နဲ့ ဖြတ်သန်းမယ့် အနာဂတ်မှာလည်း သူ့ကို စိတ်ချယုံကြည်ဖို့ မဖြစ်နိုင်သေးပါဘူး။

၎။ ကိုယ့်ကို ဘေးကနေ ကူညီပံ့ပိုးပေးတဲ့ ပုံစံ။

ကိုယ်ပြောတဲ့ စကားတွေကို တကယ်စိတ်ဝင်တစား နားထောင်ရဲ့လား၊ ကိုယ့်စိတ်ဝင်စားမှုတွေကိုရော အတူတကွ ဆွေးနွေးနိုင်ရဲ့လား ဆိုတဲ့အချက်က သိပ်ကိုအရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ဘဲ သင့်ချစ်သူက သင့်ကို အရမ်းလွှမ်းမိုးချုပ်ကိုင် ချင်တာမျိုး၊ သင့်မျှော်လင့် ချက်၊ အိမ်မက်တွေကို မလေးမစား လုပ်တာမျိုး ဆိုရင်တော့ ဘဝတစ်လျှောက်လုံး လက်တွဲဖို့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့ အရှိအတိုင်းလက်ခံနိုင်လား ဆိုတာပါပဲ။ ကိုယ့်ရဲ့အားနည်းချက်တွေကို ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်ပါတယ်။ သူကသာ အရာအားလုံး နားလည်လက်ခံပေးနိုင်တယ် ဆိုရင်တော့ တစ်ဘဝလုံ လက်တွဲဖို့ စဉ်းစားနေစရာကို မလိုတော့ ပါဘူး။

၅။ ကိုယ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပုံစံ။

သင်တို့နှစ်ယောက် စတင်ဆုံတွေ့ဖြစ်ခဲ့ပုံလေးကို ပြန်တွေးကြည့်လိုက်ပါ။ သူက သင့်ကို စတင်စွဲလမ်း မြတ်နိုးခဲ့သူဆိုရင်တော့ တစ်သက်လုံးသင့်ကို အနစ်နာခံ ချစ်မြတ်နိုးသွားမယ့်သူပါ။

(၂၁) ရာစုမှာမို့ သင်တို့နှစ်ယောက် ဖူးစာက အင်တာနက်မှာ စခဲ့တာဆိုရင်တော့ ချက်ချင်းဘဝတစ်ခုလုံးစာ ရည်ရွယ် ဆုံးဖြတ်လို့ မရသေးပါဘူး။ တစ်ဘဝလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ ဘာကိုမှ အလျှင်စလို မဆုံးဖြတ်တာ အကောင်းဆုံး ဖြစ်မှာပါ။

ဒါကြောင့် မိမိချစ်သူဟာ ကိုယ့်အတွက် တစ်ယောက်တည်းသောသူဆိုတာ ချက်ချင်းမမှတ်ယူသေးခင် သူသက်သေပြလာတဲ့အထိ စောင့်လိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

Credit :gandawin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: