Leave a comment

အစ္စရေးဘက်က တောင်းဆိုမှု Google မလိုက်လျောနိုင်

image

ဒီဇင်ဘာ ၁။

မကြာသေးခင်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်ခိုက်မှုကို လှုံဆော် စေမယ့် You Tube ဗီဒီယိုတွေကို စောင့်ကြည့်ဖို့ အစ္စရေးအစိုးရနဲ့ အင်တာနက် ၀န်ဆောင်မှု Google ကုမ္ပဏီတို့အကြား သဘောတူညီချက်ရ ရှိခဲ့တယ် ဆိုတာကို Google ဘက်က ငြင်းဆိုလိုက်ပါတယ်။

ဂူဂဲလ်အမှုဆောင်နဲ့ အစ္စရေးလက်ထောက်နိုင်ငံခြား ရေးဝန်ကြီးတို့ တွေ့ဆုံပြီး ပါလက်စတိုင်းတွေကို ညှင်းပန်းနှိပ်စက်တဲ့ ဗီဒီယိုဖိုင်တွေကို ဂူဂဲလ်ပိုင် ယူ ကျူ့မှာ လွှင့်တင်လာပါက အစ္စရေးကို တိုက် ခိုက် လာစေရေး တွန်းအားပေးတဲ့ဗီဒီယိုအဖြစ် စောင့် ကြည့် ပိတ်ပင်သွားဖို့ သဘောတူညီခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ တာဖြစ်ပါတယ်။

ဒါပေမယ့် ဂူဂဲလ်ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂူဂဲလ်က ပြည်သူ့ရေး ရာပေါ်လစီ ညှိုနှိုင်းရေးမှူး၊ ယူကျူ့အမှုဆောင်အရာ ရှိတို့နဲ့ တွေဆုံပွဲမှာ ဂူဂဲလ်က အငြင်းပွားဖွယ်ရာ အကြောင်းအရာတွေ၊ ပယ်ဖျက်မှုတွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ပေါ်လစီတွေကို တခြားနိုင်ငံက မူဝါရေးရာ အာဏာပိုင်တွေကို ရှင်းပြတဲ့အတိုင်း ရှင်းလင်းပြော ကြားခဲ့တာဖြစ်တယ်လို့ ဂူဂဲလ်ကုမ္ပဏီပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

“အစ္စရေးနိုင်ငံခြားရေး ၀န်ကြီးဌာနက မူရင်းကြေညာ ချက်မှာ ဂူဂဲလ်နဲ့ပေါင်းပြီး စောင့်ကြည့်ရေးအဖွဲ့ကို ထူထောင်မယ်ဆိုတဲ့ အချက်အလက်အမှားကြီးကို နောက်ပိုင်းမှာ ပြန်ပြင်လိုက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ အီမန် နျူယယ်နာရွှန်ကတော့ သူတို့ ဝဘ်ဆိုက်ဒ်မှာ ကြေညာ ချက်ကို ပြန်ပြင်လိုက်တာကို အတည်ပြုပြောကြားပေမယ့် ဂူဂဲလ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးအတွက် အလွန် အမင်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြား ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကတည်းက အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြားဖြစ်ပွားခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၀၁ ဦး သေဆုံးပြီး အစ္စရေး ၁၇ ဦးသေဆုံးခဲ့ပါတယ်။

အစ္စရေးအစိုးရကတော့ ဒီတိုက်ခိုက်မှုတွေဟာ အွန်လိုင်းပေါ်က လှုံ့ဆော်မှုကြောင့်ဖြစ်ရတာလို့ မကြာခဏထောက်ပြပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကလည်း ဂူဂဲလ်၊ ဖေ့စ်ဘုတ်နဲ့ တွစ်တာ တွေကို အဆိုပါ လှုံ့ဆော်ရေး ဗီဒီယိုနဲ့ အကြောင်းအရောတွေကို စောင့်ကြည့်ပြီး ဖြုတ်ချပေးဖို့ တောင်းဆိုထားတာပါ။

အင်တာနက်ကုမ္ပဏီတွေကတော့ အွန်လိုင်းလှုံ့ဆော်မှုနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ပေါ်လစီက လုံလောက်မှုရှိတယ်လို့ ခုခံပြောဆိုပြီး အဲဒီအထဲမှာ နိုင်ငံရေးလှုံ့ဆော်မှုတော့ မပါဝင်ဘူးလို့ဆိုပါတယ်။

Ref : AFP
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: